ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 14, 2013

--အာရှလမ်းမကြီးဖောက်လုပ်မှုတွင် မြန်မာအလုပ်သမားများ လုပ်အားခ အပြည့်မရ--

>
Photo-JACBA(အာရှအဝေးပြေးလမ်း ဖောက်လုပ်ရေးစီမံကိန်း လုပ်ငန်းနေရာ)
 ကေအိုင်စီ - KIC News > သတင်း > အာရှလမ်းမကြီးဖောက်လုပ်မှုတွင် မြန်မာအလုပ်သမားများ လုပ်အားခ အပြည့်မရ November 13, 2013 • Posted in သတင်း
+(နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား)+

 ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဘက်ခြမ်း ကရင်ပြည်နယ်၊ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်အကြား ဒေါနတောင်ခြေတွင် ဖောက်လုပ်နေသော အာရှအဝေးပြေးလမ်းမကြီးမှ မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်သမားဥပဒေအရ နေ့စားခ ထိုင်းဘတ်ငွေ ၃၀၀နှုန်း မရရှိဘဲ အလုပ်လုပ်နေကြရသည်။ မြ၀တီမြို့နယ်အတွင်းရှိ အာရှလမ်းမဖောက်လုပ်သည့်နေရာသို့ နိုဝင်ဘာ ၁၁ရက်နေ့က သွားရောက်လေ့လာခဲ့ပြီး အလုပ်သမား ၅၀ခန့်နှင့် စကားပြောဆိုရာမှ လုပ်အားခ အပြည့်မရရှိမှုကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
“အလုပ်စခိုင်းတုန်းက ထိုင်းဥပဒေသတ်မှတ်နှုန်းအတိုင်း နေ့စားခပေးမယ်။ အချိန်ပိုဆိုရင် တစ်နာရီ ၅၆ဘတ်၊ စက်ယန္တရားယာဉ် မောင်းတဲ့ မြန်မာတွေကို ဘတ် ၃၀၀အထက် ပေးမယ်ပေါ့။ နောက်ပြီး တနင်္ဂနွေနားရက်မှာလုပ်ရင် ပုံမှန်ထက် နှစ်ဆပေးပြီး နေမ ကောင်းဖြစ်ရင် လုပ်အားခမဖြတ်ဘူးလို့ ပြောခဲ့ပေမဲ့ ခုတနှစ်ကျော်လာတာတောင် အပြည့်မရသေးဘူးလို့ ပြောကြတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အာရှလမ်းမကြီး ဖောက်လုပ်သည့်လုပ်ငန်းတွင် လမ်းဖောက်သူအလုပ်သမား စုစုပေါင်း လူဦးရေ ၃၀၀ခန့်ရှိရာ အလုပ်ကြမ်း သမားများက နေ့စားခအဖြစ် ဘတ် ၁၈၀မှ ၂၅၀ဘတ်အထိသာ ရရှိကြပြီး ယင်းသို့ လုပ်အားခ အပြည့်မပေးသော ထိုင်းကုမ္ပဏီ မှာ ယခုစီမံကိန်းတွင် ပါဝင်သော Sky Construction Co, ltd ဖြစ်သည်။ ထို့အပြင် စက်ယန္တရားယာဉ်ကြီးမောင်းသူ ထိုင်းနိုင်ငံသားများက နေ့စားခဘတ် ၇၀၀မှ ၁၀၀၀အထိ ရရှိကြသော်လည်း မြန်မာ ယန္တရားယာဉ်ကြီးမောင်းသူများမှာမူ နေ့စားခ ဘတ် ၃၀၀နှင့် ထမင်းဖိုး ၅၀ဘတ်သာရရှိကြောင်း သိရသည်။
ယင်းသို့ သတ်မှတ်ချက် လုပ်အားခအပြည့် မရရှိမှုအပေါ် အောက်တိုဘာလက အာဆီယံအဝေးပြေးလမ်း လုပ်ငန်းခွင်သို့ ရောက် ရှိခဲ့သည့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိ ဒေါ်မြစန်းဝင်းထံ အခြေအနေများ တင်ပြခဲ့သော်လည်း ယခုအချိန်ထိ တုံ့ပြန်မှု တစုံတရာ မရရှိသေးကြောင်း အဆိုပါမြန်မာအလုပ်သမားများက ပြောသည်။ အာရှလမ်းမကြီးဖောက်သည့် အလုပ်သမားကိုလင်းက “တနင်္ဂနွေနေ့မှာ အလုပ်လုပ်ရင် နှစ်ရက်စာရမယ်လို့ မူလကပြောတယ်။ လက်တွေ့မှာ တစ်ရက်ခွဲစာပဲပေးပြီး အလုပ်မဆင်းရင် ၂ရက်စာ ငွေဖြတ်တယ်။”ဟု ရှင်းပြကြောင်း ဦးမိုးကြိုးက ပြန်လည်ပြောဆို သည်။
Sky Construction Co, ltd ၏ လုပ်အားခကို စာချုပ်စာတမ်းမရှိဘဲ အလွတ်သဘောပြောကာ အပြည့်မပေးခြင်းနှင့် ပတ်သက်၍ လက်ရှိလမ်းဖောက်လုပ်နေသည့် အလုပ်သမားအချို့က စုပေါင်းလက်မှတ်ရေးထိုးကာ (JACBA)မှတဆင့် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန(ဗဟို)ရုံးနှင့် နိုင်ငံတော်သမ္မတရုံးသို့ တိုင်ကြားဆောင်ရွက်ပေးသွားမည်ဟု ဦးမိုးကြိုးက ဆိုသည်။
ကရင်ပြည်နယ်အတွင်း လက်ရှိ အာရှလမ်းမကြီး ဖောက်လုပ်ရာနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်း ချုပ်ထားသည့်အတွက် ပြီးခဲ့သည့် ၂၀၀၇ခုနှစ်က ဖောက်လုပ်ခဲ့မှုကို ကေအဲန်ယူက တားမြစ်ခဲ့ရာမှ ဦးသိန်းစိန်အစိုးရတက်လာပြီး ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလတွင် ကေအဲန်ယူနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက် ၎င်းလမ်းစီမံကိန်းကို ပြန် လည် အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။ အဆိုပါလမ်းစီမံကိန်း ပြီးစီးသွားပါက မြ၀တီမြို့မှ ကော့ကရိတ်မြို့အထိ ကားဖြင့် သွားလာလျှင် တစ်နာရီခန့်သာကြာတော့မည်ဟု သိရသည်။
 ကေအိုင်စီ - KIC News > သတင်း > အာရှလမ်းမကြီးဖောက်လုပ်မှုတွင် မြန်မာအလုပ်သမားများ လုပ်အားခ အပြည့်မရ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)