ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 14, 2013

--သံအမတ်ကြီး ဦးတင်ဝင်းလာရောက်အားပေးခဲ့တဲ့JACBA ရဲ့ နေ့သစ် အလယ်တန်းကျောင်း၊အာစရိယပူဇော်ပွဲ မဲဆောက်မှာ ကျင်းပ---

>

(အောက်တိုဘာလ ၁၄ ရက်၊ ၂၀၁၃၊သောင်ရင်းနဂါး)

(မုန့် ဟင်းခါးစားရန်တန်းစီနေကြစဉ်)

 မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) မှပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော နေ့သစ်အလယ်တန်းကျောင်းမှ ပထမအစမ်းစာမေးပွဲအပြီးနှင့် အာစရိယပူဇော်ပွဲကိုအဆိုပါကျောင်း တည်ရှိရာ ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ယနေ့ကျင်းပသည်။ အာစရိယပူဇော်ပွဲတွင် နေ့သစ်အလယ်တန်းကျောင်းကို တည်ထောင်သူ၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)မှ ဥက္ကဌ ဦးမိုးကြိုး (ခေါ်) မြန်မာအလုပ်သမားတို့ ချစ်စနိုးအခေါ်- ဆရာမိုးက ဆုပေးစကားပြောကြားပြီး ကျောင်း၏ ဆရာတစ်ဦးနှင့် ဆရာမတစ်ဦးတို့က ဆရာ (၁၆) ဦးကိုယ်စား ဆုပေးစကား ပြောကြားခဲ့သည်။ ထို့နောက် JACBA ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာကြည်က JACBA ၏ အလုပ်သမားရေးရာ လှုပ်ရှားမှုများတွင် ဦးဆောင်မှုအခန်း ကဏ္ဍ၊ သာသနာပြုလုပ်ငန်းများတွင် ပါဝင်အကျိုးဆောင်မှုနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ရင်သွေးများ၊ စာရွက် စာတမ်း အထောက်အထား ရရှိရေးနှင့် မြန်မာအစိုးရအသိအမှတ်ပြုရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

(၈ တန်းကျောင်းသား မောင်စိုးရဲ့ ဂါရ၀စကား)
ဆရာများကို ကန်တော့ခဲ့ရာတွင် ပါဝင်သူ ၈ တန်းကျောင်းသား မောင်စိုးက- “သားတို့ သမီးတို့အပေါ်မိဘအရင်းတွေလို ကူညီစောင့်ရှောက်တာတွေ၊ ပညာပေးတာတွေကို အမြဲ အမှတ်ရနေမှာပါ” ဟု ပြောဆိုသည်။ တဆက်တည်းမှာပင် ကျောင်းသားများကိုယ်စား ကန်တော့စကားပြောကြားသူမနွယ်ကလည်း- “သားတို့ သမီးတို့အားလုံးက ဒီဆရာ ဆရာမတွေကို မိဘတွေလို သဘောထားပြီး ပညာရေးမှာ ထွန်းပေါက်အောင်မြင်အောင် ကြိုးစားသွားပါ့မယ်လို့ ကတိပြုပါတယ်” ဟု ပြောဆိုသည်။

(သံအမတ်ကြီးဦးတင်ဝင်းလာရောက်ခဲ့စဉ်ကစုပေါင်းအမှတ်တရ)
မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း နာယက အဖြစ် ဦးဆောင်နေသော ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီ၏ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပြီး မကြာသေးမီ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ သံအမတ်ကြီးဦးတင်ဝင်း၏ မဲဆောက်ခရီးစဉ်အတွင်း ဤနေ့သစ် အလယ်တန်းကျောင်းကို ကွင်းဆင်းကြည့်ရှုပြီး သံအမတ်ကြီး ဦးတင်ဝင်းကိုယ်တိုင် အလှူငွေပေးအပ်ခဲ့သလို လာရောက်အားပေးချီးမြှင့်ခဲ့သောမြန်မာအလုပ်သမားများ၏ ရင်သွေး(၄၂၇)ယောက် တက်ရောက်နေသည့်ကျောင်းတစ်ကျောင်းဖြစ်၏။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)