ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 30, 2013

--အမှောင်ထဲမှာ ပြဿသနာရှာမှာလား၊အဖြေရာမှာလား ကမ္ဘာ့ရွာက စောင့်ကြည့်နေတယ်..

>
(၃၀ နိုဝင်ဘာ ၂၀၁၃)
ဆက်သွယ်ရေးနည်းပညာများ၏ တဟုန်ထိုး တိုးတက်မှုကြောင့် ကမ္ဘာကြီးသည် ရွာတစ်ခုလို တဖြည်းဖြည်းကျဉ်းလာကာ ယခင်ကလို တစ်နိုင်ငံထဲ အထီးကျန်နေထိုင်ရန် မည်သို့ မှ မဖြစ်နိုင်တော့ချေ။ လက်ရှိကမ္ဘာကြီး၌ ဖြစ်ပျက်နေသော ပဌိပက္ခများ ၊ ပြဿသနာများကို အဖြေရှာရာတွင် ယခင်နှင့်မတူ ကွဲပြားကာ နည်းလမ်းရှာ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ပြောင်းလဲလာသည်ကို တွေ့ ရှိရပေမည်။ အထူးသဖြင့်ကမ္ဘာ့နိုင်ငံကြီးများသည် ကျောထောက်နောက်ခံပေးထားသည့် နိုင်ငံ၏ နိုင်ငံရေး ပြဿသနာများကို စစ်ရေးဖြင့် အဖြေရှာခြင်းအစား နှစ်ဦးနှစ်ဖက် ပြေလည်နိုင်မည့် နည်းကို အဓိကထား ဦးစားပေးကာ ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းကို ကျင့်သုံးလာသည်ကို တွေ့ မြင်ရပေမည် ။လက်တွေ့ ကျပြီး အနာဂတ်တွင် ရေရှည်အကျိုး ကျေးဇူးများအားထည့်သွင်း ဆင်ခြင်သုံးသပ်ကာနည်းမှန်လမ်းမှန်ကို ရွေးချယ်ခဲ့ကြပေသည်။ ယနေ့ ထူးခြားစွာပြောင်းလဲ ဖြစ်ပျက်နေသော ကမ္ဘာ့ နိုင်ငံရေးဖြစ်စဉ်များသည် စိတ်ဝင်စားဖွယ်အတိဖြင့် အစပြုကာ စိတ်လှုပ်ရှားဖွယ်အတိဖြင့် အဆုံးသတ်မည့်ကိန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်နေသည်မှာ အငြင်းပွားဖွယ်ရာ ရှိပေမည့် လက်တလော ကျေနပ်အားရဖွယ်ရာများ ပြည့်နှက်နေပေသည်။ ယင်းဖြစ်စဉ်များထဲမှ ပူပူနွေးနွေး ဆီးရီးယား အရေးကို ကြည့်လျှင် ထင်ထင်ရှား ရှားတွေ့ ရမည်မှာ ဆီးရီးယားအာဏာရှင် အစိုးရသည် ဓာတုလက်နက်ကို အသုံးပြုမှုကြောင့် ပြည်သူများသေဆုံးခဲ့ရသည့်အရေးအပေါ် အမေရိကန်မှ မည်သို့ အရေးယူ ဆောင်ရွက်မည်လောဟု ကမ္ဘာတစ်ဝှမ်း တွင် တရုန်းရုန်းဖြစ်လျက် စိတ်ဝင်စားခဲ့ကြသည် ။
 နောက်ဆုံးတွင်အမေရိကန်နှင့် ရုရှားနိုင်ငံတို့ ၏သံတမန်ရေးရာ အဖြေရှာမှုကြောင့် ဆီးရီးယားအာဏာရှင် အာဆတ် သည် ယခင်အီရတ်နိုင်ငံမှ ဆာဒမ်ဟူစိန်လို အဆုံးမသတ်ပေမည့် လူထုကို သာမက ကမ္ဘာကိုပါ ခြိမ်းခြောက်နေသော ဓာတုလက်နက်ဖျက်သိမ်းရေးကို ဆီးရီးယားအစိုးရမှ လိုက်လျောခဲ့ရပေသည် ။
ကမ္ဘာတစ်ဝှမ်း ဟိုးလေးတကျော်ကျော် ဖြစ်နေသော စိုးရိမ်ဖွယ် အီရန် နျူကရီးယား အရေးသည်ပင် အီရန်နှင့် အမေရိကန်အစိုးရတို့ ၏လပေါင်းများစွာ လျို့ ဝှက်ဆွေးနွေး မှုများ၏ ရလဒ်ဟု သတင်းအချက်အလက်များကဆိုသည် ။ အီရန်၏ နျူကရီးယားစီမံကိန်းကို ရပ်တန့် မည်ဖြစ်ပြီး အီရန်အနေဖြင့် နိုင်ငံတကာကို နျူကရီးယားစီမံကိန်းအား လေ့လာ အကဲဖြတ်ကြည့်ခွင့်ပြုခြင်း၏ရလဒ်အဖြစ် အီရန်အပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့ မှုကို အမေရိကန်အပါအ၀င် နိုင်ငံတကာမှ ရုတ်သိမ်းပေလိမ့်မည်။ ယနေ့ ကမ္ဘာသည် ပြဿသနာကိုပြဿသနာဖြင့် တုန့် ပြန်သည့် နည်းအစား အဖြေမှန်ကို ၀ိုင်းဝန်း ရှာဖွေသည့်နည်းကို အချိန်ယူကာ မဖြစ်မနေလုပ်ဆောင်နေသည်ကို တွေ့ မြင်ရပေမည် ။ ယနေ့ မြန်မာပြည်သည်လည်း အာဆီယံ ဥက္ကဌ ရာထူးကို ရယူလိုက်သည့် အချိန်က စတင်ကာ ကမ္ဘာ့နိုင်ငံကြီးများ၏ ပထ၀ီနိုင်ငံရေး ၊ စီးပွားရေးဖြစ်စဉ်များထဲတွငိ တနည်းမဟုတ်တနည်း ဆက်သွယ်ပတ်သက်နေပေပြီ ။နိုင်ငံရေး တည်ငြိမ်မှုသည် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ခြင်း၏ လမ်းစပင်ဖြစ်သလို စစ်မှန်သော ငြိမ်းချမ်းရေးပုံဖော်တည်ဆောက်မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အဓိက သွေးကြောမပင်ဖြစ်ပေသည် ။ ကမ္ဘာကြီး၏ အတွေးအခေါ်ပြောင်းလဲမှု လမ်းကြောင်းထဲတွင် နောက်ကျမကျန်ရစ်ပဲ နိုင်ငံရေး ပြဿာနာကို နှစ်ပေါင်းများစွာ လက်နက်ဖြင့် အဖြေရှာခြင်းအစား လက်တွေ့ ကျကျ စားပွဲဝိုင်းတွင် အဖြေရှာရမည့် အချိန်အခါပင် ဖြစ်ပေသည် ။ မိဘများ ရန်ဖြစ်နေသည်ကို ကြည့်ပြီး ငိုနေရသော ကလေးလို ပြည်သူ့ ဘ၀သည် ဆင်းရဲတွင်းနက်ထဲ မျက်ရည်နှင့် မျက်ခွက် ဖြစ်ခဲ့ရပေါင်း များပေပြီ ။ စစ်မှန်သော ငြိမ်းချမ်းရေးကို ရှာဖွေခြင်းသည်ပင် လူကြီးလူကောင်း ပီသရာရောက်သလို ပျောက်ဆုံးနေသော ယုံကြည်မှုများ ပြန်လည်ကောက်ရစရာ အကြောင်းပင် ဖြစ်ပေလိမ့်မည် ။
ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံအရေး ကိစ္စအ၀၀သည် တိုင်းပြည်၏ အနာဂတ်ကံကြမ္မာကို တည့်မတ်ပေးမှုအပါအ၀င် အဆုံးအဖြတ်ပေးမည့် အရာများဖြစ်ပေရာ အစိုးရ ၊အတိုက်အခံ ၊တိုင်းရင်း သားခေါင်းဆောင်များမှ ရိုးသားမှုပေါ်အခြေခံပြီး အဖြေမှန်ကို ၀ိုင်းဝန်းစဉ်းစားလျက် ခေါင်းချင်းဆိုင်ဖြေရှင်းရမည့် အချိန်အခါပင်ဖြစ်ပေသည် ။

