ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 29, 2013

--ကမ်္ဘာလှည့်ခရီးသည်များက ပိုမိုစိတ်ဝင်စား ကြသည့်ဗီရိုမြင်းယာဉ်(ခေါ် )ရထားလုံး--

>
အင်္ဂလိပ်တို့ အောက်မြန်မာ နိုင်ငံကိုသိမ်းပိုက်အပြီး ရန်ကုန်မြို့တွင် အနှေးယာဉ်ဖြင့် ခရီးသွားကူးလူး ဆက်ဆံရေးအတွက် Horse drawn coaches ခေါ် ဗီရိုမြင်းယာဉ်များနှင့် လန်ချားတို့ကို အသုံးပြုခဲ့ကြသည်။ ဗီရိုမြင်းယာဉ်နှင့် လန်ချားများကို မြန်မာပြည်တွင် ထုတ်လုပ်ခြင်းမရှိဘဲ အင်္ဂလန်မှ တိုက်ရိုက်မှာယူ သုံးစွဲခဲ့ကြ သည်။ ထိုအချိန်က စတင်ပြေးဆွဲသူ များမှာ အိန်္ဒိယတိုင်းရင်းသားများသာ ဖြစ်ကြသည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံးကို သိမ်းယူပြီးသောအခါံHorse drawn coaches ခေါ် ဗီရို မြင်းယာဉ်များကို မန်္တလေးမြို့တွင်ပါ မှာယူသုံးစွဲလာသည်ကို တွေ့ရသည်။ ထို့နောက် မေမြို့(ပြင်ဦးလွင်)ကို ဘုရင်ခံရုံးစိုက်ရာမြို့အဖြစ် သတ် မှတ်ပြီးသောအခါ မေမြို့(ပြင်ဦးလွင်) တွင် ဗီရိုလှည်းများကို အသုံးပြုခဲ့ သည်။ မေမြို့(ပြင်ဦးလွင်)တွင် တစ်စ တစ်စ လူဦးရေတိုးတက်များပြားလာ သည်နှင့်အမျှ ရန်ကုန်မြို့နှင့် မန်္တလေး မြို့များရှိ ဗီရိုလှည်းများကို မေမြို့ (ပြင်ဦးလွင်)သို့ သယ်ယူပြေးဆွဲစေခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ဗီရို လှည်းများကို အင်္ဂလန်မှ မှာယူရန် အခက်အခဲရှိခြင်းနှင့် မေမြို့(ပြင်ဦး လွင်)သည် တောင်ပေါ်မြို့ဖြစ်သော ကြောင့် ရန်ကုန်၊ မန်္တလေးမြို့တို့နှင့် နှိုင်းစာသော် ဘီးလေးဘီးတပ်ထား သော မြင်းယာဉ်များ ပိုမိုလိုအပ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထိုခေတ် ထိုအချိန်မှစတင်၍ ဗီရိုလှည်းများသည်လည်း မြို့၏ သင်္ကေတတစ်ခုအဖြစ် ဆွဲဆောင်လာ ခဲ့သည်မှာ ယနေ့အချိန်အထိဖြစ် လေသည်။ မြန်မာနိုင်ငံ၏ တစ်မြို့ တည်းသော ဗီရိုလှည်းအသုံးပြုနေဆဲ မြို့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ သည်။
ယခုအခါတွင် နှစ်ဘီးဆိုင်ကယ် များနှင့် သုံးဘီးဆိုင်ကယ် အများ အပြား ပေါ်ထွက်လာခြင်းကြောင့် ဗီရို လှည်းခေါ် ရထားလုံးမြင်းယာဉ်များကို အသုံးပြုမှု အနည်းငယ်လျော့နည်း သွားခဲ့သော်လည်း အလည်အပတ် လာရောက်သူများနှင့် ကမ်္ဘာလှည့်ခရီး သည်များက အမှတ်တရ ငှားစီးခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ဖြင့် လူကြိုက်များ တွင်ကျယ်စွာ အသုံးပြုနေဆဲပင်ဖြစ်သည်။ ဗီရိုလှည်းယာဉ်များကို ကမ်္ဘာ လှည့်ခရီးသည်များက ပိုမိုစိတ်ဝင်စား ကြပြီး အထူးသဖြင့် အင်္ဂလန်(ဗြိတိန်) နိုင်ငံမှ လာရောက်လည်ပတ်သူများ အထူးစိတ်ဝင်စားခြင်း ခံရသည်။ အင်္ဂလန်မှ လာရောက်သူတို့သည် ဗီရိုလှည်းများကို အုပ်စုလိုက် အများ အပြား ငှားရမ်းပြီး မြို့ပတ်ဝန်းကျင်ကို လှည့်ပတ်လေ့လာ ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်ကြသည်။ ပြင်ဦးလွင်တွင် ယနေ့ အချိန်အထိ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့သော အဆောက်အအုံ အမြောက်အမြား ကျန်ရှိနေသေးရာ တလေးတစားအမြတ်တနိုးဖြင့် မှတ် တမ်းတင်နေကြသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်။
ထို့အပြင် ဗီရိုလှည်းများသည် အင်္ဂလန်မှ တင်ပို့ခဲ့သော လှည်းများ ဖြစ်ခြင်းကြောင့်"Made in England" ဟူသောစာတမ်းကို ရှာဖွေ ဂုဏ်ယူနေကြသည်ကိုလည်း တွေ့မြင် ရမည် ဖြစ်ပေသည်။ အဘယ့်ကြောင့် ဆိုသော် အင်္ဂလန်မှ ထုတ်လုပ်လိုက် သော ဗီရိုလှည်းများသည် ယနေ့ အချိန်တွင် အင်္ဂလန်၌ မတွေ့မမြင် နိုင်သောကြောင့် ဖြစ်ပေသည်။ မည်သို့ပင် ခေတ်မီတိုးတက် ပြောင်းလဲလာသည် ဆိုသော်လည်း ရှေးယခင် နှစ်ပေါင်းတစ်ရာကျော် ကတည်းက မသုံးမဖြစ်အသုံးပြုခဲ့ရ သော ဗီရိုလှည်းခေါ် ရထားလုံးများ ကို ယနေ့ ပြင်ဦးလွင်တွင် တွေ့မြင်နေ ရဦးမည်ဖြစ်ပြီး အမြဲတစေလည်း ပြင်ဦးလွင်နှင့် အတူဒွန်တွဲလျက် သစ်လွင်တောက်ပစွာ ဂုဏ်ယူနေရဦး မည် ဖြစ်ပေသည်။ 

+သက်နိုင်(ပြင်ဦးလွင်)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)