ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 23, 2013

---လူထုကျန်းမာရေး(မင်းကွတ်သီး၏ ဆေးအသုံး)---

>
**Public Health** 
 မင်းကွတ်သီးသည် အပူပိုင်း ဒေသထွက် သီးနှံတစ်မျိုး ဖြစ်သည်။ ပူအိုက် စွတ်စိုသော ရာသီဥတုရှိသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် မင်းကွတ်ပင်များ ရှင်သန် ပေါက်ရောက် သည်။ရှေးပဝေသဏီ ကတည်းကပင် အရှေ့တောင်အာရှ နိုင်ငံများတွင် မင်းကွတ်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြု ခဲ့ကြပေသည်။ ဝမ်းပျက် ဝမ်းလျှောရောဂါ အတွက် မင်းကွတ်သီး အခွံကို ရေတွင် တစ်ညစိမ်၍ ယင်းစိမ်ရည်အား သောက်သုံးခြင်းဖြင့် ပျောက်ကင်းသည်ဟု ယုံကြည်စွာ သုံးစွဲကြသည်။ တစ်ဖန် မင်းကွတ်သီး အခွံအား ခပ်ပါးပါးလှီး၍ နေလှန်း အခြောက်ခံကာ လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင်ခပ်၍ သောက်ခြင်းဖြင့် ဆီးရောဂါနှင့် ဂနိုကျသည့် ရောဂါများအား သက်သာ ပျောက်ကင်းသည်ဟု လက်ခံကာ သုံးစွဲတတ်ကြသည်။ အခြားသော ရောဂါများ အတွက်လည်း မင်းကွက်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြုရာတွင် အရေပြားနှင့် ဆိုင်သော ရောဂါများ ဖြစ်ကြသည့် မှက်ခရု၊ နှင်းခူစသည့် အနာများ၊ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက် ကလေးများ ပေါ်လာတတ်သည့် မိတ်ထွက်ခြင်းနှင့် အင်ပြင်ရောဂါတို့ အတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြု တတ်ကြပေသည်။ ဓာတ်ခွဲခန်းတွင် စမ်းသပ် တွေ့ရှိချက် အရ မင်းကွတ်သီး အခွံတွင် ဇန်သုန်း (Xanthones) ခေါ် ဓာတြုဒပ်ပေါင်း တစ်မျိုး ပါရှိကြောင်း သိရှိရသည။်

ယင်း ဓာတြုဒပ်ပေါင်းသည် အဏုဇီဝ ပိုးများနှင့် မှိုရောဂါပိုး များကို သေစေနိုင်စွမ်း သတ္တိရှိပြီး အနာမရင်း စေရန် ပိုးသတ်ဆေး ကဲ့သို့လည်း အသုံးဝင်ကြောင်း သိရှိရပေသည်။ ၎င်းအပြင် ယင်းဓာတုဒြပ်ပေါင်းသည် သဘာဝ အလျောက် သွေးကြောပိတ်ဆို့မှု အားလည်း ဟန့်တားနိုင်စွမ်း ရှိပြီး အသက်ကြီးသူ များတွင် အဖြစ်များသော ရိုးဆက်ယိုယွင်း ရောင်ရမ်းခြင်း ရောဂါအား သက်သာ ပျောက်ကင်း စေနိုင်သည် ဆို၏။ ယခုအခါ နိုင်ငံ တချို့တွင် မင်းကွတ်သီးအား ဖျော်ရည်အဖြစ် ပြုလုပ်ပြီး (Xango Juice) ဟူ၍ အမည်တပ်ကာ ရောင်းချလျက် ရှိသည်။ လူအများ ကလည်း ယင်းအား ကျန်းမာရေး အထောက်အကူပြု ဖျော်ရည်အဖြစ် ဝယ်ယူ သောက်သုံး တတ်ကြပေသည်။ မင်းကွတ်သီး အခွံတွင် တန်နင်း (Tannins) ခေါ် ဓာတြုဒပ်ပေါင်း တစ်မျိုးလည်း ပါရှိသဖြင့် ယင်းဓာတုဒြပ်ပေါင်းသည် ဝမ်းပျက်ဝမ်းလျှော ရောဂါအား သက်သာ ပျောက်ကင်းစေနိုင်သည် မှန်သော်လည်း အခြားသော ရောဂါများ အနက် တစ်စုံ တစ်ရာသော ရောဂါ ပျောက်ကင်းကြောင်းကိုမူ သိပ္ပံနည်းကျ သုတေသန ပြုလုပ်၍ လေ့လာ ထားရှိခြင်းမျိုးကား ယနေ့အချိန်ထိ မရှိသေးချေ။ သို့သော် ရှေးအစဉ်အလာ အရ သုံးစွဲ လာခဲ့ကြသည့် အတွက် လူအများက မင်းကွတ်သီးကို ဆေးဖက်ဝင် သီးနှံတစ်မျိုး အဖြစ် လက်ခံ ယုံကြည်ကာ သုံးစွဲလျက် ရှိကြပေသည်။ ။

 +မြဝတီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)