ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 15, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
**၁၂ရက်ကြာမျှ ပိတ်ထားခဲ့ရသောလေဘာတီ ရုပ်တုကြီးပြန်လည်ဖွင့်လှစ်** 
(နယူးယောက် အောက်တိုဘာ ၁၄)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ လေဘာ တီရုပ်တုကြီးကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အမေရိကန်အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ် ခွဲဝေ ချထားမှုများကို ကွန်ဂရက်လွှတ်တော်က အတည်ပြုနိုင်ခြင်း မရှိသဖြင့် အစိုးရရုံးဌာနအများအပြားကို ပိတ်ထားခဲ့ရသည်။ အကျိုးဆက်တစ်ရပ်အနေဖြင့် လေဘာတီရုပ်တုကို ၁၂ရက် ကြာမျှ ပိတ်ထားခဲ့သည်။ နယူးယောက်အုပ်ချုပ်ရေးမှူး အင်ဒရူးကျူအိုမိုနှင့် ပြည်နယ်လွှတ်တော်တို့၏ သဘောတူညီချက်အရ လေဘာ တီရုပ်တု ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ငန်းလည်ပတ် စရိတ်ကို ခွင့်ပြုချက်ရရှိခဲ့သည်။ လေဘာတီရုပ်တု ပြန်လည်ဖွင့်လှစ်နိုင်ရန် နယူး ယောက်ပြည်နယ် အစိုးရအဖွဲ့က ကာလအတိုင်းအတာ တစ်ရပ်အထိ တစ်ရက်လျှင် ဒေါ်လာ ၆၁၆၀၀ကို ကမ်္ဘာ လှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဘတ်ဂျက်အသုံးစရိတ်မှ ထောက်ပံ့ပေးမည်ဖြစ်သည်။ လေဘာပါတီရုပ်တုကြီးကို ပြန်လည်ဖွင့်လှစ်ခြင်း ကြောင့် ကမ်္ဘာလှည့်ခရီးသွားများ ၀မ်းမြောက်ဝမ်းသာဖြစ်ကြရ ကြောင်း သတင်းတွင်ဖော်ပြသည်။( ပီတီအိုင်)

 ** စီးကရက်မီးစကြောင့်ကားစီးရေ ၈၀ ခန့် ပျက်စီး**
(ဆစ်ဒနီ အောက်တိုဘာ ၁၄)
 သြစတြေးလျ အိုလံပစ်အားကစားကွင်း၌ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကားစီးရေ ၈၀ ခန့် ပျက်စီးသွားပြီး လူ ၁၅၀၀ ခန့်ကို မီးလွတ်ရာသို့ပြောင်း ရွှေ့ပေးခဲ့ရသည်ဟု အောက်တိုဘာ ၁၄ ရက် သတင်းတွင် ရေးသားထားသည်။ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းတို့သည် အောက်တိုဘာ ၁၃ ရက် ဆစ်ဒနီ အိုလံပစ်ကျင်းပရာနေရာသွား မီးလမ်းကြောင်းများကို ငြှိမ်းသတ်ခဲ့ရ သည်ဟု သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ သေဆုံးသူ မရှိဟု သတင်း ထုတ်ပြန်ထားသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ စီးကရက်မီးစ တစ်ခုခုကြောင့် မြက်ခြောက်များ လောင်ကျွမ်းရာမှ စတင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ မျက်မြင်သက်သေများ ပြောပြချက်အရ မီးတောက်အတွင်း ကားတာယာ ပေါက်ကွဲသံများ၊ ဆီကန်ပေါက်ကွဲသံများ ကြားကြရသည်ဟု ဆိုသည်။ ““ကျွန်တော့်ရဲ့ မီးသတ်ဝန်ထမ်းသက်တမ်းတစ်လျှောက် အသက် ၄၂ နှစ်အထိခုလို ကားတွေအဆင့်ဆင့် မီးလောင်ကုန်တာ မတွေ့ဖူးသေးပါဘူး”” ဟု နယူးဆော့သ်စ်ဝေးလ် မီးသတ်အဖွဲ့ဝင်က ပြောကြားခဲ့သည်။ (ဘီဘီစီ)

