ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 30, 2013

--မဟာဂီတဦးပြုံးချို---

>
စာပေနှင့်ဂီတလောကတွင် မဟာဂီတကျိုက်လတ် ဦးပြုံးချို၏ ““တေးဘုမ်္မာ””ဓမ်္မဂီတနိဗ်္ဗိန်္ဒ သီချင်းသည် နှစ်ပေါင်း ၁၀၀ ကျော်သည့်တိုင် ထင်ရှားလျက် လူကြိုက်များနေဆဲ ဖြစ်၏။ မူလအဆိုတော်မှာ ဆရာကြီးဦးပြုံးချို၏ သမီး အဆိုတော် ဒေါ်ခင်မြင့်ဖြစ်သည်။ မိမိသည် အိပ်ရာဝင်တိုင်း ““တေးဘုမ်္မာ””သီချင်းကို တစ်ခေါက်နားထောင်ပြီးမှ အိပ်ရာ ၀င်လေ့ရှိသည်။

““တေးဘုမ်္မာ၊ အနိစ်္စာဒုက်္ခ၊ အနတ်္တာ၊ တရားမရလို့ များလှသံသရာ၊ ကာမောဃာ၊ ဘဝေါဃာ၊ အ၀ိဇေ်္ဇာဃာ၊ စိတ်မောတာ မကင်းတာ၊ အရင်းခံသူတဏှာ””အစချီသော ဓမ်္မဂီတ နိဗ်္ဗိန်္ဒသီချင်းကို လွန်ခဲ့သောနှစ် ၁၀၀ ကျော်က ကျိုက်လတ်မြို့က အဘိဓမ်္မာဆရာကြီး ဆရာလှိုက်သည် တစ်ပိုဒ်စီ၊ တစ်ပိုဒ်စီဆိုပြီး အကျယ်ချဲ့ကာ အဘိဓမ်္မာကို ဟောရာ ခုနစ်ရက်တိတိဟောခဲ့ရကြောင်း လေ့လာသိရှိရသည်။

