ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 29, 2013

--ထိုင်းနိုင်ငံရှိငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ပေး ထားသည့်မြန်မာနိုင်ငံသား၂ဦးအား မြ၀တီနယ်စပ်ဆက်ဆံရေးရုံးသို့ လာရောက်လွှဲပြောင်းပေး---

>
(Photo-မဲဆောက်မှာ ၂၀၁၃ခုနှစ်ဇူလိုင်လ၃၀-၃၁-သြဂုတ်လ၁ရက်နေ့ များတွင်အလုပ်သမားသံမှူးး ဦးကျော်ကျော်လွင်ဦးစီးပြီး ရေဘေးကယ်ဆယ်ရေးပြုလုပ်ခဲ့စဉ်က)

 (မြ၀တီ ဒီဇင်ဘာ ၂၈)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင်၏ အကြောင်းကြားချက်အရ ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် အချောင်ဆိပ်ကမ်း ငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ပေး ထားသည့် ပဲခူးတိုင်းဒေသကြီးမှ အမျိုး သားနှစ်ဦးအား ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်ဆက်ဆံရေးရုံးမှ မြ၀တီနယ်စပ်ဆက်ဆံရေးရုံးသို့ လာ ရောက်လွှဲပြောင်းပေးခဲ့သည်။

(Photo-မဲဆောက်မှာ ၂၀၁၃ခုနှစ်ဇူလိုင်လ၃၀-၃၁-သြဂုတ်လ၁ရက်နေ့ များတွင်အလုပ်သမားသံမှူးး ဦးကျော်ကျော်လွင်ဦးစီးပြီး ရေဘေးကယ်ဆယ်ရေးပြုလုပ်ခဲ့စဉ်က)
လွှဲပြောင်းရောက်ရှိလာသူ အမျိုး သားနှစ်ဦးသည် လွန်ခဲ့သောတစ်နှစ် ခန့်က မြ၀တီမြို့သို့ ရောက်ရှိစဉ် အမျိုး သားတစ်ဦး(အမည်၊ နေရပ်လိပ်စာ မသိသူ)က ထိုင်းနိုင်ငံ၊ ဗန်ကောက်ရှိ နာနတ်သီးစက်ရုံတွင် တစ်နေ့ ဘတ် ၂၀၀ ဖြင့် အလုပ်ရရှိမည်ဟု ပြောဆို စည်းရုံး၍ တရားမ၀င် လမ်းကြောင်းမှ တစ်ဆင့်ခေါ်ဆောင်သွားပြီး အချောင် ဆိပ်ကမ်းတွင် ရပ်နားထားသည့် ငါး ဖမ်းစက်လှေနံပါတ် ၂၂ ပေါ်သို့ ပို့ ဆောင်ခံခဲ့ရကြောင်း၊ ပို့ဆောင်ခ ဘတ် ၁၃၀၀၀ ကို ခုနစ်လ အလုပ်လုပ်၍ ဆပ်ခဲ့ရကြောင်း၊ အကြွေးကျေပြီး တစ်လ ဘတ် ၅၀၀၀ ရရှိကြောင်း၊ လေးလဆက်လုပ်ခဲ့ပြီး ငါးဖမ်းစက်လှေ တွင် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိ တော့သဖြင့် အစ်မဖြစ်သူမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံ အရာရှိ ဦးကျော်ကျော်လွင်ထံအကူ အညီတောင်းခံ၍ ကယ်တင်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ ပြန်လည်ရောက်ရှိလာသူ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသားနှစ်ဦးအား ယင်းနေ့၌ ပင် တာဝန်ရှိသူများမှ အုပ်ထိန်းသူများ ထံ ပြန်လည်အပ်နှံပေးခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီ ၂၄ ရက်တွင် နေပြည်တော်၌ မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာကို နှစ် နိုင်ငံဝန်ကြီးအဆင့် လက်မှတ်ရေးထိုး ခဲ့ပြီး တာချီလိတ်-မယ်ဆိုင်နယ်စပ် ဆက်ဆံရေးရုံးကို ၂၀၁၂ ခုနှစ် မတ် ၂၂ ရက်တွင်လည်းကောင်း၊ ကော့ သောင်း-ရနောင်းရုံးကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင်လည်းကောင်း၊ မြ၀တီ-မဲဆောက်ရုံးကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင်လည်း ကောင်း အပြန်အလှန်ဖွင့်လှစ်နိုင်ခဲ့ကာ နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင် ရာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများဖွင့်လှစ်သည့်အချိန် မှစ၍ ယနေ့အထိ နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်မှုအနေဖြင့် လူကုန်ကူးမှု ငါးမှု၊ ပြစ်မှုကျူးလွန်သူအမျိုးသား ငါးဦး၊ အမျိုးသမီးသုံးဦး၊ လူကုန်ကူးခံရ သူအမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၇ ဦးတို့ဖြစ်ပြီး ပူးပေါင်းဖမ်းဆီးသည့် တရားခံအရေအတွက်မှာ ကျားသုံးဦး၊ မနှစ်ဦးတို့ဖြစ်သည်။ ထိုင်းနိုင်ငံမှ လွှဲ ပြောင်းပေးသည့် တရားခံအရေအတွက် မှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် လူကုန်ကူးခံရသူအရေအတွက်မှာ အမျိုးသား ၁၄၂ ဦး အမျိုးသမီး ၉၁ ဦး တို့ဖြစ်ကြောင်း သိရသည်။

+မင်းမင်းလတ်(မန်းတက်္ကသိုလ်)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)