ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 9, 2013

--လူထုကျန်းမာရေး(အရိုးအဆစ် ရောင်ရမ်းခြင်းနှင့် ရှောင်ရန်၊ဆောင်ရန် ဓာတ်စာများ)---

>
**Public Health** 
အရိုးအဆစ်ရောင် ရောဂါရှိသူများဟာ အစားအသောက်နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို မေးလေ့ ရှိကြတယ်။ ယူရစ်အက်စစ်များ၍ ဖြစ်သော ဂေါက်ရောဂါ၊ အဝလွန်၍ဖြစ်သော အရိုးကျီးပေါင်းတက် ရောဂါတို့ကတော့ အစားအသောက်ကို ဆင်ခြင်စားသောက် ဖို့ လိုတယ်။ ဂေါက်လို့ခေါ်တဲ့ အဆစ်ရောင် ရောဂါရှိရင် နေ့တိုင်း နို့တစ်ခွက် သောက်သင့်တယ်။ ရေကိုလည်း များများ သောက်သင့်တယ်။ ယူရစ်အက်စစ် မြင့် တက်စေတဲ့ သားငါး များမှာ ပါတဲ့ ဝမ်းတွင်း ကလီစာ၊ ငါးဥ၊ မျှစ်၊ ပဲမြစ်၊ အစေ့အဆန် များတဲ့ အဆီ၊ ဘီယာ၊ ဝိုင်နဲ့ စည်သွတ်ဘူးတွေကို ရှောင်သင့်တယ်။ အမဲသား များများစားခြင်း၊ ပင်လယ် စာ (ဂုံး၊ ခရု၊ ပြည်ကြီးငါး) တွေကို ရှောင်ရမယ်။အသီးအနှံကို စားလို့ရပေမဲ့ ခရမ်းချဉ်သီးနဲ့ အာလူးတို့မှာ ပါတဲ့ အယ်ကာလွိုက် တစ်မျိုးက လူတချို့ကို အရိုးအဆစ် ရောင်စေနိုင်လို့ ဆင်ခြင် ရပါမယ်။ အရိုးကျီးပေါင်းတက် ရောဂါရှိသူဟာ ကိုယ်အလေးချိန် များခြင်းကို လျှော့ချဖို့ ဆိုရင် အစားအသောက် ဆင်ခြင်မှုက အဓိက ကျတယ်။ ဒါပေမဲ့လည်း မစားဘဲနဲ့တော့ အာဟာရ မဖြစ်၊ ဗိုက်မဝတာမို့ စားတော့ စားရပါမယ်။ သို့သော် အများကြီး မစားပါနဲ့။ ညနေစာကို ထမင်းမစား ဘဲ ပေါင်မုန့်၊ ဘီစကွတ် စားရမယ်။ ဟင်းကို ထမင်းလိုစားပြီး ထမင်းကို ဟင်းလိုစားပါ။ (တစ်ခါစားလျှင် ဆယ့်နှစ်ဇွန်းထက် ပိုမစားရ) မှတ်စားပါ။ ဟင်းချက်တဲ့အခါ အနှစ်များများ ထည့်စားရင် ဝစေတယ်။ အသားဖတ်သာ ယူစားတာတို့ ဟင်းသီးဟင်းရွက် ကြော်စားတာတို့ဟာ တင်းတိမ် သွားတတ်လို့ ဟင်းကို ထမင်းလို စားခိုင်းတာ ဖြစ်တယ်။
 ရှောင်သင့်တာက အသင့်စား ပြုလုပ် ထုပ်ပိုးထားတဲ့ ''စနပ်'' အစားအစာ ဖြစ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ ဘယာကြော်၊ အီကြာကွေးတို့ ဖြစ်ပြီး စပျစ်သီး၊ လိမ္မော်သီးနဲ့ ဆီးသီး စားနိုင်တယ်။ဗီတာမင်စီ လွန်ကဲရင် ကျီးပေါင်း တက်တာ ပိုဆိုးစေတယ်။ တစ်နေ့ ၁ဝဝ မီလီဂရမ်ထက် မပိုသင့်ဘူး။ ဆေးလိပ်၊ အရက်နဲ့ ကော်ဖီဖြတ်ရမယ်။ နေ့စဉ် နာရီဝက် အားကစား လေ့ကျင့်ခန်း(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ရမယ်။ တစ်နေ့ ရေတစ်ပုလင်းမှ နှစ်ပုလင်း သောက်သင့်တယ်။လေးဖက်နာ ရောဂါဟာ အရိုးကျီးပေါင်းထက် ပိုဆိုးတယ်။ အဝလွန်ခြင်းကြောင့် ဖြစ်တတ်တယ်။ ဝက်ဆီ၊ နှစ်ခါပြန်ကြော်ဆီ၊ ဆီအုန်းဆီတို့နဲ့ ကြော်လှော်ထားတဲ့ အစားအစာတွေ ကို မစားရ။ မပြည့်ဝဆီ (မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ)နဲ့ ကြော်လှော် ထားတဲ့ အစားအစာကိုသာ စားသင့်တယ်။ ဟမ်ဘာဂါ၊ ကြက်ကြော် စတဲ့ အသင့်အမြန်စား အစားအစာတွေဟာ အချို၊ အငန်၊ အဆီ(ပြည့်ဝဆီ) လွန်ကဲနေလို့ မစားသင့်ဘူး။ ပင်လယ်ငါး များများ စားသင့်တယ်။ ပင်လယ်ငါးမှာ အိုမီဂါ(၃)၊ (၆)နဲ့ ဖက်တီး အက်စစ်ပါဝင်လို့ ရောင်ရမ်းမှုမှ ကာကွယ်ပေးတယ်။ ငါးကြီးဆီ၊သံလွင်ဆီ၊ ဝါစေ့ဆီများဟာ အိုမီဂါ (၃) ပါဝင်တဲ့ မပြည့်ဝဆီ ဖြစ်လို့ အဆစ်နာ လူနာများ စားသုံးသင့်တယ်။ တစ်ပတ်မှာ သုံးရက်လောက် ပင်လယ်ငါး စားပါ။ နေ့စဉ် နာရီဝက်ခန့် အားကစားလုပ်ပါ။ ရေများများ သောက်ပါ။ တစ်နေ့ သစ်သီးတစ်လုံး စားပါ။ ဆေးလိပ်နဲ့အရက် ရှောင်ပါ။ အငန်၊ အဆီအဆိမ့် လျှော့ပါ။ ထမင်းကို ဟင်းလိုစားပြီး ဟင်းကို ထမင်းလိုစားပါ။ မြေထဲပင်လယ် ဒေသအစာလို့ ခေါ်တဲ့ ဟင်းသီးဟင်းရွက်ကို သံလွင်ဆီနဲ့ ကြော်စားပါ။ ဆီပြန်ဟင်းမှာ အဆီအနှစ် ဆမ်းမစားရ။ အစားလျှော့စားမှ ကိုယ်အလေးချိန် ကျပြီး (ဘီအမ်အိုင် ၁၈.၉ - ၂၄.၉) အထိရှိမှ အဆင်ပြေ နိုင်ပါတယ်။ 

 Written by ကေတု

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)