**ဘိုင်ယန်မြူးနစ် နှင့် အာဆင်နယ်**
ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင် နယ်အသင်းတို့၏ ချန်ပီယံလိဂ်(၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် တွင် နှစ်သင်းစလုံးသည် ၄-၂-၃-၁ ကစားကွက်ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိသရေပွဲဖြစ်ခဲ့ သော်လည်း ဒုတိယပိုင်း ပွဲကစားချိန် ၅၅ မိနစ်တွင် ဘိုင်ယန်မြူးနစ် အသင်းက ရီဘာရီ၏ဖန်တီးပေးမှုမှ တစ်ဆင့် ရှက်ဝိန်းစတိုင်ဂါက သွင်းယူ ပေးခဲ့သဖြင့် အိမ်ကွင်း၌ ဦးဆောင်ဂိုး ရရှိခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲကစားချိန် ၅၇ မိနစ်တွင် ပိုဒေါစကီးကသွင်းယူပေး ခဲ့သည်။ သို့ရာတွင် ဘိုင်ယန်မြူးနစ်အသင်း နှင့် အာဆင်နယ်အသင်းတို့သည် ဒုတိယအကျော့တွင် တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့သော်လည်း ပထမ အကျော့တွင် ဘိုင်ယန်မြူးနစ်အသင်း က နှစ်ဂိုးပြတ် နိုင်ပွဲရရှိခဲ့ခြင်းကြောင့် နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-တစ်ဂိုး ဖြင့် နိုင်ပွဲရရှိခဲ့ပြီး ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
**အက်သလက်တီကို နှင့် အေစီမီလန် **
အက်သလက်တီကို မက်ဒရစ် အသင်းနှင့် အေစီမီလန်အသင်းတို့၏ ပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ် အသင်းသည် ပထမပိုင်းပွဲကစားချိန် ၃ မိနစ်မှာပင် တိုက်စစ်မှူးကော်စတာ ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ၂၇ မိနစ်တွင် ကာကာ၏သွင်းဂိုးဖြင့် အေစီမီလန်အသင်း ချေပဂိုးရရှိခဲ့သည်။
သို့ရာတွင် တူရန်ကတစ်ဂိုး၊ ဂါစီယာကတစ်ဂိုးနှင့် ကော်စတာတို့ က တစ်ဂိုးစီသွင်းယူပေးခဲ့သဖြင့် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုး ဖြင့် အက်သလက်တီကိုမက်ဒရစ် အသင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
**ငွေကြယ်*
ချန်ပီယံလိဂ်(၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များထဲမှ အစော ဆုံးပွဲစဉ်နှစ်ပွဲဖြစ်သည့် ဂျာမန်ဘွန် ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ် အသင်းနှင့် ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်း၊ စပိန်လာလီဂါ ကလပ်အက်သလက်တီကိုမက်ဒရစ် အသင်းနှင့် အီတလီစီးရီးအေကလပ် အေစီမီလန်အသင်း စသည့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ် အသင်းနှင့် အက်သလက်တီကိုမက် ဒရစ်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။
**ဘိုင်ယန်မြူးနစ် နှင့် အာဆင်နယ်**
ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင် နယ်အသင်းတို့၏ ချန်ပီယံလိဂ်(၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် တွင် နှစ်သင်းစလုံးသည် ၄-၂-၃-၁ ကစားကွက်ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိသရေပွဲဖြစ်ခဲ့ သော်လည်း ဒုတိယပိုင်း ပွဲကစားချိန် ၅၅ မိနစ်တွင် ဘိုင်ယန်မြူးနစ် အသင်းက ရီဘာရီ၏ဖန်တီးပေးမှုမှ တစ်ဆင့် ရှက်ဝိန်းစတိုင်ဂါက သွင်းယူ ပေးခဲ့သဖြင့် အိမ်ကွင်း၌ ဦးဆောင်ဂိုး ရရှိခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲကစားချိန် ၅၇ မိနစ်တွင် ပိုဒေါစကီးကသွင်းယူပေး ခဲ့သည်။ သို့ရာတွင် ဘိုင်ယန်မြူးနစ်အသင်း နှင့် အာဆင်နယ်အသင်းတို့သည် ဒုတိယအကျော့တွင် တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့သော်လည်း ပထမ အကျော့တွင် ဘိုင်ယန်မြူးနစ်အသင်း က နှစ်ဂိုးပြတ် နိုင်ပွဲရရှိခဲ့ခြင်းကြောင့် နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-တစ်ဂိုး ဖြင့် နိုင်ပွဲရရှိခဲ့ပြီး ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
**အက်သလက်တီကို နှင့် အေစီမီလန် **
အက်သလက်တီကို မက်ဒရစ် အသင်းနှင့် အေစီမီလန်အသင်းတို့၏ ပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ် အသင်းသည် ပထမပိုင်းပွဲကစားချိန် ၃ မိနစ်မှာပင် တိုက်စစ်မှူးကော်စတာ ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ၂၇ မိနစ်တွင် ကာကာ၏သွင်းဂိုးဖြင့် အေစီမီလန်အသင်း ချေပဂိုးရရှိခဲ့သည်။
သို့ရာတွင် တူရန်ကတစ်ဂိုး၊ ဂါစီယာကတစ်ဂိုးနှင့် ကော်စတာတို့ က တစ်ဂိုးစီသွင်းယူပေးခဲ့သဖြင့် လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုး ဖြင့် အက်သလက်တီကိုမက်ဒရစ် အသင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
**ငွေကြယ်*
No comments:
Post a Comment