ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 1, 2013

---လူထုကျန်းမာရေး(အမျိုးသမီးများ ရာသီဆုံးချိန်နဲ့ ဓာတ်စာ)--

>
Public Health** 

 အမျိုးသမီးအများစုဟာ အသက် ၅ဝ ကျော်ရင် သွေးဆုံးပါတယ်။ အီစတြိုဂျင် ဟော်မုန်းလျော့နည်း လာတယ်။ သွေးဆုံးတာ အမျိုးသမီးတိုင်း ရှောင်လို့မရတဲ့ သဘာဝဖြစ်စဉ် တစ်ခုပဲဖြစ်ပါတယ်။ ရာသီဆုံး၊ စချိန်မှာချွေးပြန်၍ ပူနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့ နှလုံးရောဂါ၊အရိုးပွရောဂါတို့ ဖြစ်တတ်ပါတယ်။ချွေးပြန်၍ ပူနွေးခြင်းဆိုရာမှာ ခန္ဓာကိုယ်တစ်လျှောက်မှာ အပူလှိုင်းဖြစ်နေပြီး ညဘက်ချွေးထွက်တတ်ကာ သွေးကြော ကျယ်လာတဲ့အတွက် သွေးဖိအားထိန်းညှိ ဆေးဝါး ဗိုက်တာမင် အားဆေး၊ အိပ်ဆေးကျွေးရင် သက်သာမယ်။ ဒီဝေဒနာကို အသက် ၄၅ နှစ်မှ ၅၂ နှစ်အတွင်း အမျိုးသမီးတွေ တွေ့ကြုံရစမြဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီဆုံးချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ စိတ်မအီမသာဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ မှတ်ဥာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ မောပန်းနွမ်းနယ်မှုတွေကို တွဲလျက်တွေ့ရပြီး ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ရတာမို့ အိပ်မပျော်တတ်ကြဘူး။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအနေနဲ့ ရင်သားတွေ သေးငယ်သွားပြီး အဆီပြင်တစ်သျှူးများ ပြန်စုပ်ယူနိုင်တဲ့အတွက် ပုံသဏ္ဌာန်ပါ ပြောင်းလာတယ်။ ဆီးကျိတ် မကြာခဏရောင်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာ တွေ့ရတယ်။ သွေးမဆုံးခင် အီစတြိုဂျင်ဟော်မုန်းဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။ သွေးဆုံးပြီးချိန် နောက်ပိုင်းမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များလာတယ်။ သွေးဆုံးချိန် နောက်ပိုင်းနှစ်တွေမှာ ရိုးထုထည်ဆုံးရှုံးမှုဟာ လျင်မြန်လာတယ်။ အရိုးအဆစ် တောင့်တင်းခြင်း၊ ကိုက်ခဲခြင်းတွေ ဖြစ်တတ်တယ်။ အဓိက အီစတြိုဂျင်ချို့တဲ့မှုကြောင့် အကြောတက်တယ်။ ဘေးထွက်ဆိုးကျိုးက ကိုယ်အလေးချိန်တက်ခြင်း၊ ဝခြင်း၊ မူးဝေအော့အန်ခြင်း၊ သွေးခဲခြင်း အနည်းငယ် မြင့်မားပြီး ရင်းသားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်။ ၂ နှစ်မှ ၅ နှစ်အထိ ကုရင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးများမှာ ဖြစ်ပွားတတ်တဲ့ ရောဂါဟာ အီစတြိုဂျင်ခေါ် မဟော်မုန်း ပမာဏလျော့နည်းလာလို့ ဖြစ်ပါ တယ်။ ဟော်မုန်း ဆုံးရှုံးမှု ဖြည့်ဆည်းပေးမယ့် အစာတွေ စားသောက်ဖို့လိုပါတယ်။ အစာကို ညီညွတ်မျှတအောင် စားတတ်ဖို့ အရေးကြီးတယ်။ အဲဒီလိုညီညွတ်မျှ တအောင် စားပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊ ချွေးထွက်လွယ်ခြင်းနဲ့ ပူနွေးနေခြင်းကို သက်သာစေပါတယ်။ ပဲပိစပ်၊ ပဲပိစပ်ကထုတ်တဲ့ အစားအစာ၊ ပဲနီလေး၊ ပဲခြောက်၊ မက်မန်းသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ချယ်ရီသီး၊ သင်္ဘောသီး၊ သလဲသီး၊ ယိုနဲ့သစ်သီးတွေစားရမယ်။ နှံစားသီးနှံ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ စမုန်နက်နဲ့ ပင်လယ်ရေမှော်တွေကို စားသင့်ပါတယ်။ ကစီဓာတ်ပါတဲ့ အသီးအရွက်နဲ့သစ်သီး၊ နှံစားသီးနှံ၊ ပဲကို အခြေခံတဲ့ အစားအစာတွေ မှန်မှန်စားသုံးပြီး သကြားဓာတ်ပါတဲ့ အစားအစာကို လျှော့စားတာဟာ သွေးထဲကဂလူးကို့ ပမာဏကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုနည်းစေတယ်။ မြေပဲဆီ၊ နှမ်းဆီ စတဲ့ မပြည့်ဝဆီတွေကိုသာ စားသုံးရမယ်။ ပင်လယ်ငါးကို စားသုံးပေးရပါမယ်။

Written by စကားဝါ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)