ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 8, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
 **တရုတ်ကွန်မြူနစ်ပါတီရုံးအဆောက်အအုံရှေ့၌ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရ** 

(တိုင်ယွန်း နိုဝင်ဘာ ၆)
တရုတ်နိုင်ငံ ရှန်ဇီပြည်နယ် တရုတ်ကွန်မြူနစ်ပါတီရုံးအဆောက် အအုံရှေ့၌ နိုဝင်ဘာ ၆ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး အခြားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြထားသည်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၄၀ ၀န်းကျင်ကဖြစ်ပြီး အဆိုပါ ပြည်နယ်၏ တိုင်ယွန်းမြို့ ရင်းဇီ လမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိခဲ့သူ ရှစ်ဦးတွင် တစ်ဦးမှာ စိုးရိမ်ဖွယ်အနေအထားရှိ သည်ဟု သိရသည်။ ရင်းဇီလမ်းမပေါ် အနောက်မှ အရှေသို့ ကားမောင်းလာစဉ် မျက်မြင် ကြုံတွေ့ခဲ့ရသူတစ်ဦး ပြောကြား ချက်အရ ကျယ်လောင်သော ပေါက်ကွဲ သံတစ်ချက်ကြားရအပြီး မီးခိုးများ လိမ့်တက်ကာ မီးတောက်များ ထွက် ပေါ်လာသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

**ပြောကြား**

အဆိုပါ ရုံးအဆောက် အအုံရှေ့ ယာဉ်ကြောထိန်းအချက်ပြမီး စောင့်နေချိန် မီနီဗင်ကားတစ်စီး မီးခိုးလုံးများနှင့်အတူ ပေါက်ကွဲထွက် ကာ အပိုင်းအစများ ပြန့်ကျဲသွား သည်ကို တွေ့ရခြင်းဖြစ်ကြောင်း ဖြည့် စွက်ပြောကြားထားသည်။

**စုံစမ်းစစ်ဆေး**
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင် စတီးလုံးလေးများ တွေ့ရသဖြင့် လက် လုပ်ဗုံးများ ဖြစ်နိုင်သည်ဟု သံသယရှိထားပြီး ပေါက်ကွဲမှုဖြစ်သည့် နေရာကို လုံခြုံရေးများ စောင့်ကြပ် ထားသည်။ ရဲတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေး နေဆဲဟု သိရသည်။ (ဆင်ဟွာ)

**တိုကျိုကို အမေရိကန်က သူလျှိုလုပ်မှုနှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လိမ့်မည်ဟုဂျပန်ကာကွယ်ရေးဝန်ကြီး ပြောကြား**
(တိုကျို နိုဝင်ဘာ ၆)
တိုကျိုကို အမေရိကန်က သူလျှိုလုပ်သည်ဆိုသော သတင်းများထွက်ပေါ် လျက်ရှိရာ အမေရိကန်အနေဖြင့် အမှန်တရားကို သက်သေမပြနိုင်လျှင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လိမ့်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူ နိုရီအိုနိုဒါရာက ပြောကြားလိုက်သည်။ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ(အင်န်အက်စ်အေ)သည် ဂျပန် ကိုသူလျှိုလုပ်နေကြောင်း၊ အမေရိကန်က ဂျပန်၊ ဘရာဇီးနှင့် အခြားနိုင်ငံများ အပေါ် စီးပွားရေးအသာစီးရရန် ထောက်လှမ်းရေးသူလျှို အချက်အလက်များကို အသုံးချနေကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြပြီး နှစ်ရက်အကြာ အိုနို ဒါရာက အထက်ပါအတိုင်း မှတ်ချက်ပြုပြောဆိုလိုက်ခြင်းဖြစ်သည်။အမေရိ ကန်က ဂျပန်နိုင်ငံ၏ အဓိကအရေးကြီးသော အချက်အလက်များ၊ တရားမ၀င် စုဆောင်းနေခြင်းကို အလွန်စိုးရိမ်မိကြောင်း ၄င်းက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။ ဂျပန်ရှိ အမေရိကန်သံရုံးနှင့် အမေရိကန်စစ်အခြေစိုက်စခန်း များကို အသုံးပြုပြီး ဂျပန်ကို အီလက်ထရွန်နစ်သူလျှိုလုပ်နေကြောင်း စောစော ပိုင်းက အမည်မဖော်လိုသူ အမေရိကန်သတင်းရပ်ကွက်က အတည်ပြုပြောကြား သည်။ (ပရက်စ်တီဗွီ) 

