ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 1, 2013

--ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း---

>
**ကူဟေးဆွန်း၏ပဉ်္စမမြောက်တစ်ကိုယ်တော်တေးသီချင်းသစ်စတင်ဖြန့်ချိ**

 ကိုရီးယားရုပ်ရှင်လောကတွင် သရုပ်ဆောင်ပိုင်းသာမက ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ ပန်းချီပညာရပ်များနှင့် အဆို ပညာရပ်တွင်လည်းထူးချွန်သူ တောင်ကိုရီးယားကြယ်ပွင့် ကူဟေးဆွန်းက ပရိသတ်များအတွက် သူ၏ “Were We Happy” ပဉ်္စမမြောက်တစ်ကိုယ်တော်တေးသီချင်းကို နိုဝင်ဘာ ၂၈ ရက်က စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။ အဆိုပါ သီချင်းအသစ်တွင် ကူဟေးဆွန်းနှင့်အတူ မင်းသား Seo In-guk လည်းပါဝင်သီဆိုထားပြီး ယင်းသီချင်း ကို ဧပြီလကထွက်ရှိခဲ့သည့် မင်းသား Seo In-guk ၏ တေးအယ်လ်ဘမ်တွင် ထည့်သွင်းသီဆိုခဲ့ပြီးဖြစ်သည်။ အဆိုပါ သီချင်းကို အနုပညာကြယ်ပွင့် ကူဟေးဆွန်းကိုယ်တိုင်ရေးစပ်သီကုံးထားခြင်းဖြစ်ပြီး ဆောင်းရာသီနှင့် အလွန်လိုက်ဖက်ညီမည့်သီချင်းတစ်ပုဒ်ဖြစ်ကြောင်းနှင့် သံစဉ်များကိုလည်း နှစ်သက်တတ်သည့် ကူဟေးဆွန်းအဖို့ ဂီတသံစဉ်များဖန်တီးရခြင်းကိုလည်း နှစ်သက်မိပါကြောင်း ကူဟေးဆွန်းကပြောကြားခဲ့သည်။ သရုပ်ဆောင်ကူဟေးဆွန်းအနေဖြင့် ၂၀၁၀ ခုနှစ်ကBrown Hair နှင့်Marry Me သီချင်းများကို ဖြန့်ချိခဲ့ပြီး ယခုနှစ်မေလက Flying Galaxy နှင့် ဇူလိုင်လအတွင်းက It's Youသီချင်းကို ပရိသတ်များထံသို့ ဖြန့်ချိခဲ့ပြီးဖြစ် ကြောင်းသိရသည်။

**ဒဏ်ရာရကစားသမားများပြားနေခြင်းကြောင့် အသင်း၏ ရလဒ်အတွက်ဂွါဒီယိုလာစိုးရိမ်**
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ပက်ဂွါဒီယိုလာ သည် လက်ရှိအချိန်တွင် အသင်းအတွက် ပွဲထွက်ကစား နိုင်ခြင်းမရှိသေးသော ဒဏ်ရာပြဿသနာကြုံတွေ့နေရ သည့် ကစားသမားအရေအတွက် များပြား နေခြင်းကြောင့် အသင်း၏ရလဒ် အတွက် စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ် အသင်းတွင် ရှာကီရီ၊ ပီဇာရို၊ ဖရန့်ရီဘာရီ၊ ရှဝိန်း စတိုင်ဂါနှင့် ဖီးလစ်လမ်းကဲ့သို့သော အသင်းအတွက် အားထားရသည့် ကစား သမားအချို့ ဒဏ်ရာများရရှိနေကြခြင်း ကြောင့် အသင်း၏ပွဲထွက်လူစာရင်းနှင့် လွဲချော်ကာ အနားယူနေရခြင်းဖြစ်သည်။ ယင်းသို့ ဒဏ်ရာရကစားသမား များပြားနေခြင်းကြောင့် လက်ရှိအခြေ အနေမှာ အသင်းအတွက် ခက်ခဲ သည့် အခြေအနေတစ်ရပ် ဖြစ်နေ ကြောင်း သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် သတင်းထောက် များအား နည်းပြဂွါဒီယိုလာက ပြောကြားခဲ့သည်။ မန်ဇူကစ်၊ မူလာ၊ ရော်ဘင်၊ ကွန်တန်တို စသည့် ကစား သမားများ အကောင်းဆုံးခြေစွမ်းပြ ကစား နိုင်ခြင်းအပေါ် ကျေနပ်မိသော်လည်း လက်ရှိ ကြုံတွေ့နေရသည့် ဒဏ်ရာရကစားသမား ပြဿသနာသည် နောက်ထပ်ရက်သတ်္တနှစ်ပတ် သုံးပတ်အထိ ခံစားရဦး မည်ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောကြားခဲ့သည်။  

**ဘရုစ်ဝီလ်နှင့်တွဲဖက်ကာ၎င်း၏ ဆန့်ကျင်ဘက်ဇာတ်ရုပ် အဖြစ်ရိန်း ပါဝင်သရုပ်ဆောင်သွားမည်**
တောင်ကိုရီးယားကြယ်ပွင့် ရိန်းက ၀ါရင့်ဟောလိဝုဒ် အကျော် အမော် ဘရုစ်ဝီလ်နှင့်တွဲဖက်ကာ ၄င်း၏ ဆန့်ကျင်ဘက်ဇာတ်ရုပ်အဖြစ်ွှ The Princeဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရိန်း၏ အေဂျင်စီက နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ကြေညာထား သည်။ The Prince ဇာတ်ကားကို ဒါရိုက်တာBrian A. Miller က အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့တွင် ဇာတ်အိမ်တည်ကာ ရိုက်ကူး ပုံဖော်သွားမည်ဖြစ်ပြီး ရိုက်ကူးရေးလုပ်ငန်းများကို ဒီဇင်ဘာလဆန်းတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား ကေပေါ့ပ်လောကတွင်လည်း အောင်မြင်မှု များရရှိနေသူ ဂီတကြယ်ပွင့် ရိန်းအနေဖြင့် ဟောလိဝုဒ်ဇာတ်ကားများနှင့် အကျွမ်းတ၀င်ရှိပြီးသူ တစ်ဦးဖြစ်ကာNinjaAssassin နှင့ှ်Speed Racer ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသူတစ်ဦးဖြစ်သည်။ 

 **စတီဗင်ဂျာရတ်သည်ဗဟိုခံစစ်မှူး တစ်ဦးနေရာတွင် လည်း ကစားနိုင်ကြောင်း ရော့ဂျာဖွင့်ဟပြောကြား**
အင်္ဂလန်နှင့် လီဗာပူးအသင်းတို့၏ ၀ါရင့်ကွင်းလယ် ကစားသမားတစ်ဦးဖြစ်သည့် စတီဗင်ဂျာရတ်သည် ၎င်း၏လက်ရှိစာချုပ်အား သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိမ့်မည်ဟု လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက ယုံကြည်ထားပြီး စတီဗင်ဂျာရတ်မှာ ကွင်းလယ်ကစား သမားတစ်ဦး ဖြစ်သော်လည်း ဗဟိုခံစစ်မှူး တစ်ဦးနေရာတွင် လည်း ကစားနိုင်သည့် ကစား သမားတစ်ဦးဖြစ်ကြောင်း ရော့ဂျာက ဖွင့်ဟပြောကြားခဲ့သည်။ အသက် (၃၃)နှစ်အရွယ် စတီဗင် ဂျာရတ်သည် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ဘလက်ဘန်းအသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ သည့်ပွဲစဉ်တွင် လီဗာပူးအသင်းအတွက် စတင်ပွဲထွက် ကစားခဲ့သူဖြစ်ပြီး လီဗာပူးအသင်းနှင့်အတူ ချန်ပီယံလိဂ် ဖလား၊ အက်ဖ်အေဖလား စသည်ဖြင့် အောင်မြင်မှုများကို ရယူနိုင်ခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ကွင်းလယ်ကစားသမား စတီဗင်ဂျာရတ်သည် လီဗာပူးအသင်း၏ ကွင်းလယ်ပိုင်းတွင် မရှိမဖြစ် အရေးပါ သော ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေသော်လည်း အခြေ အနေ အကြောင်းကြောင်းကြောင့် နောက်တန်းတွင် ကစားသမားလိုအပ် ချက်ရှိနေပါက ဗဟိုခံစစ်မှူးတစ်ဦး နေရာတွင် အကောင်းဆုံးကစားပေးနိုင် သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း လီဗာပူး အသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။ အင်္ဂလန်နှင့် လီဗာပူးအသင်းတို့၏ ၀ါရင့်ကွင်းလယ် ကစားသမားတစ်ဦးဖြစ်သည့် စတီဗင်ဂျာရတ်သည် ၎င်းင်း၏လက်ရှိစာချုပ်အား သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိမ့်မည်ဟု လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက ယုံကြည်ထားပြီး စတီဗင်ဂျာရတ်မှာ ကွင်းလယ်ကစား သမားတစ်ဦး ဖြစ်သော်လည်း ဗဟိုခံစစ်မှူး တစ်ဦးနေရာတွင် လည်း ကစားနိုင်သည့် ကစား သမားတစ်ဦးဖြစ်ကြောင်း ရော့ဂျာက ဖွင့်ဟပြောကြားခဲ့သည်။ အသက် (၃၃)နှစ်အရွယ် စတီဗင် ဂျာရတ်သည် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ဘလက်ဘန်းအသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ သည့်ပွဲစဉ်တွင် လီဗာပူးအသင်းအတွက် စတင်ပွဲထွက် ကစားခဲ့သူဖြစ်ပြီး လီဗာပူးအသင်းနှင့်အတူ ချန်ပီယံလိဂ် ဖလား၊ အက်ဖ်အေဖလား စသည်ဖြင့် အောင်မြင်မှုများကို ရယူနိုင်ခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ကွင်းလယ်ကစားသမား စတီဗင်ဂျာရတ်သည် လီဗာပူးအသင်း၏ ကွင်းလယ်ပိုင်းတွင် မရှိမဖြစ် အရေးပါ သော ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေသော်လည်း အခြေ အနေ အကြောင်းကြောင်းကြောင့် နောက်တန်းတွင် ကစားသမားလိုအပ် ချက်ရှိနေပါက ဗဟိုခံစစ်မှူးတစ်ဦး နေရာတွင် အကောင်းဆုံးကစားပေးနိုင် သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း လီဗာပူး အသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။ 

+ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)