ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 4, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
** ကင်ဂျုံအန်၏ဦးလေးတော်စပ်သူအားရာထူးတာဝန်များမှ ထုတ်ပယ်**
(ဆိုးလ် ဒီဇင်ဘာ ၃)
 မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေးတော်စပ်ပြီး ယင်းနိုင်ငံတွင်း၌ နိုင်ငံရေးအရ တန်ခိုး အာဏာကြီးမားသူအား ၎င်း၏ရာထူးတာဝန်များမှ ထုတ် ပယ်လိုက်ကြောင်း တောင်ကိုရီးယားသတင်းဌာနများ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အသက်(၆၇)နှစ်အရွယ်ရှိ ချန်ဆောင်သရတ်သည် မြောက်ကိုရီးယားနိုင်ငံ၏ အဆင့်မြင့်ဆုံး စစ်ဘက်ဆိုင်ရာ အဖွဲ့၏ ဒုတိယအကြီးအကဲရာထူးကို စွန့်လွှတ်ခဲ့ရကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ပြောကြားသည်။ ၎င်းင်းနှင့်အနီးစပ်ဆုံး လက်ထောက်နှစ်ဦးမှာ အကျင့် ပျက်ခြစားမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ကွပ်မျက်ခြင်းခံရ ကြောင်းလည်း သတင်းများ၌ ဖော်ပြသည်။ ယင်းသတင်း ဖော်ပြချက်များက အတည်ဖြစ်ပါက မစ်္စတာကင်ဂျုံအီလ်ထံမှ အရိုက်အရာဆက်ခံခဲ့သည့် လက်ရှိခေါင်းဆောင် ကင်ဂျုံ အန်လက်ထက်တွင် မစ်္စတာချန်သည် မြောက်ကိုရီးယား နိုင်ငံအား ဦးဆောင်မှုပေးနေသည့် အဆင့်အမြင့်ဆုံးအဖွဲ့ အစည်းကြီးမှ ဖယ်ရှားခံရသော ရာထူးအကြီးဆုံး ပုဂ်္ဂိုလ် ဖြစ်မည်ဟု မြောက်ကိုရီးယားနိုင်ငံအရေး လေ့လာစူးစမ်း သူများက ပြောကြားသည်။
လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင်နှင့် ၎င်းင်း၏ဖခင်ဖြစ်သူ ကင်ဂျုံအီလ်၏ အရိုက်အရာကို ၂၀၁၁ ခုနှစ်တွင် လွှဲပြောင်းရယူခဲ့သူဖြစ်သည်။ မစ်္စတာချန်သည် ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်၏ နှမဖြစ်သူနှင့် လက်ဆက်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအား စူးစမ်းလေ့လာ သူအချို့၏အဆိုအရ လက်ရှိခေါင်းဆောင်ကင်ဂျုံအန်၏ နောက်ကွယ်၌ အာဏာများကို ချုပ်ကိုင်ထားသူဟုဆိုသည်။ (ဘီဘီစီ)

**အစိုးရဆန့်ကျင်ဆန်္ဒပြသူများအတွက်သံဆူးကြိုးအတားအဆီးအကာအရံများကို ထိုင်းရဲဖယ်ရှား**
(ဗန်ကောက် ဒီဇင်ဘာ ၃)

ထိုင်းရဲတပ်ဖွဲ့ဝင်များက အစိုးရဆန့်ကျင်ဆန်္ဒပြသူများ တင်းမာမှုများကို ထိန်းချုပ်ရန် ရဲတပ်ဖွဲ့နှင့်အစိုးရရုံးများ ၌ချထားသော သံဆူးကြိုးအတားအဆီးအကာအရံများကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ ဆန်္ဒပြသူများအား ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များ အသုံးပြု ဖြိုသွင်း ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က အဆိုပါအတားအဆီးများကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ဖယ်ရှားလိုက်ခြင်းဖြင့် အနာဂတ်တွင် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ဆန်္ဒပြသူများက ထိုင်းဝန်ကြီးချုပ် မစ်္စရင်လတ်ကို ရာထူးမှဆင်းပေးရန် တောင်းဆိုနေခြင်းအပေါ် ၄င်းက ငြင်းဆိုထားသည်။ ၀န်ကြီးချုပ်က ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုပြုလုပ်သွားမည်ဟု ဆိုသည်။ သို့ရာတွင် ဆန်္ဒပြသူများက တရား လည်းမ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်းမကိုက်သည့် ရွေးကောက်တင်မြှောက်သော ကောင်စီတစ်ခုနှင့်အစိုးရ ကို အစားထိုးမည်ဟုဆိုသည်။ နိုဝင်ဘာ ၂၄ ရက်က စတင်ခဲ့သည့် အဆိုပါဆန်္ဒပြမှုသည် ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဆန်္ဒပြသူများက ရဲဌာနချုပ်နှင့်ဝန်ကြီးချုပ်ရုံးကို ၀င်ရောက်ရန် ကြိုးစားရာမှ မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များသုံး၍ ဖြိုခွင်းခဲ့ ရသည်။ (ဘီဘီစီ)  