စာပေနှင့်ဂီတတွင် ထူးချွန်လှသော ဦးပြုံးချိုအား ကောဇာသက်္ကရာဇ် ၁၂၄၀ ပြည့်နှစ်တွင် ကျိုက်လတ်မြို့၌ အဘဆရာစီ၊ အမိဒေါ်ထွေး တို့က ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဆရာစီ၏ အဘိုးသည် ဗန့်ကျီဝန်ဦးရွှေရုပ်ဖြစ်သည်။ ဦးပြုံးချိုအား အများက မဟာ ဂီတဦးပြုံးချိုဟု ခေါ်ကြသည်။ ဦးပြုံးချိုသည် ငယ်စဉ်ကတည်းက ဂီတဘက်တွင် ပါရမီ သန်လှ၍ (၁၁) နှစ်သားကပင် သီချင်းရေးဆရာဖြစ်ခဲ့သည်။ (၁၆ )နှစ်သားပြည့်သောအခါ စောင်းပညာကို မင်းပွဲသဘင်၌ တီးခတ်နိုင်လောက်အောင် တတ်မြောက်ခဲ့၏။ ဦးပြုံးချိုသည် (၁၃) နှစ်သားအရွယ်ကပင် မိဘများနှင့်အတူမနေဘဲ ကွမ်းခြံ ကုန်းမြို့သို့သွားကာ ကိုယ့်ထူးကိုယ်ချွန် ပညာများ ရှာမှီး ဆည်းပူးခဲ့သည်။ အသက်(၃၀)တွင် ဆေးဆရာအဖြစ် အသက်မွေးသည်။ အသက် (၃၉)နှစ် တွင် ပထမကမ်္ဘာစစ်ပြီး ခါနီးတွင် စစ်စရိတ်အတွက် ဦးဘရှင်ထောင်သော ဇာတ်အဖွဲ့တွင် ဦးပြုံးချိုသည် အုပ်ချုပ်သူ ဇာတ်ဆရာအဖြစ် လိုက်ပါသွားသည်။ ထို့နောက် ရန်ကုန်မြို့ ပညာအလင်း သတင်းစာတိုက်တွင် လယ်တီဆရာတော်ကြီး၏ သြ၀ါဒ အတိုင်း ဦးပြုံးချိုသည် အယ်ဒီတာအလုပ်ရခဲ့သည်။ ပညာ အလင်းသတင်းစာတိုက်တွင် ဦးပြုံးချိုသည် စိန်္ဒာသက်္က ဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့ရာ အထူးကျော် ကြားလှသည်။ ထို့နောက် ““မြန်မာ့အလင်း”” သတင်းစာသို့ ပြောင်းရွှေ့လုပ်ကိုင်ပြန်ရာ ““ဘိုးမင်းကျော်”” ၊ ““အရူးတော် နေဒွန်း”” စသောကလောင်အမည်များဖြင့် ပို၍ ကျော်ကြား လာပြန်သည်။ ဘိုးမင်းကျော် ကလောင်ဖြင့် ဦးပြုံးချိုရေးသော ““နိုင်ငံရေးဘုရားကိုးဆူကပ်ပွဲ””ဆောင်းပါး၌ နိုင်ငံရေး ဂြိုဟ်ကြီးတို့ပါ ပူးတွဲပင့်လေရာ အလွန်လူကြိုက်များလှသဖြင့် သတင်းစာ၌ အကြိမ်ကြိမ်ပြန်ထည့်ခဲ့ရသည်။ ထို့ပြင် ကျိုက်ထီးရိုးသို့ ဘုရားဖူးသွားစဉ်က အတွေ့အကြုံများကို ““ကျိုက်ထီးရိုး နတ်လမ်းညွှန်””ဟူသော စာအုပ်တွင် သိမှတ် ဖွယ်ရာများအပြင် ရယ်စရာပြုံးစရာများကို ကြားညှပ် ထည့်သွင်းရေးသားထား၍ လူကြိုက်အလွန်များလှသည်။ မြန်မာ့အလင်းတိုက်မှတစ်ဖန် ““မောရ၀တီ”” သတင်း စာတိုက်သို့ပြောင်း၍ ထိုတိုက်မှထုတ်ဝေသော ““မြန်မာ ရီဗျူး””ဂျာနယ်တွင် အယ်ဒီတာအဖြစ်လုပ်ကိုင်ပြန်သည်။ ထို့နောက် ““၀ါဏိဇ်္ဇ””သတင်းစာတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ အမျိုးသားပုံနှိပ်တိုက်ပိုင်ရှင် ဦးမြင့်၏ တိုက်တွန်းချက်အရ ““မဟာဂီတပေါင်းချုပ်””ကျမ်းကြီးကို ပြုစုသည်။ ထို့ကြောင့် မဟာဂီတဦးပြုံးချိုဟု အများက ခေါ်ကြ၏။ ထို့နောက် ““သူရိယ”” သတင်းစာတိုက်သို့ ၀င်ရောက် လုပ်ကိုင်သည်။ သူရိယ၌ လုပ်ကိုင်စဉ် ““ကစား နည်းအမျိုးမျိုးကျမ်း”” ၊ ““နေအေး၏ လိမ်နည်းအမျိုးမျိုး”” စာအုပ်များကို ရေးသားခဲ့သည်။
ဆရာကြီး နေအေး၏ လိမ် နည်းအမျိုးမျိုးစာအုပ်မှာ အလွန်လူကြိုက်များ၍ ကျော် ကြားလှသည်။ ဦးပြုံးချိုသည် မဟာဂီတ၊ တတ်္ထဒီပနီ ကျမ်းကိုလည်း ပြုစုခဲ့သေး၏။ သို့ရာတွင် ယင်းစာအုပ် မပြီးသေးမီ ၁၂၈၉ ခုနှစ် တပို့တွဲလဆန်း ၄ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ဆရာကြီးဦးပြုံးချိုသည် အရေးအသားနှင့် ဂီတဘက်တွင်သာ ကျွမ်းကျင်တတ်မြောက် သည်မဟုတ်။ ပန်းချီ၊ ပန်းပု၊ ပန်းပဲအတတ်ပညာများ၊ လက်မှုအနုပညာစုံ တတ်မြောက်သူဖြစ်၏။ ဘုန်းကြီးပျံ ပွဲတော်များအတွက် မီးကျီ၊ မီးပန်း၊ ဗျောက်အိုးပြုလုပ်ခြင်း၊ သူကိုယ်တိုင်ဦးစီး တည်ထောင်သော ဇာတ်ပွဲများတွင် နန်းတော်ကား၊ မြို့ရိုးကား၊ တောကား၊ တောင်ကားမှန်သမျှ ကိုယ်တိုင်ရေးဆွဲသည်။ ထို့ပြင် ဆရာကြီးဦးပြုံးချို အသက် (၂၀) အရွယ်က ဧရာဝတီ မီးသင်္ဘောကြီးအတွင်း သုံးကြိမ် ၀င်ကြည့်ဖူးရုံဖြင့် အလျား ငါးပေခန့်ရှိသော မီးသင်္ဘောကို တည်ဆောက်ရာ ထိုစဉ်က ကျိုက်လတ်မြို့သို့ရောက်လာသော အင်္ဂလိပ်အရေးပိုင် မစ်္စတာ မက်္ကဆွဲက အင်ဂျင်နီယာ လက်မှတ်မရှိသဖြင့် နောက် နောင်မပြုလုပ်ရန်တားမြစ်၍ ဆုတော်ငွေ ၅၀ ပေးကာ သင်္ဘောကလေးကို ယူသွားသည်။ ဆရာကြီးဦးပြုံးချိုသည် ပညာမျက်စိရှိသူဖြစ်ပြီး မည်သည့်အတတ်ကိုမဆို ခဏသင်ရုံဖြင့် ပေါက်မြောက်စွာ တတ်သူဖြစ်၏။ ငါးသလောက်ပိုက်ထိုးနည်း၊ ငွေဒင်္ဂါးသွန်း လုပ်နည်းတို့ကို ပညာအဖြစ်သင်ယူခဲ့ဖူးရာ အံ့သြလောက် အောင် ဖြစ်မြောက်စွာလုပ်ကိုင်နိုင်သော ပုဂ်္ဂိုလ်ကြီးတစ်ဦး ဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။ ။ 

+မကွေးဝင်းမြင့်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)