ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 14, 2013

---လာလော့ဧည့်သည် ရှုလော့ဧည့်သည်--

>
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် ပေပေါင်း ၃၆၀၀ ကျော်အမြင့်တွင် တည်ရှိပြီး ကမ်္ဘာသိ ထင်ရှားသောစေတီတစ်ဆူဖြစ်ပါသည်။ ယခင်နှစ် စာရင်း များအရ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူ နှစ်သိန်းခွဲခန့်ရှိပါသည်။ စေတီတည်ရှိရာ ရင်ပြင်တော် မှာ ကိုးဧကခန့်ကျယ်ဝန်းပြီး ၂၀၁၃-၂၀၁၄ ဘုရားပွဲတော် ရာသီကို ၁၃၇၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (၁၉-၁၀-၂၀၁၃ ရက်)တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ ဂေါပကအဖွဲ့အနေဖြင့် စေတီတော်မြတ်ကြီး၏ ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ်္ဂလိက လုပ်ငန်းရှင်များထံ အပ်နှံ၍လမ်းများဖောက်လုပ်ခြင်း၊ ထပ်ပိုးလွှာများခင်းခြင်း၊ လမ်းများချဲ့ခြင်း စသည်တို့ အပြင် ဘုရားဖူးလာပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ အာရုံပြုနိုင်ရေးအတွက် အခမဲ့တည်းခို ဆောင်များ၊ တည်းခိုဇရပ်များ တိုးချဲ့ဆောက်လုပ်ခြင်း၊ အခမဲ့အိမ်သာများ ထပ်မံဆောက်လုပ်ခြင်း၊ သောက်ရေ များ၊ ရေသန့်စက်များထားရှိ၍ အခမဲ့သောက်ရေများရရှိ အောင် စီမံဆောင်ရွက်ထားရှိပါသည်။ မည်သို့ အဆင်ပြေချောမွေ့အောင်စီစဉ်ဆောင်ရွက် သည်ဆိုစေဦးတော့ ဘုရားဖူးများထုနှင့်ထည်နှင့် လှိုင်းလုံး ကြီးများပမာ တက်လာကြသောအခါတွင်မူ ““လူနှင့်နေရာ”” မျှတမှုမရှိသည့်အတွက် ရင်ပြင်တော်တွင်ဖြစ်သလို နေထိုင် စားသောက်ရသည်ကို ကြည့်ရသည်မှာ များစွာ ကရုဏာဖြစ်ရပါသည်။ ခရီးပန်း၍ ရင်ပြင်တော်တွင်ဖြစ် သလို အိပ်စက်ကြရသော်လည်း ဘုရားကြီး၏ တန်ခိုး တော်ကြောင့် ဝေဒနာဆိုးဆိုးရွားရွားခံစားရသူမရှိပါချေ။ ရေသန့်စက်များအသုံးပြု၍ အခမဲ့သောက်ရေရရန် စီစဉ်ပေးထားပါသော်လည်း ဘုရားဖူးအချို့မှာ ထိုရေဖြင့် သွားတိုက်၊ မျက်နှာသစ်ခြင်း၊ ပန်းကန်များ ဆေးကြော ခြင်းတို့ကို ၀မ်းနည်းဖွယ်တွေ့မြင်ရပါသည်။ မြေပြန့်မှာကဲ့သို့မဟုတ်ပါ။ ပေပေါင်း ၃၆၀၀ ကျော် အမြင့်ရှိ ဤရင်ပြင်တော်ပေါ်သို့ ရေရောက်ရှိရန်မှာ တောင်ခြေရှိ မိုးဘောချောင်းမှရေကို ရေတင်စက်ကြီးများ အသုံးပြု၍ အဆင့်လေးဆင့်ခွဲကာ တစ်ဆင့်ပြီးတစ်ဆင့် တင်ယူရသော မိုးဘောချောင်းရေပင်ဖြစ်ပါသည်။ ထိုရေ များကို ရင်ပြင်တော်တွင် ဂါလန်တစ်သိန်းဆံ့ရေလှောင် ကန်ကြီး နှစ်ကန်သို့ ပို့ဆောင်၍ ယင်းမှရင်ပြင်တော်ဌာန အသီးသီး၊ ဈေးဆိုင်အသီးသီးသို့ ဂေါပကအဖွဲ့၏အစီအမံ ဖြင့် ဖြန့်ဝေရခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ဈေးဆိုင်များ၊ သုံးစွဲသူဘုရားဖူးလာပြည်သူများအနေဖြင့် စည်းကမ်း တကျ သုံးစွဲရန်လိုအပ်ပါသည်။ အလားတူပင် အခပေးသန့်စင်ခန်းများ၊ ရေချိုးခန်း သုံးစွဲသူများအနေဖြင့်လည်း ရေခက်ခဲမှုရှိသည်ကို စဉ်းစား ပေးသင့်ကြောင်း တင်ပြလိုပါသည်။ 

