ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 9, 2013

--ဆင်းရဲမွဲတေမှုများ ၊ဖောက်ပြန်မှုများနဲ့ နပမ်းလုံးနေသော အာဆီယံ ဥက္ကဌ အနေဖြင့် သေနတ်သံတငြိမ်းငြိမ်းကြားက ဆီးဂိမ်းမဖြစ်ရလေအောင် ( အောင်ခိုင်မြင့်)--

>
(၀၉ နိုဝင်ဘာလ ၂၀၁၃)

 **သေနတ်သံတငြိမ်းငြိမ်းကြားက ဆီးဂိမ်းမဖြစ်ရလေအောင်**

ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်များ ၊ စီးပွားရေး အပြောင်းအလဲများကို သီအိုရီများ ၊ ပုံသေနည်းများပေါ် မူတည်ပြီး ကောက်ချက်ချ သုံးသပ်မှုများသည် ရာနှုန်းပြည့် မမှန်ကန်နိုင်သည့်တိုင် အတော်အသင့် မှန်ကောင်းမှန်နိုင်ချေ ရှိပေမည် ။ သို့ သော် နိုင်ငံရေး ၊ စီးပွားရေး ကျမ်းကြီး ကျမ်းငယ်များ နှင့် ကိုးကားမရအောင် ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေသော မြန်မာပြည်၏ အခြေအနေသည် နိုင်ငံရေး ပညာရှင်များ လက်မှိုင်ချရလောက် အောင် ကျယ်ကျယ်လောင်လောင် သေနတ်သံများကြားမှာ ဆီးဂိမ်းကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပမည့်တိုင်းပြည် ၊ ပြဿသနာများ ပဋိပက္ခများအရာရာ တလွဲတချော်ဖြစ်နေသော်လည်း မျက်နှာပြောင်တိုက်ခါ အာဆီယံ ဥက္ကဌဖြစ်မှုကို ကျေနပ်နေသည့် တိုင်းပြည် ၊ နိုင်ငံကို ချောက်ထဲကန်ချယုံနဲ့ အားမရသဖြင့် အာဆီယံနိုင်ငံအားလုံးကို သူခိုးသေဖော်ညှိရန် ချောက်ထဲကန်ချဖို့ ခြေလှမ်းပြင်နေသည်ဟု ပြောပြန်ရင်လည်း အောင်မင်း လွန်ကာကြပေမည် ။ ရုရှားနိုင်ငံသည် လာမည့် ၂၀၁၄ ဖေဖော်ဝါရီလတွင် ( ၂၂ ) ကြိမ်မြောက်ဆောင်းတွင်း အိုလံပစ်ကျင်းပခွင့်ရသော အိမ်ရှင် နိုင်ငံအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ အိုလံပစ် မီးရှုးတိုင်ကို အာကာသသို့ လွှတ်တင်ခဲ့ပေသည် ။မြန်မာပြည်သည်လည်း ( ၂၇ )ကြိမ်မြောက် ( 27th SEA Games )အာဆီယံဆီးဂိမ်းကျင်းပခွင့်ရသဖြင့် အားကျမခံ ယခင်စစ်အာရှင်များလက်ထက်က လျို့ ဝှက်စွာ တူးဖော်ထားသော မြေအောက်လှိုဏ်ခေါင်းထဲ အားကစားပွဲ မီးရှုးတိုင်အား ပေါ်ပေါ်တင်တင် ယူသွားနိုင်ဖွယ်ရှိမည် အထင်ဖြင့် ကမ္ဘာက စောင့်ကြည့်နေပေသည် ။ ဆီးဂိမ်းသည် မြန်မာပြည်အနေဖြင့် ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ကာ နှစ်ပေါင်းများစွာ အထီးကျန်နေထိုင်လျက်ရှိရာမှ လူနှင့် လူ့ ပတ်ဝန်းကျင် အပါအ၀င် အိန်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှနေထိုင်ရေးကို ဦးတည်သဖြင့် တိုင်းပြည်၏အကောင်းဖက်သို့ ဦးတည်မည့် အပြောင်းအလဲ၏ ရှေ့ ပြေးခြေလှမ်းဖြစ်ပေသည် ။ ဆီးဂိမ်းဖြင့်နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးစားချင်းထက် တိုင်းပြည်၏တည်ငြိမ်အေးချမ်းမှုကို ပြသရာလည်းရောက် ယဉ်ကျေးမှုဓလေ့ထုံးစံများကို မြှင့်တင်ရာလည်း ဖြစ်အောင် အစိုးရသည် ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့သည်ကို ယုံမှား သံသယမဖြစ်ပေမဲ့ တိုင်းပြည် သည် အဘယ်ကြောင့် တည်ငြိမ်အေးချမ်းခြင်းထက် ပြဿနာများဆင့်ကဲဖြစ်နေ ရသနည်း ဟုမေးခွန်းထုတ်ရမလို ဖြစ်နေပေသည် ။ ခေတ်မီဆက်သွယ်ရေး ယန္တယားများ အလျင်အမြန်တိုးတက်နေသော ခေတ်တွင် တိုင်းပြည်၌ ၀က်လုံးခေါင်းထဲလသာချင်သူများသည် ပြင်ပ ကမ္ဘာနှင့် ထိတွေ့ ရမည်ကို ကြောက်လန့် နေ၍ မဖြစ်တော့ပါ..။ခေတ်ဟောင်း အတွေးအခေါ်များဖြင့် ဆီးဂိမ်းမှာ ရွှေများများရဖို့ ယတြာချေ ဗေဒင်မေး၍ မရနိုင်သလို လက်တွေ့ ကျကျ ကြိုးစားရမည့် အခါသမယဖြစ်ကြောင်း လွှတ်တော်ထဲမှ ခေါင်းပေါင်းဝတ်အမတ်များ ၊ယူနီဖောင်းဝတ်များကို စေတနာရှေ့ ထားပြီး နှိုဆော်လိုက်ရပါသည် ။ဆိုလိုသည်မှာ ပြည်သူပြည်သားများ မလိုလားသည့် တိုင်းရင်းသားချင်းစစ်ခင်းနေမှုကို ရပ်တန့် ကာ စစ်အသုံးစားရိတ်ကို လျော့ချပြီး ပြည်သူ ပြည်သားများ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာ သန်စွမ်းစေရန် တိုင်းပြည် ဘဏ္ဍာကို ကျန်းမာရေး ၊ပညာရေးတွင် သုံးစွဲရပေမည် ။ သေနတ်သံတငြိမ်းငြိမ်းကြားမှ ဆီးဂိမ်းမဖြစ်ရလေအောင် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း အလျော့အတင်းဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို ဆင်းရဲမွဲတေမှုများ ၊ဖောက်ပြန်မှုများနဲ့ နပမ်းလုံးနေသော အာဆီယံ ဥက္ကဌ တိုင်းပြည်သည် ရေမြေသဘာဝကောင်းမွန်ကာ သယံဇာတပေါကြွယ်ဝသော်လည်း အာဆိယံနိုင်ငံများထဲတွင် ခြွတ်ခြုံကျလျက် ဆင်းရဲမွဲတေကာ အဘယ်ကြောင့် နောက်ကျကျန်ခဲ့သနည်း ။ မည်သူ့ မျက်နှာကို မှ မထောက်ပဲ ဖြေကြားရလျှင် ဖောက်ပြန်သော စစ်အာဏာရှင်တစ်စု၏ မှားယွင်းသော နိုင်ငံရေး အတွေးအခေါ်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်မှုကြောင့်ဟု ပြတ်ပြတ်သားသားဖြေရပေလိမ့်မည် ။ အမှန်ကို မြင်မှ အမှားကို ပြင်နိုင်မည်ဖြစ်သော်လည်း ဖောက်ပြန်မှုများက သက်ဆိုး ရှည်ဆဲမို့ ပြည်သူများ အိမ်ထဲမှာ တိတ်တိတ်ငိုပြီး တစ်မျိုး ၊လမ်းပေါ်တက်ပြီး ကြွေးကြော်သံများနှင့် တဖုံ ခေတ်ကို အကြောက်တရားအား မြိုသိပ်လျက် ရင်ဆိုင်နေပုံက အိမ်နီးချင်း အာဆီယံနိုင်ငံများပင် တုန်လှုပ်စေခဲ့သည် မဟုတ်လား ။သို့ သော် နားကြီး မျက်စိကြီးများက မမြင် မကြားဖြစ်ကာ ခေတ်တံခါးသည် အမှောင်တွင်း ပိတ်ဆို့ ခဲ့မှုသည် ဆင်းရဲတွင်းနက်ခြင်း၏ အခြေခံဖြစ်သော တရားခံဖြစ်ပေသည် ။( မှတ်ချက် ၊ ခိုးကြောင်းခိုးဝှက် စုထားသော ၁၁ ဘီလီလျံသည် ပြည်သူ့ အတွက်မဟုတ်ရင် မည်သူ့ အတွက်နည်း ။ )
