ပရီမီယာလိဂ်ပွဲစဉ် (၁၃)ကို နိုဝင် ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက်မှာ ဆက်လက်ယှဉ်ပြိုင်တဲ့အခါ ပရိသတ် ရင်ခုန်စရာပွဲစဉ်တွေကို ရသမြောက် ခံစားရပါဦးမယ်။ စပါးနဲ့ မန်ယူတို့က အမှားမခံသလို ချယ်လ်ဆီးကလည်း ခံစစ်ဂုဏ်မောက်နေတဲ့ ဆောက်သမ် တန်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပွဲကောင်း တော့လာပြီ ဖြစ်ပါတယ်။
**စပါးနှင့် မန်ယူ**
စပါးကွင်းမှာ မန်ယူတို့ အကြိတ် အနယ်ကစားခဲ့ရတာချည်း ဖြစ်ပါ တယ်။ စပါးဟာ ဖွဲ့စည်းမှုအသစ်နဲ့ ဖြတ်သန်းနေတဲ့အတွက် ဂါရက် ဘေးလ်မရှိပေမယ့် တစ်ဦးချင်းရဲ့ လုပ်အားနှုန်းက မြင့်မားနေဆဲ ဖြစ်ပါ တယ်။ မန်ယူတို့ကတော့ ဒီနှစ်ဘောလုံး ရာသီမှာ ပုံမှန်ခြေစွမ်းပြန်ရအောင် ကြိုးစားနေရဆဲဖြစ်ပေမယ့် တိုက်စစ် စွမ်းရည်က ထက်မြက်နေဆဲဖြစ်တာမို့ အားထည့်မှု၊ ဗျူဟာအခင်းအကျင်း မှန်ကန်မှုတွေ ပေါင်းစပ်နိုင်ရင်တော့ ဂိုးမပြတ်ပေမယ့် အမှတ်ပြည့်ရအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ စပါးရဲ့အိမ်ကွင်းခြေစွမ်းက မာကျောတာကို တော့ မန်ယူတို့ မေ့ထားလို့မရပါဘူး။
**ချယ်လ်ဆီးနှင့် ဆောက်သမ်တန်**
*ဟားလ်စီးတီးနှင့် လီဗာပူး**
လီဗာပူးတို့အတွက် ဖိအားတွေ လျော့ကျအောင် ကြိုးစားနိုင်မယ့်ပွဲ အဖြစ် စွမ်းဆောင်ရမယ့်ပွဲပါပဲ။ ဟားလ် စီးတီးတို့က အိမ်ကွင်းမှာမထင်မှတ်တာ တွေ လုပ်ပြတတ်တာမို့လီဗာပူးတို့ သတိ ထားရမှာ ဖြစ်ပါတယ်။ အမှတ်လိုအပ် နေတဲ့ ဟားလ်စီးတီးတို့က ဒီပွဲမှာ အမှတ် ရအောင် ခြေကုန်ထုတ်ပါလိမ့်မယ်။
**ကာဒစ်နှင့် အာဆင်နယ်**
အသင်းကြီးတွေနဲ့ ဆက်တိုက် တိုးနေတဲ့ ကာဒစ်တို့အတွက် ရင်ပူရ မယ့်ပွဲပါပဲ။ ဒါပေမယ့် အိမ်ကွင်းမှာ အသင်းကြီးတွေကို ခြိမ်းခြောက်နိုင်တဲ့ ကာဒစ်ကို အာဆင်နယ်တို့ လျှော့တွက် ရင် မှားပါလိမ့်မယ်။ ဒီနှစ်ဘောလုံး ရာသီမှာ မျှော်လင့်ချက်ကြီးကြီး ထားနေတဲ့ နည်းပြအာစင်ဝင်းဂါး ကတော့ အနိုင်ရလဒ်ကို ကပ်ပြီးယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment