**ဘီလ်ဘာအိုနှင့် ဘာစီလိုနာ**
တိုက်စစ်မှူးမက်ဆီရော ဂိုးသမား ဗီဒက်ပါ မပါဝင်နိုင်တဲ့ ဒီပွဲအတွက် တော့ ဘာစီလိုနာတို့အခက်တွေ့ စရာဖြစ်နေပါတယ်။ ဘာစီလိုနာ ဟာပွဲ တိုင်းအနိုင်ယူရေးဦးတည် နေပေမယ့် ကစားသမားမစုံလင်တာ ကြောင့် အနိုင်ရရေးဟာ ရင်ပူစရာ ဖြစ်နေပါတယ်။ ဘီလ်ဘာအိုကွင်းမှာ ဘာစီလိုနာတို့အသာစီးရအောင် ကြိုး စားနိုင်ခဲ့သလို သရေပွဲဖြစ်အောင်ရုန်း ကန်ရတဲ့ အစဉ်အလာရှိတာမို့ ဘီလ် ဘာအိုတို့အမှတ်ရနိုင်တဲ့ပွဲဖြစ်ပါတယ်။
**ရီးရဲမက်ဒရစ်နှင့် ဗယ်လာဒိုလစ်**
ဒဏ်ရာရရှိနေတဲ့ စီရော်နယ်ဒို ပါဝင်ဖို့ မသေချာပေမယ့် အမှတ်ပြည့် ရယူရေးအရေးကြီးနေတာမို့ ဒီပွဲကို အိမ်ကွင်းမှာ ရီးရဲမက်ဒရစ်တို့ အနိုင် ကစားပါလိမ့်မယ်။ ဗယ်လာဒိုလစ်နဲ့ ဆုံတိုင်း ရီးရဲမက်ဒရစ်တို့ ဖိအားပေး ကစားနိုင်တာမို့ ဘာနေဗျူးမှာ အိမ်ရှင် တို့ပဲ သုံးမှတ်ရယူဖို့ ရှိနေပါတယ်။ အယ်လ်ချီနှင့် အက်သလက်တီကို တန်းစီဇယားထိပ်ဆုံးက ဘာစီ လိုနာကို ဖိအားပေးနေတဲ့ အက်သ လက်တီကိုဟာ ဒီပွဲမှာအဝေးကွင်း ဆိုပေမယ့် အယ်လ်ချီကို တိုက်စစ်ဖွင့် ကစားပါလိမ့်မယ်။ အိမ်ကွင်းမှာ ခံစစ်လုံအောင် ကစားတတ်တဲ့ အယ်လ်ချီတို့ကတော့ အက်သလက် တီကိုရဲ့ တိုက်စစ်ကို ဟန့်တားရင်း အမြင့်ဆုံး မျှော်လင့်ချက်က တစ်မှတ် လောက်ပဲဖြစ်နိုင်ပါတယ်။
**ဗီလာရီးရဲနှင့် မာလာဂါ**
ခြေရည်တူဆုံတွေ့တဲ့ ပွဲမို့အကြိတ် အနယ်ရှိမှာသေချာပါတယ်။ နှစ်သင်း စလုံးအမှတ်ပြည့်ရယူနိုင်ရေးခြေကုန် ထုတ်ကြမှာမို့ ဒီပွဲဟာပွဲကောင်းတစ်ပွဲ ပါပဲ။ ဒါပေမယ့် အိမ်ကွင်းမှာ ရလဒ် ကောင်းအောင် ဆောင်ကြဉ်းတတ်တဲ့ ဗီလာရီးရဲကို အဝေးကွင်း ခြေပျက် တတ်တဲ့မာလာဂါတို့ ပွဲအပြီးမှာ အပျော်အပြုံးတွေ မရနိုင်ပါဘူး။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment