ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 7, 2013

---ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့အကြောင်း--

>
** အာရှ၏ ထိပ်တန်းအနုပညာရှင်တစ်ဦး အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးခဲ့ရသည့် ရိန်း**

 တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင်နှင့် အဆို တော်တစ်ဦးဖြစ်သူ ရိန်းအား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် BAZAAR Men’s Style ဆုပေးပွဲ အခမ်းအနားတွင် အာရှ၏ ထိပ်တန်းအနုပညာရှင်တစ်ဦး အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးခဲ့ကြောင်းသိရသည်။ ရိန်းသည် အနုပညာကဏ္ဍတွင် ရုပ်ရှင်သရုပ်ဆောင်၊ အဆို၊ အက ပိုင်းဆိုင်ရာများကိုပါ ဘက်စုံကဏ္ဍစုံတွင် ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် အဆိုပါဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဆုပေးပွဲ အခမ်းအနား တွင် ရိန်းက ၎င်း၏ နာမည်ကျော် တေးသီချင်းများဖြစ်သည့် Hip Song နှင့် I Doနှင့် သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ရိန်းသည် လွန်ခဲ့သည့် ဇူလိုင်လအတွင်းက တပ်မတော် တွင်တာဝန် ထမ်းဆောင်ခြင်းလုပ်ငန်းများ အောင်မြင်စွာပြီးဆုံးခဲ့ပြီး သြဂုတ်လ အတွင်းက ထိုင်းနိုင်ငံ၌ ကျင်းပသည့် ဂီတပွဲတော်တွင်လည်း ပါဝင် ဖျော်ဖြေခဲ့ကာ ယခုလတွင် ဂျပန်နိုင်ငံ၌ ဂီတဖျော်ဖြေပွဲများ ကျင်းပသွားရန် ရှိကြောင်း သိရသည်။

**အင်္ဂလန်အသင်းကမ်္ဘာ့ဖလားမရနိုင်ကြောင်း နည်းပြဟောင်းအဲရစ်ဆင်က ပြောကြား**
အင်္ဂလန်အသင်းသည် လာမည့်နွေရာသီတွင် ကျင်းပမည့် ကမ်္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဖလားဆွတ်ခူးရန် အခွင့်အလမ်းမရှိကြောင်း နည်းပြ ဟောင်း ဆဗင်ဂိုရန်အဲရစ်ဆင်က ပြောကြားလိုက်သည်။ အသက် ၆၅ နှစ်ရှိ ဆွီဒင်နိုင်ငံသား အဲရစ်ဆင်သည် ယခုအခါ တရုတ် စူပါလိဂ်အသင်း ကွမ်ကျိုး အသင်းတွင် နည်းပြလုပ်နေသည်။ ၎င်းသည် ၂၀၀၂ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တို့တွင် အင်္ဂလန်အသင်းကို ကမ်္ဘာ့ဖလား ကွာတား ဖိုင်နယ်တက်နိုင်သည်အထိ ပို့ပေးနိုင်ခဲ့သည်။ ““ကျွန်တော့်အနေနဲ့ ပြောရရင် တော့ အင်္ဂလန်အသင်း လာမယ့်ကမ်္ဘာ့ဖလားမှာ ဖလားရမယ်မထင်ပါဘူး။ အဲ-ဒါပေမယ့် ၂၀၁၈ ရုရှားမှာဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်၊ အင်္ဂလန် လူငယ်ကစားသမားအများအပြားရှိနေတာကြောင့် ၂၀၁၈ ကမ်္ဘာ့ဖလား ဆိုရင်တော့ ဖြစ်နိုင်ပါတယ်””ဟု အဲရစ်ဆင်က ဘီဘီစီရေဒီယိုသို့ ပြောကြားသည်။  

** ယူကျုဂီတဆုပေးပွဲ Girls'Generation တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆုကို ရရှိ**
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ယူကျုဂီတဆုပေးပွဲအခမ်းအနားတွင် Girls' Generation တောင်ကိုရီးယားဆယ်ကျော်သက်အမျိုးသမီးတေးဂီတအဖွဲ့က I Got a Boy သီချင်းဖြင့် ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆုကို ရရှိခဲ့သည်။ ၎င်းအပြင် တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကို အမေရိကန် ရက်ပ်အဆိုတော် Eminemက လည်းကောင်း၊ ကန်းထရီးတေးသံရှင် တေလာဆွတ်ဖ်က ယူကျု၏ အံ့ဖွယ်ပုဂ်္ဂိုလ်ဆုကို လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။
ထို့အပြင် တောင်ကိုရီးယားအဆိုတော်PSYသည် ယင်းဆု ပေးပွဲ၏ ဆုအမျိုးအစားသုံးမျိုးအတွက် ဆန်ခါတင်ရွေးချယ်ခြင်းခံထားရသော်လည်း ဆုပေးပွဲ အခမ်းအနားတွင်မူ ဆုတစ်ဆုမျှ ရွေးချယ်ခြင်း မခံခဲ့ရပေ။ 

**ဖက်ဒရေးရှင်းဖလားအမျိုးသမီးတင်းနစ်ပြိုင်ပွဲအီတလီ စတုတ်္ထအကြိမ်မြောက် ဖလားဆွတ်ခူး**
ဖက်ဒရေးရှင်းဖလားအမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် အီတလီမှ ဆာရာ အာရန်နီက ရုရှားတင်းနစ်မယ်အလီဆာကလေးဘာနိုဗာအား သုံးပွဲပြတ်ဖြင့် အနိုင်ရပြီး အီတလီနိုင်ငံအတွက် စတုတ်္ထအကြိမ်မြောက် ဖလားဆွတ်ခူးသွားခဲ့သည်။ ကမ်္ဘာ့နံပါတ်(၇)အဆင့်ရှိ အီတလီတင်းနစ်မယ် အာရန်နီသည် ၆-၁၊ ၆-၁ ဖြင့် ရုရှားတင်းနစ်မယ်ကို အနိုင်ရလိုက်သည်။ အီတလီက စနေနေ့အထိ နှစ်ပွဲပြတ်ဖြင့် ဦးဆောင်ခဲ့ပြီးနောက် နောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ကစားခဲ့ ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် နာမည်ကြီး ရုရှားတင်းနစ်မယ်မာရီယာရှာရာပိုဗာ ပခုံးဒဏ်ရာရထားသဖြင့် မပါဝင်နိုင်ခဲ့ပေ။ ကွတ်ညက်ဆိုဗာနှင့်ပက်ထရိုဗာ တို့လည်း နောက်ဆုံးပြိုင်ပွဲများအထိ မကစားနိုင်ခဲ့ပေ။ ရုရှားအမျိုးသမီး အသင်း တွင် နာမည်ကြီးတင်းနစ်မယ်များဒဏ်ရာရထားခြင်းနှင့် အနားယူကြခြင်း တို့ကြောင့် ဖလားနှင့် လွဲချော်ခဲ့ကြသည်။ အီတလီအမျိုးသမီးအသင်းသည် ဖက်ဒရေးရှင်းဖလားကို လေးကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

 +မျိုးစန်္ဒာမောင်-ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)