သဘာဝတောတောင် ရေမြေ၏အလှကို ခံစားလိုသောပြည်တွင်းပြည်ပ ဘုရား ဖူးများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုမှာ ခေတ်ကာလအလျောက်ဆန်းသစ်လာသော အသင့်သုံး အချိုရည်ဘူးခွံများ၊ ရေသန့်ဘူးခွံများ၊ ကြွပ်ကြွပ်အိတ်များ ကို ဖြစ်သလိုစွန့်ပစ်နေကြသည့်အတွက် တောင်ခြေမှ အပေါ်သို့ ပင့်တိုက်လာသောလေတွင် ကြွပ်ကြွပ်အိတ်များ လွင့်မျောပါလာခြင်း၊ ပျက်စီးမှုမရှိသောအချိုရည်ဘူးခွံ များသည် အနိမ့်ပိုင်းရှိချောက်များ၊ ခြုံနွယ်များအောက်တို့ တွင် စုပုံများပြားလာမှုကြောင့် ဂေဟစနစ်ကိုဆိုးရွားစွာ ပျက်စီးစေသည့်အတွက် ထားရှိသောအမှိုက်ပုံးများတွင် သာ စနစ်တကျစွန့်ပစ်ရန်လိုအပ်ပါသည်။ အထူးသဖြင့် ကွမ်းစားသူများအနေဖြင့် မိမိအညစ် အကြေးကွမ်းတံတွေးကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းမှု ကုသိုလ်ယူသင့်ပါသည်။ 

နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ စခန်းပေါင်း ၁၇ ခုနှင့် တောင် ၃၃ လုံးကို ဖြတ်သန်းပြီးနောက် ပေပေါင်း ၃၆၀၀ ကျော် အမြင့်သို့ရောက်သောအခါ တောတောင်ရေမြေတို့၏ သဘာဝအလှကို ခံစားရင်း မည်သည့်ဘုရားစေတီနှင့်မျှမတူ လွင့်မျောဆော့ကစား နေသည့် မိုးတိမ်များ၊ နှင်းမြူများ၊ တိမ်ဂွမ်းဆိုင်ကြီးများ ကြားမှ တစ်ဖက်ချောက်ထဲသို့ပြုတ်ကျအံ့ဆဲဆဲ ရသေ့ ဦးခေါင်းနှင့်တူသော ရွှေစင်ရွှေတုံးကြီးနှင့်တကွ ဆံတော် ရှင်စေတီတော်မြတ်ကြီးကို အံ့သြဖွယ်ရုတ်တရက်ဖူးလိုက် ရသည့်အခိုက် ဘ၀အမောတွေမှန်သမျှ ပြေပျောက်သွားရ သောအရသာကို လက်တွေ့ခံစားလိုလျှင်ဖြင့်.. လာလော့ဧည့်သည် ရှုလော့ဧည့်သည်။ အားပါးတရ ဖူးမြော်ရန် လာလှည့်လော့ဟူ၍ ဖိတ်ခေါ်လိုက်ရပါ သည်။ ။ 

+နိဗ်္ဗာန်ဆော်(ကျိုက်ထို)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)