ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 12, 2013

--မဲဆောက်မြို့ရှိ မြန်မာပိုင် အိမ်တွင်းမှုအထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၈ ဦး လုပ်အားခပြန်ရ-

> (Photo-ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်မြို့နယ် အလုပ်သမားကာကွယ်ရေးရုံး (ဆာဝါဒီကန်) ရုံးအပြင်ဘက်မှာတွေ့ ရတဲ့အလုပ်သမား၈ဦးနဲ့  JACBAရဲ့ စုစုရုံးရုံးမြင်ကွင်း )
+ (ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)+

ထိုင်းလုပ်ငန်းရှင်တစ်ဦးကို အမည်ခံပြီး မြန်မာနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးမှ အိမ်တွင်းမှုအထည်ချုပ်ရုံအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသော ထိုင်းနိုင်ငံ မဲဆောက်မြို့မှ လုပ်ငန်းတစ်ခုသည် မြန်မာအလုပ်သမား ၈ ဦးကို အလုပ်ခိုင်းပြီး လုပ်အားခပေးရန် ငြင်းဆန်းမှုကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားရေးရာကော်မတီနှင့် မြန်မာပြည်သားများအရေး ပူးတွဲ့လှုပ်ရှားမှုကော်မတီ (JACBA)က ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်မြို့နယ် အလုပ်သမားကာကွယ်ရေးရုံး (ဆာဝါဒီကန်) ထံသို့ ဆက်သွယ် တိုင်ကြားရာမှလုပ်အားခပြန်ပေးရန် ယနေ့ရက်ချိန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မြန်မာနိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းသည် တစ်လခန့်သာ အလုပ်လုပ်ရသေးပြီး - အရပ်အခေါ် “ဖိုးစီ” ဟု မြန်မာလုပ်သားများ အလွယ်ခေါ်သည့် ထိုင်းလူမျိုးတစ်ဦးက လုပ်ငန်းရှင်အမည်ခံကာ မြန်မာနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးက ဦးစီးလုပ်နေခြင်းဖြစ်သည်။ ယင်းတို့ ဇနီးမောင်နှံ ၂ ဦးတွင်ပင် ယာယီပတ်စ်ပို့ ရှိပြီး၊ ယင်းတို့ ခေါ်ယူထားသော မြန်မာအလုပ်သမား ၂၀ ဦးခန့်မှာမူ ဘာအထောက်အားမှ မရှိကြချေ။
 ကာယကံရှင် အလုပ်သမားတစ်ဦး ဖြစ်သူ မပုံက “သမီးတို့ ဒီစက်ရုံမှ အလုပ်လုပ်တာ ရက်ပေါင် (အခမဲ့ လုပ်ပေးရသောရက်) ၁၀ ရက်ယူတယ်။ ဒါကြောင့် မလုပ်ချင်လို့ အလုပ်ထွက်ဖို့ ခွင့်တောင်းပြီး လုပ်အားခ ပြန်တောင်းတာကို စကားလုံးကြမ်းကြမ်းနဲ့ ပြောတယ်။ မပေးဘူး ငြင်းတယ်။ ဒါကြောင့် ဆရာမိုးတို့ JACBA ကို အကြောင်းကြားပြီး (ဆ၀ါဒီကန်)ရုံးကို အတူ တိုင်ကြားကြတော့ လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ၁၄ ရက်စာ လုပ်အားခကို ၈ ယောက်စလုံး ပြန်ရမယ်။ JACBA နဲ့ မြန်မာသံရုံကို ကျေးဇူးတင်ပါတယ်။” ဟု ပြောပြသည်။
 ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့အပါအ၀င်တာ့ခရိုင်(တာ့ခ်ပြည်နယ်)၉မြို့ နယ်တွင် တစုံတရာ အရင်းအနှီးနှင့် အာဏာပိုင် အဖွဲ့အစည်းအချို့ကို လိုင်းကြေးပေးကါ အိမ်ရုံခေါ် အိမ်တွင်းမှု အထည်ချုက် လုပ်ငန်းငယ်ပေါင်း ၁၆၀၀ ခန့်ရှိပြီး ယင်းတို့သည် ထိုင်းအလုပ်သမားကာကွယ်ရေး အက်ဥပဒေ BE-2541/1998 တွင် ဖော်ပြထားသော အလုပ်သမားအခွင့်အရေများအတိုင်း မပေးကြချေ။ တရားဝင် နေထိုင်အလုပ်လုပ်ကိုင် ဘာအထောက်အထားမျှမရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်လည်း တရားဝင် စက်ရုံအလုပ်ရုံကြီးများတွင် အလုပ်ဝင်ရန် ခက်ခဲကြသဖြင့် အဆိုပါ အိမ်ရုံများတွင် ကြိတ်မှိတ်လုပ်ကိုင်နေကြကြောင်း သိရသည်။ လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြန်ပေးမည်ဟု ပြောဆိုချက်အတိုင်း ၈ ယောက်စလုံးး၁၄ ရက်စာ လုပ်အားခမှာထိုင်းနိုင်ငံသုံးငွေ(၁၆၂၀၇)ဘတ်နှင့်ရက်ပေါင်(၄၁၈၃)ဘတ်၊၂ရပ်ပေါင်းအတိအကျရပါက
(၂၀၃၉၀)ဘတ်ဇြစ်သည်။

(Photo-ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်မြို့နယ် အလုပ်သမားကာကွယ်ရေးရုံး (ဆာဝါဒီကန်) ရုံးအပြင်ဘက်မှာတွေ့ ရတဲ့အလုပ်သမား၈ဦးနဲ့  JACBAရဲ့ စုစုရုံးရုံးမြင်ကွင်း )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)