ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 9, 2013

-- မြတ်နိုးမှုလက်ဆောင် --

>
 ဘာမှမရှိသော မနက်ဖြန် အလွတ်တစ်ခုထဲသို့ မျှော်လင့်ခြင်းအချို့ကို ထည့်လိုက်သည်။ မျက်လုံးအစုံကို မှိတ်၍ ထားလိုက်သောကြောင့် အိပ်စက်ခြင်းတို့၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားရပေဦးမည်။ အိပ်မက်တို့၏ အရှင်သခင်ဖြစ်သော အိပ်မက်စောင့်နတ်သမီးသည် သာယာနာပျော်ဖွယ် တေးသံတို့ဖြင့် အိပ်မက်တို့ကို ညဦးယံသို့ ယူဆောင်လာပေလိမ့်မည်။ အိပ်မက်တို့သည်ပင်လျှင် ည၏ တန်ဆာပလာဖြစ်၏။ အိပ်မက်ထဲတွင် ချစ်သူ့လက်ကို မြဲမြဲဆုပ်ကိုင်ကာ အဆုံးအစမရှိသော မိုးကောင်းကင်ထဲ၌ ပြေးလွှားနေမိသည်။ တိမ်ဖြူဖြူတစ်အုပ်နှင့် တွေ့၏။ ချစ်သူက သူ၏ လက်တို့ဖြင့် တိမ်တွေကို ထိတွေ့ဆော့ကစားလိုက်သည်။ ထို့နောက် ကျေနပ်စွာဖြင့် လှလှလေး ပြုံးသည်။ ချစ်သူ၏ အပြုံးတို့ကြောင့် တိမ်တို့သည် ရိုကျိုးဝပ်တွားစွာ ခယလျက် ခရီးဆက်ကုန်ကြ၏။ နှင်းဆီပန်းရနံ့တို့ဖြင့် ထုံမွှမ်းနေသော ဥယျာဉ်တစ်ခုထဲသို့ ရောက်လာကြသည်။ ဆူးမရှိသော နှင်းဆီ နီနီရဲရဲ တစ်ပွင့်အား ချစ်သူက ခူးယူပြီးနောက် ကျွန်မ၏ ဆံနွယ်ထက်တွင် ပန်ဆင်ပေးလိုက်သည်။