**မလေးရှားနိုင်ငံတွင် ရေလွှမ်းမိုး.. ပြည်သူ ၅၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း**
(မလေးရှား ဒီဇင်ဘာ ၃) 
မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိရာ ခရိုင်လေးခုတွင်နေထိုင်သော ပြည်သူ ၅၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း ဒီဇင်ဘာ ၃ ရက်သတင်းတွင် ဖော်ပြသည်။ အဆိုပါခရိုင်လေးခုမှာ ရွမ်းပင်၊ ကူရန်တန်၊ ပီကန်နှင့် မာရန်းတို့ဖြစ်ကြောင်း၊ ထိုစဉ်အတွင်း ဂျိုဟိုးပြည်နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းတွင်လည်း ရေလွှမ်းမိုးဒဏ်ခံရသော ဒေသခံပြည်သူ ၁၀၃၅ ဦးကို လက်ခံထားရှိဆဲဖြစ်ကြောင်း၊ ပါဟန်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ်္ဂိုလ်တစ်ဦးက ပြောကြားသည်။ ၎င်းင်းရေဘေးဒုက်္ခသည်များမှာ ကျေးရွာ ၁၆ ရွာမှ ဒေသခံများဖြစ်ကြသည်။ ဒီဇင်ဘာ ၂ ရက်ညပိုင်းက မိုးရွာ သွန်းမှုကြောင့် ဒီရေတက်လာကာ ရေမျက်နှာပြင် ၃ ဒသမ ၃ မီတာအထိရောက်ရှိလာကြောင်း၊ မိုးရွာသွန်းမှုအခြေအနေ ကိုစောင့်ကြည့်ကာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း တာဝန်ရှိပုဂ်္ဂိုလ်များ၏ ပြောကြား ချက်ကို သတင်းတွင် ဖော်ပြသည်။ (ဆင်ဟွာ) 

 **အီတလီနိုင်ငံမှတရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံ မီးလောင်ရာခုနစ်ဦးသေဆုံး**

(ရောမ ဒီဇင်ဘာ ၃) 
အီတလီနိုင်ငံ ပရာတိုမြို့ စက်မှုဇုန်တစ်ခု၌ တနင်္ဂနွေ နေ့တွင် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံ မီးလောင်ရာ အနည်းဆုံး ခုနစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိကြောင်း၊ သေဆုံးသူများမှာ အဆောက်အအုံအပေါ်ထပ် တွင် ရရာပစ်္စည်းများဖြင့် ဖန်တီးထားသော အိပ်ခန်းတစ်ခု အတွင်း ပိတ်မိလျက်ရှိသော အလုပ်သမားများဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက် ရိုက်တာသတင်းတွင် ဖော်ပြသည်။ အထည်ချုပ်စက်ရုံများ ပေါများခြင်းကြောင့် ကျော် ကြားသော မာကရိုလော့တိုစက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံး အပေါ်၌ ကတ်ထူပြားများဖြင့် အိပ်ခန်းများ အများအပြား ပြုလုပ်ထားသည်။ အဆိုပါသေဆုံး၊ ဒဏ်ရာရအလုပ်သမား ၁၁ ဦးမှာ ယင်းအိပ်ခန်းများတွင် နေထိုင်ကြသူများဖြစ်သည်ဟု ဒေသဆိုင်ရာမီဒီယာများက ဖော်ပြသည်။ အီတလီနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့၌ တရားမ၀င်အလုပ်ခန့်ထားမှုများအမှန်ပင်ကြီးမားစွာရှိနေ သည်ကို အသိအမှတ်ပြုရမည်။ သို့အတွက် ၎င်းင်းတို့မှာ အရှက်တကွဲဖြစ်ရပြီဟု ထူ(စ်)ကာနီဒေသ အကြီးအကဲ အင်ရီကိုရော့စီက ပြောကြားသည်။ ယင်းမီးလောင်မှုကြောင့် တရုတ်ပိုင် အထည်ချုပ် လုပ်ငန်း အများအပြားရှိသော အဆိုပါစက်မှုဇုန်၏လုပ်ငန်း ကွန်ရက်နှင့် လုပ်ငန်းခွင်အခြေအနေကို ချက်ချင်းမေးခွန်း ထုတ်ရသည်။ ဖလိုရင်နှင့် ပရာတို့အကြား စက်မှုဇုန်တွင် ရာပေါင်း များစွာသော အလုပ်သမားများသည် ကျေးကျွန်များနီးပါး နေထိုင်လုပ်ကိုင်ကြရကြောင်းကို နှစ်များစွာကတည်းက လူတိုင်းသိရှိပြီးဖြစ်ကြသည့်အတွက် မည်သူမျှအံ့သြမှု မဖြစ်ကြောင်း ဖလိုရင်ပရာတို အလုပ်သမားသမဂ်္ဂမှ တာဝန်ရှိသူက ပြောကြားသည်။ (ရိုက်တာ) 

+မြင့်မောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)