 ႀသစေတ်းလ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောဆို သုံးသပ်သလို တိုင်းရင်း သားအားလုံး၏ လိုလားသော အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရိုးသားမှုဖြင့် အစပြုရပေမည် ။တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးမှသည် နိုင်ငံရေး စားပွဲဝိုင်းအခင်းအကျင်းသည် အမှောင်ထဲမှ တိုင်းပြည်ကို ကယ်တင်ဆွဲထုတ်နိုင်မည့် တစ်ခုထဲသော ထွက်ပေါက်ဖြစ်နိုင်ချေဖြစ်ပြီး ဆင်းရဲတွင်း ချောက်နက်ထဲဆွဲချနေသော ဖိနှိပ်မှု သေနတ်သံများကို လူထုမှ မကြားလို မမြင်လို တော့ကြောင်း အသိပေး တင်ပြလိုက်ရပါသည် ။လက်ရှိအစ်ုးရအနေဖြင့် ရွေးချယ်ရမည်မှာ အမှောင်ထဲမှာ ပြဿသနာရှာမှာလား အဖြေရာမှာလားဆိုတာ ပြောင်းလဲနေသော ကမ္ဘာမှ စောင့်ကြည့်နေပေသည် ။

+အောင်ခိုင်မြင့်+

၃၀ နိုဝင်ဘာ ၂၀၁၃

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)