ဒီနှစ် ပရီမီယာလိဂ်ဖလားယူဖို့ ကြွေးကြော်နေတဲ့ အာဆင်နယ်ကို မန်ယူက အိမ်ကွင်းမှာ အနိုင်ယူ လိုက်ပြီဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူ တိုက်စစ်မှူး ဗန်ပါစီရဲ့ တစ်လုံးတည်း သော ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရရှိသွား ခဲ့တာပါ။ ပွဲစပြီး ၂၇ မိနစ်အကြာမှာ သွင်းယူလိုက်တဲ့ ဒီဂိုးကြောင့် မန်ယူ ပရိသတ်တွေ အားတက်စေခဲ့ပြီး ဒီဂိုးနဲ့ပဲ မန်ယူက အနိုင်ရရှိခဲ့ပါ တယ်။ ဒီအနိုင်ပွဲက မန်ယူကို ဂုဏ်သိက်္ခာတိုးစေခဲ့ပြီး မန်ယူကစား သမားတွေ ပုံမှန်ခြေစွမ်းရလာတော့ မယ့် အနေအထားဖြစ်ပါတယ်။ ရွန်းနေ ဖြတ်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောမှတစ်ဆင့် ဗန်ပါစီ က လှလှပပခေါင်းတိုက်သွင်းယူလိုက် နိုင်တာကြောင့် မန်ယူတို့ အားတက် လာခဲ့ပြီဖြစ်ပါတယ်။ မန်ယူအတွက် ဒီပွဲက အလွန်အရေးကြီးတဲ့ပွဲပါ။ ပရီ မီယာလိဂ်မှာ ထိပ်ဆုံးက ဦးဆောင် နေတဲ့ အာဆင်နယ်ကို အနိုင်ယူပြ နိုင်ခြင်းဟာ မန်ယူက လာမယ့် ပြိုင်ပွဲတွေမှာလည်း အနိုင်ကစား တော့မယ်လို့ အသိပေးလိုက်ခြင်း လည်း ဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ပေါင် ၂၄ သန်းဖြင့် အာ ဆင်နယ်က ပြောင်းလာတဲ့ ဗန်ပါစီ ဟာ ဒီပွဲမှာ အနိုင်ဂိုးသွင်းပြနိုင်ခဲ့ ခြင်းဟာလည်း ထူးခြားချက်လို့ ဆို ရမှာ ဖြစ်ပါတယ်။ အသင်းဟောင်း ကို အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ မြင် ကွင်းကလည်း ကြေးစားဘောလုံးသမား တစ်ဦးရဲ့ တာဝန်ကျေပွန်မှု၊ အား ကစားစိတ်ဓာတ် အပြည့်အ၀ရှိမှုတို့ ကို ဖော်ကျူးပြသလိုက်ခြင်းလို့ ဆိုနိုင် ပါတယ်။
(ဗန်ပါစီနဲ့ မန်ယူ၈န်းနားတွေရဲ့ အပျော်)
မန်ယူက ဒီပွဲအနိုင်ကစား လိုက်နိုင်တာကြောင့် ထိပ်ဆုံးရောက် အာဆင်နယ်နဲ့ ရမှတ်ငါးမှတ် ကျဉ်း မြောင်းသွားစေခဲ့ပြီး ဇယားနံပါတ် ၅ နေရာသို့ တက်လာနိုင်ခဲ့ပါတယ်။ အခြားပွဲတစ်ပွဲဖြစ်တဲ့ ဆန်းဒါး လန်းနဲ့ မန်စီးတီးတို့ပွဲကလည်း အံ့သြ စရာပါပဲ။
(ဆန်းဒါးလန်းကမန်စီးတီးကိုအိမ်ကွင်းမှာအနိုင်ယူပြီးဒီလိုပျော်)
အဂူရိုတို့လို တိုက်စစ်မှူးး ကောင်းတွေရှိတဲ့ မန်စီးတီးဟာ ဒီ ပွဲမှာ တစ်ဂိုး-ဂိုးမရှိနဲ့ရှုံးပြီး အိမ်ပြန် ခဲ့ရပါတယ်။ မန်စီးတီးရဲ့ ဒီအရှုံးဟာ ဒီနှစ် ပရီမီယာလိဂ်မှာတော့ စတုတ်္ထ အကြိမ်မြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။ ဆန်းဒါးလန်းအတွက် တစ်လုံးတည်း သော အနိုင်ဂိုးကိုတော့ ပထမပိုင်း မှာ ဘန်စလေက သွင်းယူပေးခဲ့ပါတယ်။
+အာကာကျော်+
(မန်ယူတိုက်စစ်မှူးး ဗန်ပါစီရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုး)

No comments:
Post a Comment