** အက်ဒွပ်စနိုဒင်အားတွေ့ဆုံမေးမြန်းနိုင်ဖွယ်ရှိ၊မရှိ ဂျာမနီအစိုးးရအဖွဲ က လေ့လာ**
(ဘာလင် နိုဝင်ဘာ ၇)
 အမေရိကန်ပြည်ထောင်စုက ၀ရမ်းးပြေးအဖြစ် သတ်မှတ်ထားသူ အက်ဒွပ်စနိုဒင်အာ်းရုရှားနိုင်ငံ၌ တွေ့ဆုံမေးမြန်းနိုင်ရန် ဂျာမနီအစိုးးရအဖွဲ့က လိုလား ကြောင်း ၊ ပ်စနိုဒင်အားတွေ့ဆုံမေးမြန်းနိုင်ြ်ခင်း ရှ၊ိ၊မရှိ အစိုး ရအဖဲ့ွဲ့က လေ့လာလျက်ရှိကြောင်း ဂျာမန်ီသတင်းဌာနများက နိုဝင်ဘာ ၇ရက်တွင်သတင်း်ထုတ်ြ်ြ်ပန်သည။် ရုရှားနိုင်ငံ မြို့တော်မော်စကို၌ စနိုဒင်အား တွေ့ဆုံမေးမြန်းနိုင်ဖွယ်ရှိ၊မရှိ အစိုးရအဖွဲ့က လေ့လာသွားရန် လျှို့ဝှက်ထောက်လှမ်းရေးဆိုင်ရာ ပါလီမန် ကော်မတီမှ အမတ်များက တိုက်တွန်းခဲ့ကြသည်။ မော်စကို ၌ တွေ့ဆုံမေးမြန်းမှုခံယူခြင်းဖြင့် ၎င်းအတွက် အခက်အခဲ များနှင့် တွေ့ကြုံလာရနိုင်ခြင်းမရှိပါက တွေ့ဆုံမေးမြန်းလို ကြောင်း ပါလီမန်ထောက်လှမ်းရေးဆိုင်ရာကော်မတီဥက်္ကဋ္ဌ သောမတ်အော်ပါမန်းက ပြောကြားသည်။ စနိုဒင်သည် အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (အင်န်အက်စ်အေ) ၏ ထောက်လှမ်းရေးလုပ်ငန်းဆိုင်ရာ ကန်ထရိုက်ရရှိခဲ့သူဖြစ်ပြီး အမေရိကန်အစိုးရအဖွဲ့၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့မှုဖြင့် ၎င်းအား အစိုးရ က တရားစွဲဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ စနိုဒင်သည် ယခုအခါ ရုရှားနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် ရရှိထားသည်။ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများကို အမေရိကန် အမျိုးသားလုံခြုံ ရေးအေဂျင်စီက သိရှိနိုင်ရန် သူလျှိုလုပ်ခဲ့သည့် အရှုပ်တော် ပုံပေါ်ထွက်လာခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု များ ပေါ်ထွက်ခဲ့သည်။ (ပီတီအိုင်) 

**နယူးဂျာဆီ၊နယူးယောက်နှင့် ဗာဂျီးနီးယား ပြည်နယ်ရွေးကောက်ပွဲတွင် ဒီမိုက ရက်တို့ အနိုင်ရရှိ**
(နယူးယောက် နိုဝင်ဘာ ၆) 

နယူးယောက်နှင့် ဗာဂျီးနီးယား ပြည်နယ်ရွေးကောက်ပွဲတွင် ဒီမိုက ရက်တို့ အနိုင်ရရှိသွားကြောင်း၊ ယင်း မှာ အမေရိကန်သမ်္မတဘားရက်အို ဘားမား ၂၀၁၂ ခုနှစ်က ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပထမဆုံးကျင်းပသည့် အဓိက အရေးကြီးသော ရွေးကောက်ပွဲဖြစ် ကြောင်း နိုဝင်ဘာ ၆ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကနဦးရလဒ်များအရ ဘီလ်ဒေး ဘလက်စီယိုသည် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် မြို့တော် ၀န် မိုက်ကယ်ဘလွန်းဘတ်နေရာတွင် ပြောင်းလဲတာဝန်ထမ်းဆောင်ရလိမ့် မည်ဖြစ်သည်။ ယင်းမှာ ဒီမိုကရက် တို့က နယူးယောက်မြို့ကို ဆယ်စုနှစ် နှစ်ခုကြာပထမဆုံးတာဝန်ထမ်းဆောင် မှု ဖြစ်လာမည်ဖြစ်သည်။ ဗာဂျီးနီးယားပြည်နယ်တွင် တယ် ရီမက်အော်လီဖီးက အုပ်ချုပ်ရေး မှူးနေရာအတွက် ရီပတ်ဘလီကင် အမတ် ကင်ကုစင်နယ်လီကို ထပ်ပြီး အနိုင်ရလိုက်သည်။ နယူးဂျာဆီပြည်နယ်အုပ်ချုပ်ရေး မှူးအဖြစ် ရီပတ်ဘလီကင်အမတ် ခရစ်ခရစ်္စတီးက ပြန်လည်ရွေးချယ်ခံ ခဲ့ရသည်။ (ဘီဘီစီ) 

*မြင့်မောင်စိုး*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)