ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 13, 2013

---ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့အကြောင်း--

>
**Women of the Year 2013အဖြစ် ဂုဏ်ပြုခံရသည့် တေးသံရှင် လေဒီဂါဂါ**

အမြဲတမ်းလိုလို ဂီတလောကနှင့် ဖက်ရှင်ပိုင်းဆိုင်ရာများတွင် ထူးထူး ဆန်းဆန်းများ ဖန်တီးတတ်သည့် တေးသံရှင် လေဒီဂါဂါအား အမေရိကန် နိုင်ငံထုတ် အမျိုးသမီးရေးရာမဂ်္ဂဇင်းတစ်စောင်ဖြစ်သည့်Glamourမဂ်္ဂဇင်း မှ ၂၀၁၃ ခုနှစ်၏Women of the Yearအဖြစ် ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် တေးသံရှင် လေဒီဂါဂါသည် ၎င်း၏Born This Way ဖောင်ဒေးရှင်းကို ဂုဏ်ပြုသောအားဖြင့်Monster Talent Awardကိုလည်း ဂုဏ်ပြုပေးခဲ့ပြီး အဆိုပါ ဆုသည် တစ်နှစ်တာအတွင်း ထူးချွန်ပြောင်မြောက်ပြီး သမားရိုးကျဘ၀မှ ဖောက်ထွက်ကာ အောင်မြင်မှု ရရှိခဲ့ကြသည့်အမျိုးသမီးများကို အပ်နှင်းသည့်ဂုဏ်ပြု ဆုတစ်ခုဖြစ်ကြောင်း Glamourမဂ်္ဂဇင်းမှ အယ်ဒီတာချုပ်Cindi Leiveကဂုဏ်ပြုအခမ်းအနား တွင် ပြောကြားခဲ့သည်။ တေးသံရှင် လေဒီဂါဂါသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ရှိခဲ့ သည့် သူ၏ Artpopအယ်လ်ဘမ်အသစ် မိတ်ဆက်ပွဲအခမ်းအနားတွင် ဘက်ထရီကိုအသုံးပြုထားပြီး သတ်္တုပြားများဖြင့် ပြုလုပ်ထားသည့် ကမ်္ဘာ့ပထမ ဆုံး ပျံသန်းနိုင်သည့် အဖြူရောင်ဝတ်စုံကို ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

**ဒီယေဂိုကော်စတာစပိန်အသင်းမှထွက်ခဲ့ရ**
အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ပေါင်ဒဏ်ရာရသဖြင့် စပိန် အသင်းမှထွက်ခဲ့ရသည်။ အသက် (၂၅ နှစ်) ရှိ ဘရာဇီးနွယ်ဖွား ကော်စတာသည် စပိန်အတွက် ကစားပေးရန် ရွေးချယ်ထားသော်လည်း ဒဏ်ရာ ကြောင့် ထွက်ခဲ့ရသည်။ စပိန်အသင်းသည် အီကွေ တိုရီရယ်ဂီနီနှင့် တောင်အာဖရိကသို့ ခြေစွမ်းပွဲ သွား ရောက်ကစားရန်ရှိသည်။ ကော်စတာသည် မတ်လက ဘရာဇီးအသင်းနှင့်အတူ ရုရှား၊ အီတလီတို့နှင့် ကစားသည့်ပွဲများတွင် ပါဝင်ကစားပေးခဲ့သည်။ သို့ရာတွင် နိုင်ငံတကာပွဲများ မဟုတ်ဘဲ ချစ်ကြည်ရေးပွဲများတွင် နိုင်ငံကိုယ်စားပြုကစားနိုင်ခြင်းကြောင့် စပိန်အသင်းနှင့်အတူ ကော်စတာက ပါဝင်ကစားရန်ဆုံးဖြတ်ခဲ့သည်။  

