*(အောက်တိုဘာလ ၁၄ ရက် ၂၀၁၃ သောင်ရင်းနဂါး)*
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မှာသာမကမဲဆောက်မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ တာ့ခ်ခရိုင် ၉ မြို့ နယ်ထဲမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ပြသာနာပေါ်ပေါက်တိုင်း လိုအပ်ရင်လိုအပ်သလို
ညအိပ်တန်အိပ်။ညမိုးချုပ်မှာပြန်လာရင်လာနဲ့ အမှန်အကန် မြန်မာရွှေ့ ပြောင်းအလုပ်သမားအရေးကို
ဆောင်ရွက်နေတာဟာ မြန်မာပြည် သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဖြစ်ပါတယ်.။
(ညဘက်ညနေ၆နာရီလောက်မှအလုပ်နားရတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေရှိ၇ာဆီ)
ဒီကနေ့ မှာလည်း ထိုင်းအလုပ် မားဝန်ကြီးဌာနမဲဆောက်မြို့  အလုပ်သမားကာကွယ်ရေးရုံးမှာ တနေကုန်နီးပါးအလုပ်များခဲ့ပေမယ့် ဒီနေ့ ညပိုင်းအထိ မဲဆောက်မြို့ နယ်ဧရိယာအဆုံးမယ်ရမတ်မြို့ နယ်ဧရိယာအစမဲ့ကဆာတိုက်နယ်
မြန်မာ ဆောက်လုပ်ေ၇းလုပ်သားများ အိမ်တန်းလျားတွေမှာမဲဆောက်မြို့  ဧရိယာနဲ့ မဲဆောက်မြို့ မြောက်ဘက်ကမယ်ရမတ်မြို့ နယ်ဧရိယာထဲမှာ ဆောက်လုပ်ရေး
လုပ်ငန်းကိုနေ့ စားခ (၁၂၀ ၊၁၄၀ ၊၁၅၀)ဘတ် အသီးသီးနဲ့ အလုပ်လုပ်ကြရပြီးလုပ်အားခ
၇ရက်စာမှ ၁လစာအထိထိုင်း အလုပ်ရှင်ဆီမှာ ရစရာရှိကြတဲ့ မြန်မာအလုပ်သမား ၃၅ဦး အမှု
ကိုဟောဒီလို ကွင်းဆင်းဆောင်ရွက်ခဲ့ ကြပါတယ်.....။
(မီးမှိန်မှိန်အောက်မှာ အားကိုးတကြီးရောက်လာကြတဲ့မြန်မာ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ အတူ)
(အလုပ်ရှင်ဆီမှာ ရစရာရှိကြတဲ့ မြန်မာအလုပ်သမား ၃၅ဦး အမှုကိုဟောဒီလိုညဘက်
ကွင်းဆင်းဆောင်ရွက်ခဲ့ ကြပါတယ်)

No comments:
Post a Comment