  ** ဂါဇာကမ်းမြောင်မှ အစ်္စရေးသို့ ဆက်သွယ်သောမြေအောက်ဥမင်လိုဏ်ခေါင်း ရှာဖွေတွေ့ရှိ**
(တဲလ်အဗစ် အောက်တိုဘာ ၁၄) 

ဂါဇာကမ်းမြောင်မှ အစ်္စရေးသို့ ဆက်သွယ်သော အလျား ၁ ဒသမ ၇ ကီလိုမီတာ(တစ်မိုင်ခန့်)ရှည်လျား သည့် မြေအောက်ဥမင်လိုဏ်ခေါင်းကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း အစ်္စရေးစစ်ဘက်က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားသည်။ ယင်းမြေအောက်ဥမင်လိုဏ်ခေါင်းသည် နေအိမ် တစ်လုံးမှသည် အစ်္စရေးနိုင်ငံကီးဘတ်အရပ်သို့ ဦးတည် ဖောက်လုပ်ထားကြောင်း၊ ဥမင်လိုဏ်ခေါင်းကိုအသုံးပြု၍ အရပသားများအား တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း အစ်္စရေး စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ဥမင်လိုဏ်ခေါင်းတွေ့ရှိရမှုကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ဆောက်လုပ်ရေးပစ်္စည်း များ လွှဲပြောင်းပို့ဆောင်မှုကို အစ်္စရေးတို့ဘက်က ရပ်ဆိုင်း လိုက်သည်။ အစ်္စရေးအစိုးရသည် လွန်ခဲ့သည့်လက ပုဂ်္ဂလိကကဏ္ဍအား ပိတ်ဆို့ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးခဲ့သည်။ ဂါဇာဒေသရှိ ဟားမားစ်အာဏာပိုင်များက ဝေဖန်ရာ တွင် အစ်္စရေးသည် ယင်းကိစ်္စတွင် တစ်စိတ်ကို တစ်အိတ် လုပ်၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြစ်တင်ပြောကြား ခဲ့သည်။ ယင်းမြေအောက်ဥမင်လိုဏ်ခေါင်းကို လွန်ခဲ့သည့် တနင်္လာနေ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ဆူညံသံများကို နယ်ခြားဒေသအနီးတွင် ကြားနေရသည်ဟု ဒေသခံများက တိုင်တန်းခဲ့ကြပြီးနောက် ရှာဖွေတွေ့ရှိခဲ့သည်။ ဖောက်ခွဲရေးပစ်္စည်းများကို အဆိုပါဥမင်လိုဏ်ခေါင်း အတွင်းတွေ့ရှိရပြီး ယင်းတို့အား ရှင်းလင်းဖယ်ရှားခဲ့သည်။ ဥမင်လိုဏ်ခေါင်း၏ အချို့နေရာများသည် မြေအောက် အနက် ၁၅မီတာ မှ ၁၈မီတာ(ပေ ၅၀ မှ ပေ ၆၀)အထိရှိပြီး ယင်းဥမင်လိုဏ်ခေါင်းတူးရန် တစ်လထက်မနည်း အချိန် ယူခဲ့ရသည်ဟုယူဆကြောင်း အစ်္စရေးစစ်ဘက်ပြောခွင့်ရှိ သူက ဘီဘီစီသတင်းဌာနသို့ပြောကြားသည်။ (ဘီဘီစီ)

 **ဧ၀ရတ်တောင်၏ အခြေစိုက်စခန်း၌ ဆီးနှင်းများ သည်းထန်စွာ ကျရောက်မှုကြောင့် ကမ်္ဘာလှည့်ခရီးသည် ၈၆ဦး ပိတ်မိနေ**
 (News > China National News > 86 tourists evacuated after being trapped amid heavy snow at Mount Everest 86 tourists evacuated after being trapped amid heavy snow at Mount Everest)
(လာဆာ အောက်တိုဘာ ၁၄) 
ဧ၀ရတ်တောင်၏ အခြေစိုက်စခန်း၌ ဆီးနှင်းများ သည်းထန်စွာ ကျရောက်မှုကြောင့် ကမ်္ဘာလှည့်ခရီးသည် ၈၆ဦး ပိတ်မိနေကြောင်း၊ ပိတ်မိနေသူများတွင် နိုင်ငံခြားသား ၁၃ ဦး ပါဝင်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၂၀၀အမြင့်ရှိ အခြေစိုက်စခန်း၌ သဘာဝအလှအပများကို ကြည့်ရှုခံစား ကြပြီးနောက် တောင်အောက်သို့ ပြန်ဆင်းတော့မည့် ကမ်္ဘာ လှည့်ခရီးသည်များ ပိတ်မိနေကြောင်း တရုတ်နိုင်ငံ တိဘက် ဒေသ ရှီကာဆေးခရိုင် ပြန်ကြားရေးဌာနက ပြောကြား သည်။ ယခုအချိန်အထိ ထိခိုက်မှုသတင်းများ မရရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (ဆင်ဟွာ) 

*မြင့်မောင်စိုး*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)