ကမ်္ဘာ့ဖလားနှင့် ဥရောပချန်ပီယံရှစ် (ချန်ပီယံလိဂ်) ပြီးလျှင် ဥရောပနိုင်ငံများအတွက် တတိယအရေးအကြီးဆုံး ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်လာမည့် နေးရှင်းလိဂ်ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ယူအီး အက်ဖ်အေက ပြောကြားလိုက်သည်။ ယင်းပြိုင်ပွဲကို ၂၀၁၈ ခုနှစ်တွင် စတင်ကစားမည်ဖြစ်ပြီး ယူရို ၂၀၂၀ ယူရိုခြေစစ်ပွဲအောင် လေးနေရာကိုလည်း အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ဆိုသည်။ နေးရှင်းလိဂ်မှ အသင်းလေးသင်းသည် ယူရို ၂၀၂၀ တွင် ခြေစစ်ပွဲ အောင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် ကမ်္ဘာ့ဖလားအပြီး စတင်ကစားရန် စီစဉ်ထားသည်။
**လိုင်ယွန်တိုက်စစ်မှူး ဂိုမစ်ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေ**
လိုင်ယွန်တိုက်စစ်မှူး ဂိုမစ်သည် စတိတ်ဒီဂါလန်း၌ ငါးနှစ်ကြာ ကစား ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး တော့မည်ဖြစ်ခြင်းကြောင့် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။ အသက်(၂၈)နှစ်အရွယ် လိုင်ယွန် တိုက်စစ်မှူး ဂိုမစ်သည် လိုင်ယွန် အသင်းနှင့်အတူ လိဂ်ဝမ်းပြိုင်ပွဲ ၂၅ ပွဲကစားပြီးနောက် သွင်းဂိုး ၁၁ ဂိုး အထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ တိုက်စစ်မှူးဂိုမစ်သည် ၂၀၀၉ ခုနှစ်တွင် စိန့်အက်စ်တီယန်အသင်းမှ လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၁၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ သူဖြစ်ပြီး ၂၀၁၂ ခုနှစ်က အသင်း နှင့်အတူ ဆုဖလားတစ်လုံးရယူပေး နိုင်ခဲ့သည်။
**ရာဖေးလ်နာဒယ် အိုနီအိုးပင်း ဆီမီးဖိုင်နယ်တက်ပြီ**
မီယာမီ၌ ယှဉ်ပြိုင်ကစားလျက် ရှိသော ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ကမ်္ဘာ့ အဆင့်(၁)နေရာတွင် ရပ်တည်လျက် ရှိသော ပရော်ဖက်ရှင်နယ်တင်းနစ် ကစားသမား ရာဖေးလ်နာဒယ်နှင့် အဆင့်(၁၂)နေရာတွင် ရပ်တည်လျက် ရှိသော ကနေဒါတင်းနစ်ကစားသမား ရာအိုနစ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရာဖေးလ် နာဒယ်က ရာအိုနစ်အား အနိုင်ရရှိခဲ့ပြီးနောက် ဆိုနီအိုးပင်း တင်းနစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ အသက်(၂၇)နှစ် အရွယ် ရာဖေးလ် နာဒယ်နှင့် ကနေဒါတင်းနစ် ကစား သမား ရာအိုနစ်တို့သည် ကွာတား ဖိုင်နယ်အဆင့်တွင် ၂ နာရီ ၃၅ မိနစ် ကြာ အကြိတ်အနယ်ကစားပြီး ရာဖေးလ်နာဒယ်က ၄-၆၊ ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂရင်းဆလမ်း(၁၃) ကြိမ်မြောက်အထိ ချန်ပီယံဖြစ်ထား ခဲ့သည့် ရာဖေးလ်နယ်ဒယ်သည် ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီး ဖိုင်နယ်တွင် ကမ်္ဘာ့အဆင့်(၇) နေရာတွင် ရပ်တည်လျက်ရှိသည့် သောမက်ဘာဒိုက်ခ်ျနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သောမက်ဘာဒိုက်ခ်ျသည် ဆိုနီအိုးပင်း ကွာတားဖိုင်နယ်တွင် ယူကရိန်း တင်းနစ်ကစားသမား ဒိုလ် ဂိုပိုလော့ဗ်အား ၆-၄၊ ၇-၆(၇-၃)ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကမ်္ဘာ့အဆင့်(၁)နေရာရှိ ရာဖေးလ် နာဒယ်သည် ၎င်းင်း၏ တင်းနစ်ကစား သမားဘ၀တွင် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆု ၆၂ ကြိမ်အထိ ဆွတ်ခူး နိုင်ခဲ့သူဖြစ်သည်။ အခြားဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ်အဆင့်(၂၀)နေရာရှိ ဂျပန် တင်းနစ်ကစားသမား နီရှိကိုရီနှင့် ကမ်္ဘာ့အဆင့်(၂)နေရာရှိ နိုဗက်ခ်ဂျို ကိုဗစ်တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
