+(ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)+
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့နံနက်ပိုင်းက မဲဆောက်မြို့ ရဲစခန်းပထမစုရပ်မှမယ်တော်ဆေးခန်းအထိ ဒေသတွင်းရှိ လူထု(၁၀၀၀)ကျော်ချီတက်ခဲ့ကြသည်ကို တွေ့ရသည်။ ဝေါဗွီးရှင်း၊ မယ်တော်ဆေးခန်း၊ မက်ပ်ဖောင်ဒေးရှင်းတို့အပါအ၀င် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းကိုအဓိကလုပ်ကိုင်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ဦးစီးပြီးလူထုအခြေပြု အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းပါဝင်ကြသည်ကို တွေ့ရသည်။ ပြုံးချင်စရာကောင်းသည်မှာ သာမာန်အခြေအနေတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နေ့စဉ်နေ့တိုင်းလိုလို လက်မှတ်စစ်ဆေးပြီး လက်မှတ်မရှိပါက (၀ါ) လက်မှတ်မပြည့်စုံပါက လမ်းသွားလမ်းလာနှင့် လိုင်းကားများပေါ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံသုံးငွေ ၁၀၀ ဘတ်၊ ၂၀၀ ဘတ်၊ စသည်ဖြင့် ထိုင်းရဲတို့ကို ပေးကြရသော်လည်း တစ်နှစ်တစ်ခါကျင်းပနေသော ဤနေ့၏ပထမစုရပ်ကိုမူ မဲဆောက်ရဲစခန်းတွင် စုရုံးခွင့်ပေးထားသည်ကိုတွေ့ရသည်။
အဆိုပါ လူထုလမ်းလျှောက်ချီတက်ပွဲတွင်မက်ပ်ဖောင်ဒေးရှင်းနှင့် မိမိတို့ မြန်မာပြည်သားအဖွဲ့(ခေါ်) မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)သည်လည်း
ယခုလိုချီတက်ပွဲကျင်းပရာ(၁၀)နှစ်လုံးလုံးအစဉ်လာမပျက်ပဲ ဒေသတွင်းရှိရွှေ့ပြောင်းအလုပ်သမားများ
စစ်ကြောင်းအနေဖြင့် ပူးတွဲချီတက်ခဲ့ပါသည်။
(Photo-မဲဆောက်ရဲစခန်းမှာJACBA+အလုပ်သမားများစစ်ကြောင်း ဒီလိုစုရုံနေကြပုံ)

No comments:
Post a Comment