 ထို့နောက် ချစ်သူက သဲ့သဲ့လေး ပြုံး၏။ ချစ်သူ၏ အပြုံးတို့ကြောင့် လှပသော ရောင်စုံလိပ်ပြာတို့သည် ပန်းဥယျာဉ်ထက်တွင်ဝဲပျံကခုန်ကြလေသည်။ တောင်တန်းစိမ်းစိမ်းတို့ပေါ် ရောက်လာခဲ့ပြီ။
 တောင်ကျစမ်းရေတို့သည် တသွင်သွင် စီးဆင်းနေကြ၏။ စမ်းရေတို့၏ ဂီတရေစီးသံကြောင့် ချစ်သူက ပါးလျသော နှုတ်ခမ်းလွှာလေးတစ်စုံ ကွေးညွှတ်သွားရုံ ပြုံးလိုက်သည်။ ထိုအခါ ချစ်သူ၏ မေးစေ့မှ အချိုင့်လေးကို ပီပီပြင်ပြင် မြင်လိုက်ရ၏။ ချစ်သူ၏ အပြုံးကြောင့် ရွှေရောင်ငါးကလေးများ ကူးခတ်ကုန်ကြသည်။
ဆောင်းတွင်း အိပ်မက်သည် ကယောက်ကယက် ရှိလှ၏။ အိပ်ရာထက်တွင် ငြိမ်သက်စွာ လဲလျောင်းနေမိသည်။ ညသည် တစ်ဝက်ပင် မကျိုးသေးပါ။ အပြင်ဖက်တွင် အရိုးခိုက်အောင် အေးနေပေလိမ့်မည်။ ပြတင်းတံခါးမှ တဆင့် နှင်းတို့ ကျနေသည်ကို မှုန်မှုန်ဝါးဝါး လှမ်းမြင်နေရသည်။ ချစ်သူ၏ အမည်နာမအား နှလုံးသားထက်တွင် ကဗ္ဗည်းတင်ထားမိ၏။ ချစ်ခြင်းမေတ္တာဟူသည် ချစ်ခြင်း၏နောက်တွင် မေတ္တာတရားရှိသည်ဟု ပြောချင်တာများလား။ ကျွန်မကတော့ ထိုသို့ ယူဆလိုက်သည်။ ချစ်သူ၏ အပြုံးတို့သည် နံနက်ခင်းတွင် အဦးဆုံး မြင်တွေ့ရသော နေရောင်ခြည် ဖြစ်သည်။ ချစ်သူ၏ အပြုံးတို့ဖြင့် နှလုံးသွေးတို့ နွေးထွေးရ၏။ ချစ်သူ၏ အပြုံးတို့သည်ပင်လျှင် အိပ်မက်တို့၏ သခင်၊ မျှော်လင့်ချက်အပေါင်း၏ ရေသောက်မြစ် ပြီးတော့ ပျော်ရွှင်မှုအပေါင်း မြစ်ဖျားခံရာအရပ်ဒေသ ဖြစ်နေပြန်သည်။ အဖိုးတန် ရတနာပစ္စည်းများဖြစ်ကြသော စိန်၊ရွှေ၊ကျောက်သံပတ္တမြားတို့အား တန်ဖိုးဖြတ်ရာတွင် ရတီဖြင့် တိုင်းတာကြသည်။ ကျွန်မကတော့ လောကတွင် ရှိရှိသမျှသော အဖိုးတန် ရတနာတို့အနက် မေတ္တာတရားသည် ရတီအမြင့်ဆုံး ရတနာတစ်ပါးဟု ဆိုချင်သည်။ ဆံပင်တွေ တဖြည်းဖြည်း ရှည်လာသည်။ တရားသဘောတို့ ပါးလျကုန်ကြပြီ ထင်၏။ လက်ရှိ အချိန် တင်္ဒဂလေးမှာပင် ဆံပင်တွေ ရှည်လာနေသည်ကို သတိပြုမိသင့်သည်။ ပစ္စုပ္ပန်ကို လွှတ်ချလိုက်မိသည်နှင့် စိတ်တို့သည် မရေတွက်နိုင်သော အဟုန်ဖြင့် ချစ်သူရှိရာ အရပ်သို့ ဦးတည်ထွက်ခွာသွားကြသည်။ အိပ်မပျော်သူတို့အဖို့ ညတာသည် ရှည်စမြဲ ဖြစ်သည်။ ဇွတ်မှိတ်အိပ်ဖို့ ဆန္ဒမရှိတော့သည့် တစ်ရေးနိုးညတွေလည်း များခဲ့ပြီ ဖြစ်၏။ ထိုညများတွင် စိတ်ဇက်ကြိုးတို့အား အသာဖြေချ ထားလိုက်တော့သည်။ ထို့နောက် နှုတ်မှလည်း ခပ်ဖွဖွလေး ရေရွတ်အမိန့်ပေးမိစမြဲ။ အလင်းထက်မြန်သော အရှိန်ဖြင့် ချစ်သူထံ ကဆုန်ပေါက် ပြေးစေ .. ဒီလိုနှင့် အာရုံကျင်း၍ အလင်းရောက်တော့မည်။ မနက်ဖြန်ကို ချောင်းကြည့်လိုက်တော့ ဘာမှ ရှိမနေသည့် အလွတ်တစ်ခု မဟုတ်တော့။ အလို .. ချစ်သူ့လက်နှင့် ပျိုးထားသော မျှော်လင့်ခြင်း
သစ်ပင်ငယ်လေးက နေရောင်ခြည်ကို ငံ့လင့်နေသည်ကော။ ။ 

 လေးစားစွာဖြင့် 

+မြတ်ပန်းနွယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)