**ဘလက်ဘန်းနှင့် ဘာမင်ဂမ်**
ဘလက်ဘန်းတို့ အိမ်ကွင်းမှာ ခြေကုန်ထုတ်ရမယ့်အနေအထား ရှိပါ တယ်။ ဘလက်ဘန်းဟာ လက်ရှိမှာ ပုံမှန်ခြေစွမ်းရအောင် ကြိုးစားနေတာ မို့ ဒီပွဲမှာ ဘာမင်ဂမ်ကိုအနိုင်ရယူနိုင် ရေး အားထုတ်ပါလိမ့်မယ်။ ဘာမင် ဂမ်တို့ကတော့ ကွင်းလယ်ကစားအား ပြင်ဆင်မှုကောင်းရင် တိုက်စစ်မှူးတွေ အခွင့်အရေးကောင်းတွေ ဖန်တီးပုံဖော် နိုင်ပါလိမ့်မယ်။
**ချာလ်တန်နှင့် ရှက်ဖီး**
ချာလ်တန်ရဲ့ကစားအားက စိတ်ချ လို့တော့မရပါဘူး။ ချာလ်တန်ဟာ အိမ်ကွင်းအားနဲ့ ဖိအားပေးကစား နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရှက်ဖ်ဖီးတို့ကတော့ အဝေးကွင်းမှာ ခြေယိုင်တတ်ပေမယ့် ဒီပွဲမှာ အမှတ်ရနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။
**မစ်ဒယ်ဘရော့နှင့် ရက်ဒင်း**
ရက်ဒင်းဟာ အသင်းလိုက်ကစား အားကောင်းတဲ့ အသင်းဖြစ်သလို မစ်ဒယ်ဘရော့တို့ကလည်း အိမ်ကွင်း ခြေစွမ်းမာကျောတဲ့အသင်း ဖြစ်ပါ တယ်။ ဒါပေမယ့် မစ်ဒယ်ဘရော့ရဲ့ တိုက်စစ်ဟာ ရက်ဒင်းခံစစ်ကြောင်းကို ထိထိရောက်ရောက် ဖြတ်ကျော်နိုင် မလားဆိုတာ သံသယဖြစ်စရာပါ။ အိမ်ရှင်တို့အတွက် အနိုင်ရလဒ်သိမ်း ပိုက်ရေး အကောင်အထည်ဖော်မှု ခက်ခဲမှာဖြစ်ပေမယ့် မျှော်လင့်ချက် ပြည့်ဝနိုင်ပါတယ်။
**၀ီဂန်နှင့် ဘန်လေ**
ဝီဂန်ရဲ့လက်ရှိခြေစွမ်းအရ ဒီပွဲ ကို အနိုင်ကစားနိုင်တဲ့အခြေအနေ ရှိပါတယ်။ ဘန်လေတို့ကတော့ ဒီပွဲ မှာ ၀ီဂန်ထံမှ တစ်မှတ်ရယူဖို့တောင် ကြိုးစားရုန်းကန်ရမယ့် အနေအထား ရှိပါတယ်။ ၀ီဂန်အတွက်တော့ ဒီပွဲမှာ ယုံကြည်မှုပေးရမှာပါ။
**ဘလက်ပူးလ်နှင့် ဘရိုက်တန်**
ဘရိုက်တန်ဟာ ထိန်းချုပ်ရခက်ခဲ တဲ့ အသင်းတွေထဲမှာ ပါဝင်နေတာ မို့ အိမ်ရှင်ဘလက်ပူးလ်တို့ သတိထားရ မှာ ဖြစ်ပါတယ်။ ဒါပေမယ့်အဝေးကွင်း မှာဘရိုက်တန်တို့ ရလဒ်မကောင်းတတ် လို့ ဘလက်ပူးလ်တို့ အသက်ရှူချောင် စရာဖြစ်နိုင်ပါတယ်။ ဒီပွဲမှာ အကြိုက် က ဘလက်ပူးလ်ဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment