ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 13, 2014

===ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း===

>
**ဘီလ်ဘုတ်အတွက်ဝင်ငွေအများဆုံး ရှာဖွေပေးနိုင်ခဲ့သူ တေလာဆွတ်ဖ်**

 ပေါ့ပ်ဂီတလောက၏ နာမည်ကြီး ထင်ရှားလှသော ရွှေရောင်ဆံကေသာ အလှပိုင်ရှင် တေလာဆွတ်ဖ်က ၂၀၁၂ ခုနှစ်ကလည်း ဘီလ်ဘုတ်အတွက် ၀င်ငွေအများဆုံး ရှာဖွေပေးနိုင်ခဲ့သူ စာရင်းတွင် ထိပ်ဆုံးမှ ဖော်ပြခြင်းခံ ခဲ့ရသလို ယခုနှစ်တွင်လည်း အယ်လ် ဘမ်ရောင်းရငွေ၊ ကမ်္ဘာလှည့်ဖျော်ဖြေ ပွဲများမှ အပါအ၀င် အမေရိကန် ဒေါ်လာ ၃၉ သန်းဖြင့် ဒုတိယအကြိမ် ၀င်ငွေအများဆုံး ထပ်မံရှာဖွေပေးနိုင် ခဲ့သဖြင့် ဘီလ်ဘုတ်မှ တေလာ ဆွတ်ဖ်အား ဂုဏ်ပြုပေးခဲ့သည်။
Red အယ်လ်ဘမ်ကို ဖန်တီး ထုတ်လုပ်ခဲ့သူ တေးသံရှင် တေလာဆွတ်ဖ်က ၂၀၁၂ ခုနှစ်က ယင်း ဇယား၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ ဖူးသော်လည်း ယခုနှစ်တွင် တေး သံရှင် မက်ဒေါနားအတွက် အဆိုပါ သရဖူကို လက်လျှော့ထားခဲ့ပါကြောင်း သိရသည်။ Redအယ်လ်ဘမ်သည် ဒေါင်းလုတ်ရယူနားဆင်မှု အကြိမ် ပေါင်း ၁၀ သန်းနီးပါးနှင့် အမေရိကန် တွင် အဋ္ဌမမြောက် ရောင်းအား အကောင်းဆုံး အယ်လ်ဘမ်တစ်ခု လည်း ဖြစ်ခဲ့သည်။ ဆက်လက်ပြီး တေးသံရှင် ဂျက် စတင်တင်ဘာလိတ်က ၀င်ငွေ အမေ ရိကန်ဒေါ်လာ ၃၁ ဒသမ ၅ သန်းဖြင့် လည်းကောင်း၊ ကန်းထရီးတေးသံရှင် က ၀င်ငွေ အမေ ရိကန်ဒေါ်လာ ၃၂ ဒသမ၉ သန်းဖြင့် လည်းကောင်း ဘီလ်ဘုတ်အတွက် ၀င်ငွေအသီးသီး ရှာဖွေပေးခဲ့ကြပြီး ရိုးလင်းစတုန်းနှင့်အဖွဲ့မှာ ၀င်ငွေ ရှာဖွေပေးနိုင်မှု ထိပ်တန်းငါးယောက် မြောက်တွင်သာ ရပ်တန့်နေခဲ့ရသည်။

**၂၀၁၄ဘရာဇီးကမ်္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနား၌အဖွင့်မိန့်ခွန်းမပြောပဲကျင်းပမည်**
(ဘရာဇီးသမ်္မတ နှင့်ဖီဖာဥက်္ကဋ္ဌ ဆပ်ဘလတ်္တာ)
(ဖီဖာ မတ် ၁၂)

ကမ်္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ဇွန်လတွင် ကျင်းပမည့် ကမ်္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနား၌ အဖွင့်မိန့်ခွန်းများ ပြောကြားဖွယ် မရှိကြောင်း ကြေညာလိုက်သည်။ ပြီးခဲ့သည့်နှစ်က ဘရာဇီးသမ်္မတ မာရပ်ဆက်သည် ကွန်ဖက်ဒရေးရှင်း ဖလားဖွင့်ပွဲအခမ်းအနား၌ ပရိသတ် များ၏ ခြောက်လှန့်ခြင်းကို ခံခဲ့ ရသည်။ ဘရာဇီးနိုင်ငံ၌ လူမှုရေး မငြိမ်မသက်မှုနှင့် ပတ်သက်ပြီး ဖီဖာဥက်္ကဋ္ဌ ဆပ်ဘလတ်္တာက စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော်ပြောကြား သည်ဟု ဒီပီအေသတင်း အေဂျင်စီ အင်တာဗျူးတွင် ဖော်ပြသည်။ အဆိုပါ ကမ်္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲသည် ဆန်္ဒပြမှုများမရှိဘဲ ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ၄င်းကပြောသည်။ ၂၀၁၃ ဇွန်လက ကွန်ဖက်ဒရေးရှင်းဖလား မတိုင်မီ ဘရာဇီးမြို့ကြီးများ၌ ဆန်္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ယင်းတို့က အဆိုပါ ကမ်္ဘာ့ဖလား နှင့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ပြင်ဆင် မှုအပေါ် ကုန်ကျစရိတ်အလွန်များပြီး လာဘ်စားမှုများ ရှိသည်ဆိုခြင်းကို ရှုတ်ချလိုက်သည်။ ၂၀၁၆ ခုနှစ်တွင် ရီယိုဒီဂျနေးရိုး မြို့၌ အဆိုပါ အိုလံပစ်အားကစားပွဲ ကျင်းပသွားမည်ဖြစ် သည်။ ကမ်္ဘာ့ဖလားတွင် အသုံးပြုမည့် ဘောလုံးကွင်း ၁၂ ကွင်းအနက် အချို့မှာ ဆောက်လုပ်ဆဲဖြစ်သည်။ ဆောက်လုပ်ဆဲ ကွင်းများအနက် ကိုရင်သီယန်ကွင်းလည်း ပါဝင်သည်။ ဆော်ပေါလိုမြို့ရှိ အဆိုပါ ကွင်းမှာ ဇွန် ၁၂ ရက်တွင် အိမ်ရှင် ဘရာဇီးနှင့် ခရိုအေးရှားတို့ ဖွင့်ပွဲ ကစားကြမည့်ကွင်းဖြစ်သည်။ အဆိုပါ ဘောလုံးကွင်းများ အချိန်မီမပြီးမည်ကို စိုးရိမ်မိကြောင်း လည်း ဘလတ်္တာက ပြောကြားသည်။ (ဘီဘီစီ) 

**မစ်ချဲဘက်ချလက်..ဒုတိယအကြိမ်ချီလီသမ်္မတအဖြစ် ကျမ်းသစ်္စာဆို** 

(ချီလီ မတ် ၁၂) 

အသက် ၆၂ နှစ်ရှိ မစ်ချဲ ဘက်ချလက်သည် ချီလီသမ်္မတအဖြစ် ကျမ်းသစ်္စာဆိုခဲ့သည်။ ၄င်းသည် ချီလီသမ်္မတအဖြစ် ဒုတိယအကြိမ် ဖြစ်လာခြင်းဖြစ်သည်။ ဆိုရှယ်လစ်ဝါဒီ ခေါင်းဆောင် မစ်ချဲဘက်ချလက်သည် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ် ပြိုင်ဘက် အဲဗီးလင်းမက်သီအား အနိုင်ရပြီးနောက် ဗယ်ပါရာအီဆိုမြို့ ၌ သမ်္မတအဖြစ် ကျမ်းသစ်္စာဆိုခဲ့ခြင်း ဖြစ်သည်။ ရာထူးမှ အနားယူသွား သော ကွန်ဆာဗေးတစ်သမ်္မတ နေရာတွင် ကံကောင်းစွာဆက်ခံရန် ဆန်္ဒရှိသည်ဟု ဆိုသည်။ မစ်ချဲဘက် ချလက်သည် ရာစုနှစ်တစ်ဝက်အတွင်း ဒုတိယအကြိမ် သမ်္မတဖြစ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကျမ်းသစ်္စာကျိန်ဆိုပွဲ သို့ အာဂျင်တီးနား၊ အီကွေဒေါ၊ ပီရူး၊ ဘိုလစ်ဗီးယားတို့မှ နိုင်ငံ့ ခေါင်းဆောင်များလည်း တက်ရောက် ကြသည်။ ဆီးနိတ်ဥက်္ကဋ္ဌ အစ်္စဘယ် အဲလ်လင်ဒေးသည် ချီလီသမိုင်းတွင် ဒုတိယမြောက် အမျိုးသမီးသမ်္မတ ဖြစ်လာရန် မစ်ချဲနှင့် သူတင်ကိုယ် တင်ယှဉ်ပြိုင်ခဲ့သည်။ မစ်ချဲသည် ဒီဇင်ဘာလ သမ်္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ၆၂ ရာခိုင်နှုန်း ဖြင့် အနိုင်ရခဲ့သည်။ မစ်ချဲအနေဖြင့် ပညာရေးကို အခမဲ့ တက်္ကသိုလ်ပညာရေးဖြစ်ရန် နှင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲရန် လိုလားလျက်ရှိသည်။ ချီလီနိုင်ငံသည် လက်တင်အမေရိက နိုင်ငံများတွင် အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့သော်လည်း ပိုမိုကြွယ်ဝ စေရန် တက်္ကသိုလ်ပညာရေး တိုးတက်လာစေရန် လွန်ခဲ့သော နှစ်များက ဆန်္ဒပြမှုများရှိခဲ့သည်။ မစ်ချဲဘက်ချလက်သည် ၂၀၀၆ ခုနှစ် မှ ၂၀၁၀ အထိ သမ်္မတသက်တမ်း တွင်လည်း သမ်္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ (ဘီဘီစီ) 

**Girls' Generationအဖွဲအဖွဲခြေလှမ်းသစ်** 

 တောင်ကိုရီးယားဂီတကြယ်ပွင့် Girls' Generation အဖွဲ့က အခက်အခဲ များကြားက ထွက်ရှိအောင် ကြိုးစားစွမ်းဆောင်ခဲ့ရသည့် Mr.Mr တေးသီချင်း ၏ တေးသီချင်းဗီဒီယိုကို ယူကျု့၌ စတင်ဖြန့်ချိခဲ့ပြီး ယခုအချိန်ထိ ကြည့်ရှုသူ ပရိသတ်ပေါင်း ကိုးသန်းကျော်ရရှိနေပြီဖြစ်သော်လည်း ကြည့်ရှုသူပရိသတ်ပေါင်း ၁၅ သန်းကျော်သို့ ရောက်ရှိမှသာ အားလုံးအတူလိုက်ပါ ကခုန်နိုင်မည့် ၏ ဇာတ်တိုက်လေ့ကျင့်ထားသည့် ဗီဒီယိုသစ်ကို ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါအဖွဲ့သည် မတ် ၁၁ ရက်က ၎င်းတို့၏ တရားဝင် တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်တွင် “Mr.Mr“ ၏ တေးဗီဒီယိုကို ကြည့်ချင်ပါသလား၊ အရင်ဗီဒီယိုကို ကြည့်ရှုသူ ၁၅ သန်းပြည့်ရင် ထုတ်လွှင့် ပေးပါ့မယ်””ဟု ရေးသားဖော်ပြခဲ့သည်။ ယခုလက်ရှိတွင် အဖွဲ့သည် ရုပ်သံအစီအစဉ်များအပါအ၀င် ပရိုမိုးရှင်း ပွဲစဉ်များဖြင့်
အလုပ်များလျက်ရှိကြောင်း သိရသည်။တောင်ကိုရီးယားဂီတကြယ်ပွင့် အဖွဲ့က အခက်အခဲများကြားက ထွက်ရှိအောင် ကြိုးစားစွမ်းဆောင်ခဲ့ရသည့် Mr.Mr တေးသီချင်း၏ တေးသီချင်းဗီဒီယိုကို ယူကျု့၌ စတင်ဖြန့်ချိခဲ့ပြီး ယခုအချိန်ထိ ကြည့်ရှုသူပရိသတ်ပေါင်း ကိုးသန်းကျော်ရရှိနေပြီဖြစ်သော်လည်း ကြည့်ရှုသူပရိသတ်ပေါင်း ၁၅ သန်းကျော်သို့ ရောက်ရှိမှသာ အားလုံးအတူလိုက်ပါ ကခုန်နိုင်မည့် ၏ ဇာတ်တိုက်လေ့ကျင့်ထားသည့် ဗီဒီယိုသစ်ကို ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါအဖွဲ့သည် မတ် ၁၁ ရက်က ၎င်းတို့၏ တရားဝင် တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်တွင် “Mr.Mr“၏ တေးဗီဒီယိုကို ကြည့်ချင်ပါသလား၊ အရင်ဗီဒီယိုကို ကြည့်ရှုသူ ၁၅ သန်းပြည့်ရင် ထုတ်လွှင့် ပေးပါ့မယ်””ဟု ရေးသားဖော်ပြခဲ့သည်။ ယခုလက်ရှိတွင် အဖွဲ့သည် ရုပ်သံအစီအစဉ်များအပါအ၀င် ပရိုမိုးရှင်း ပွဲစဉ်များဖြင့် အလုပ်များလျက်ရှိကြောင်း သိရသည်။ 

*Myo Sandar Maung-*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)