**တိုက်စစ်မှူးး အီဘရာဟီမိုဗစ်ခ်ျပေါ်တူဂီအသင်းနှင့် Play offပွဲစဉ်တွင်ပါဝင်လာမည်**
ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ၂၀၁၄ ကမ်္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်အတွက် မသေချာမရေရာအခြေအနေတွင် ရှိနေသေးသည့် ဆွီဒင်အသင်းသည် နိုဝင်ဘာ ၁၅ ရက်တွင် ကစားမည့် ပေါ်တူဂီအသင်းနှင့် Play offပွဲစဉ်တွင် အနိုင်ကစားကာ ကမ်္ဘာ့ဖလားဝင်ခွင့်အတွက် စွမ်းဆောင် သွားမည်ဖြစ်ရာ ယင်းပွဲစဉ်တွင် ဆွီဒင်၏ ဘောလုံးဘုရင်ဟု တင်စားခံထားရသည့် ပီအက်စ်ဂျီတိုက်စစ်မှူးး အီဘရာ ဟီမိုဗစ်ခ်ျပါဝင်လာမည် ဖြစ်သည်။ အသက်(၃၂)နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူးး အီဘရာ ဟီမိုဗစ်ခ်ျသည် ၂၀၁၃ ခုနှစ် ဖီဖာBallon d'Orဆုအတွက် လည်း အမည်စာရင်းတင်သွင်းခံထားရသည့် တိုက်စစ်မှူးး တစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် လက်ရှိတွင် သွင်းဂိုး ၄၉ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီးဖြစ်သည်။

 **ဂျိုကိုဗစ်က ရာဖေးလ်နာဒယ်ကိုနိုင်ပြီး ရာသီပိတ်ဖလားကို တတိယအကြိမ်မြောက်အဖြစ်ပြန်လည်ရယူ**
တင်းနစ်လောက၏ အထွတ်အထိပ်ပြိုင်ပွဲကြီးဖြစ်သောATP World Tourကိုလန်ဒန်မြို့ ၌ ကျင်းပခဲ့ရာ နာမည်ကြီး ဂျိုကိုဗစ်က ရာဖေးလ်နာဒယ်ကိုနိုင်ပြီး ဖလားပြန်လည်ရယူသွားနိုင်ခဲ့သည်။ ပြီးခဲ့သည့်လက ကမ်္ဘာ့နံပါတ်တစ်နေရာကို လွှဲပြောင်းပေးခဲ့ရ သော ရာဖေးလ်နာဒယ်ကို ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကို ဗစ်က ၆-၃၊၆-၄ ဖြင့် အနိုင်ရရှိသွားပြီး ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်ထားနိုင်ခဲ့သည်။ အသက် ၂၆ နှစ်ရှိ ဂျိုကိုဗစ်သည် ယင်းဖလားဆွတ်ခူးလိုက်နိုင် ခြင်းမှာ ၂၂ ပွဲ ရှုံးပွဲမရှိ စံချိန်တင်လိုက်ခြင်းလည်းဖြစ်သည်။ ၄င်း သည် အဆိုပါ ရာသီပိတ်ဖလားကို တတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ဂျိုကိုဗစ်သည် သောကြာနေ့တွင် ဆားဘီးယားနှင့်ချက်သမ်္မတ နိုင်ငံတို့ ယှဉ်ပြိုင်ကစားမည့် ဒေးဗစ်ဖလားဗိုလ်လုပွဲ၌ ဆားဘီးယား နိုင်ငံကိုယ်စားပြု ကစားပေးရန်ထွက်ခွာသွားပြီဖြစ်သည်။ ရာဖေးလ်နာဒယ်သည် ရာသီပိတ်ဖလားလက်လွတ်ခဲ့ရ သော်လည်း နှစ်ကုန်အထိ ကမ်္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား အဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ ယခုပြိုင်ပွဲသည် လာမည့် ဂရင်းဆလမ်ပြိုင်ပွဲများအတွက် ထပ်မံဖလားဆွတ်ခူးနိုင် မည့် အကောင်းဆုံးတင်းနစ်စွမ်းရည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း ဂျိုကိုဗစ်က ပြိုင်ပွဲအပြီး ပြောကြားခဲ့သည်။ 

+အာကာကျော်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)