နိုင်ငံရေး တည်ငြိမ်မှုမရှိရသည့် အထဲ စီးပွားရေး ရင်းနှီးမြုပ်နှံသူများအား ဆွဲဆောင်မှုအားနည်းနေသော ဖြစ်စဉ်များထဲတွင် လျှပ်စစ်မီး အလုံအလောက်မရရှိခြင်း အပါအ၀င် မြေဈေးသည် အမေရိကန်မှ မြို့ ကြီးများ မြေဈေးနီးပါး ခေါင်ခိုက်နေပေသည်။ အစိုးရသည် ခရိုနီများနှင့် ပေါင်းကာ တိုင်းပြည်အကျိုး၊ လူထုအကျိုးထက် လူတစ်စုအကျိုးကို ကြည့်နေစဲ ဖြစ်ကြောင်း ပြသရာရောက်နေပေငည် ။စီးပွားရေး ရင်းနှီး မြုပ်နှံမှုအရေးသည် လူထုအကျိုး စီးပွားနှင့် တိုက်ရိုက် အချိုးကျပြီး လူထုကို အလုပ်အကိုင်အခွင့် များဖန်တီးမှသာ လူထုသည် နိုင်ငံတကာတွင် လုပ်အားခမတန်မရာဖြင့် လုပ်ကိုင်နေသောကျွန်ဇာတ်မှ လွန်မြောက်ပေလိမ့်မည် ဖြစ်သည် ။သို့ သော်တိုင်းပြည်၏ လက်တွေ့ ဖြစ်စဉ်သည် ဘယ်သူသေသေ ငတေမာရင် ပြီးရောကိန်းဆိုက်နေပေသည် ။ အခွင့်အလမ်းးမှန်သမျှကို စစ်တပ်အပါအ၀င် ဦးပိုင် မောင်ပိုင်စီးထားပုံက ၈၈ အရေးအခင်းကာလတွင် စစ်တပ်မှ ဂိုထောင်ဖောက်ပြီး ရသမျှပစ္စည်းကို စီးပွားရေးလုပ်ငန်းရှင် ခရိုနီများအားရောင်းကာ ဂိုထောင်မှ လက်ကျန်ပစ္စည်းက်ု ပြည်သူများအား ယူခိုင်းသကဲ့သို့ ဖြစ်နေပေသည် ။ဆိုလိုသည်မှာ အခြေခံဥပဒေပြင်ဖို့ နေနေသာသာ အခြေခံဥပဒေမရှိခဲ့သည့် စစ်အာဏာရှင်စနစ် လက်ထက်၌ စစ်တပ်မှ အရာရှိကြီးများ ၊ ဗိုလ်ချုပ်ကြီးများသည် အာဏာအလွဲသုံးစားလုပ်လျက် ငွေကြေးအမြောက်အများ ချမ်းသာမှုကိုအားမရနိုင်ကာ အိမ်ဈေး မြေဈေး အပါအ၀င် စီးပွားရေးလုပ်ပိုင်ခွင့်မှန်သမျှကို လက်ဝါးကြီးအုပ်ထားသဖြင့် အဆမတန်မြေဈေးကြီးကာ စီးပွားရေး ရင်းနှီးမြုပ်နှံသူများ လှည့်ပြန်သွားသည်အား ဂရုမစိုက် သတိမမူခြင်းသည် လူထုကို စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းကို ပိတ်ဆို့ နေသကဲ့သို့ ဖြစ်နေပေသည် ။ မြန်မာပြည်သည် လာဘ်ပေး လာပ်ယူမှု၊ ခြစားဖောက်ပြန်မှုများ၌ အာဆီယံတွင် ဗိုလ်ဆွဲယုံမက မကောင်းသည့်အရာတွင် တော်ပေရာ လူ့ အခွင့်အရေးချိုးဖောက်မှုတွင်လည်း နှစ်စဉ် ကမ္ဘာ့ထိပ်တန်းစာရင်း၌ ရှိနေသော်လည်း ထိရောက်စွာ အရေးယူမှုအတွက် တရားဥပဒေစိုးမိုးရေးသည် အားနည်းနေစဲဖြစ်ပေသည် ။ မြန်မာ့စီးပွားရေး၏ နလံမထူနိုင်မှုသည်ပင် ၄င်း ဖောက်ပြန်သော လူတန်းစားများ၏ ပယောဂသည် ခေတ်ဟောင်းမှ ခေတ်သစ်သို့ ကပ်ပါးနေစဲရှိကြောင်း စီးပွားရေး နိုင်ငံရေးပညာရှင်ဖြစ်စရာ မလိုပဲ အနုတ်လက္ခာဏာ နိုင်ငံရေး ၊စီးပွားရေး ကိန်းဂဏန်းများက ပြသနေပေသည် ။ နိုင်ငံတကာ မျက်နှာစာတွင် ယယံဇာတထွက်ယုံမက ဒုက္ခသည်များပါထွက်သော တိုင်းပြည် ၊ကိုယ့်မင်းကိုယ်ချင်းဘ၀မှသည် ကျွန်ဖြစ်ယုံမက အာဏာရှင်လက်ထက်မှသည် ယခုအစိုးရထိ နိုင်ငံတာတွင် ကျွန်ဖြစ်နေသော တိုင်းပြည်အနေဖြင့် အမတ်မင်းများ ရှက်တတ်လျှင် လွှတ်တော်ထဲတွင် အိပ်နေရင်း အသက်ပါ ပါသွားသင့်သည့်အထိ လဲသေကိန်းဆိုက်နေပေသည် ။ ပိတ်ဆို့ မှုများအောက်၌ တံခါးပိတ်နေထိုင်လာခဲ့သော တိုင်းပြည်မှ ပြည်သူပြည်သားများသည် အတွေးအခေါ်ပိုင်းဆိုင်ရာတွင်တည်ဆောက်မှုများ ပြန်လည်နလံထူရန် အမှန်တကယ်လိုအပ်နေပေသည် ။ သမ္မတအပါအ၀င် နိုင်ငံကို ဦးဆောင်နေသည့်အကြီးအကဲများသည် တိုင်းပြည်ကို ပွင့်လင်းမြင်သာစွာ သန့် ရှင်းသော အစိုးရဖြစ်အောင် ကြိုးစားယုံမက လွတ်လပ်မှု ၊တရားမျှတမှု ၊ငြိမ်းချမ်းရေးကိုပုံဖော်ဆောင်ရွက်သော ဒီမိုကရေစီအစိုးရဖြစ်မှသာ အာဆီယံ ဥက္ကဌရာထူးနှင့် လျော်ကန်သင့်မြတ်စွာ တိုင်းသူပြည်သားများ ကမ္ဘာ့အလယ် မျက်နှာငယ်စရာ ရှိမည်မဟုတ်ကြောင်း တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။ 

+အောင်ခိုင်မြင့်+
 ၀၉ နိုဝင်ဘာလ ၂၀၁၃

 Burmese refugees in Thailand, 
Service towers are lifted to Russia's Soyuz-FG booster rocket loaded with Soyuz TMA-11M space capsule that will carry new crew to the International Space Station (ISS) at the launch pad decorated with the Olympic rings at the Russian leased Baikonur cosmodrome, Kazakhstan, Tuesday, Nov. 5, 2013. For the first time, the rocket, emblazoned with the emblem of the Winter Olympics in Sochi, will carry an Olympic torch to space as part of the ongoing Olympic torch relay. The torch will be brought back along with the station's current crew. The rocket is scheduled to blast off on Thursday, Nov. 7. (AP Photo/Dmitry Lovetsky) International Space Station (ISS) at the launch pad decorated with the Olympic rings at the Russian leased Baikonur cosmodrome, Kazakhstan, Tuesday, Nov. 5, 2013. 

ရည်ညွှန်းကိုးကားhttp://www.winnipegfreepress.com/sports/russia-to-send-2014-sochi-winter-olympics-torch-into-space-take-it-on-a-spacewalk-230646071.html http://mmseagames2013.com/

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)