**ဆီနီအိုးပင်းဖလား ဆီရီနာဝီလျံနှင့် တရုတ်တင်းနစ်မယ် လီနာ ဗိုလ်လုမည်**`
ဆိုနီအိုးပင်းဖလားကို ခြောက်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သည့် ဆီရီနာဝီလျံ နှင့် တရုတ်တင်းနစ်မယ် လီနာတို့သည် စနေနေ့တွင် အဆိုပါ ပြိုင်ပွဲဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အသက် ၃၂ နှစ်ရှိ ကမ်္ဘာ့နံပါတ်တစ်ဆီရီနာဝီလျံက ရှာရာပိုဗာကို ၁၅ ပွဲ ဆက်တိုက်အနိုင်ရပြီးနောက် ဗိုလ်လုပွဲသို့ ကိုးကြိမ်မြောက်အထိ တက် ရောက်လာခြင်းဖြစ်သည်။ အမေရိကန်သူ ဆီရီနာဝီလျံသည် ပထမပွဲငယ်တွင် ၄-၁ ဖြင့် ရှုံးနေရာမှ ပြန်လည်အနိုင်ယူ ကာ ၆-၄၊ ၆-၃ ဖြင့် အနိုင်ယူခဲ့သည်။ အသက် ၃၂ နှစ်ရှိ တရုတ်တင်းနစ် မယ်လီနာသည် ဒိုမီနီကန်တင်းနစ်မယ် စီးဘူးကိုဗာအား ၇-၅၊ ၁-၆၊ ၆-၃ ဖြင့် နိုင်ပြီး ဗိုလ်လုပွဲတက်လာခြင်းဖြစ်သည်။ သို့သော်လည်း သြစတြေးလျအိုးပင်းချန်ပီယံလီနာသည် ခြောက်နှစ်အတွင်း ဆီရီနာဝီလျံကို အနိုင်မရဘဲရှိသည်။ ၄င်းသည် ဆီရီနာဝီလျံနှင့် ၁၁ ပွဲကစား ခဲ့ရာတွင် ၁၀ ပွဲရှုံးနိမ့်ခဲ့သည်။
စုစည်းဘာသာပြန် - ငွေကြယ်၊ မိုးမြင့်လင်းလက် Rest of your post
**နေးရှင်းလိဂ် ၂၀၁၈ တွင် စတင်မည်**
ကမ်္ဘာ့ဖလားနှင့် ဥရောပချန်ပီယံရှစ် (ချန်ပီယံလိဂ်) ပြီးလျှင် ဥရောပနိုင်ငံများအတွက် တတိယအရေးအကြီးဆုံး
ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်လာမည့် နေးရှင်းလိဂ်ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ယူအီး
အက်ဖ်အေက ပြောကြားလိုက်သည်။
ယင်းပြိုင်ပွဲကို ၂၀၁၈ ခုနှစ်တွင် စတင်ကစားမည်ဖြစ်ပြီး ယူရို ၂၀၂၀ ယူရိုခြေစစ်ပွဲအောင် လေးနေရာကိုလည်း
အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ဆိုသည်။ နေးရှင်းလိဂ်မှ အသင်းလေးသင်းသည် ယူရို ၂၀၂၀ တွင် ခြေစစ်ပွဲ
အောင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် ကမ်္ဘာ့ဖလားအပြီး စတင်ကစားရန် စီစဉ်ထားသည်။
**လိုင်ယွန်တိုက်စစ်မှူး ဂိုမစ်ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေ**
လိုင်ယွန်တိုက်စစ်မှူး ဂိုမစ်သည်
စတိတ်ဒီဂါလန်း၌ ငါးနှစ်ကြာ ကစား
ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကုန်တွင်
အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး
တော့မည်ဖြစ်ခြင်းကြောင့် အသင်းမှ
ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။
အသက်(၂၈)နှစ်အရွယ် လိုင်ယွန်
တိုက်စစ်မှူး ဂိုမစ်သည် လိုင်ယွန်
အသင်းနှင့်အတူ လိဂ်ဝမ်းပြိုင်ပွဲ ၂၅
ပွဲကစားပြီးနောက် သွင်းဂိုး ၁၁ ဂိုး
အထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။
တိုက်စစ်မှူးဂိုမစ်သည် ၂၀၀၉
ခုနှစ်တွင် စိန့်အက်စ်တီယန်အသင်းမှ
လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ကြေး
ယူရို ၁၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့
သူဖြစ်ပြီး ၂၀၁၂ ခုနှစ်က အသင်း
နှင့်အတူ ဆုဖလားတစ်လုံးရယူပေး
နိုင်ခဲ့သည်။
**ရာဖေးလ်နာဒယ် အိုနီအိုးပင်း ဆီမီးဖိုင်နယ်တက်ပြီ**
မီယာမီ၌ ယှဉ်ပြိုင်ကစားလျက်
ရှိသော ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ၏
ကွာတားဖိုင်နယ်အဆင့်တွင် ကမ်္ဘာ့
အဆင့်(၁)နေရာတွင် ရပ်တည်လျက်
ရှိသော ပရော်ဖက်ရှင်နယ်တင်းနစ်
ကစားသမား ရာဖေးလ်နာဒယ်နှင့်
အဆင့်(၁၂)နေရာတွင် ရပ်တည်လျက်
ရှိသော ကနေဒါတင်းနစ်ကစားသမား
ရာအိုနစ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ
ရာဖေးလ် နာဒယ်က ရာအိုနစ်အား
အနိုင်ရရှိခဲ့ပြီးနောက် ဆိုနီအိုးပင်း
တင်းနစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်
သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
အသက်(၂၇)နှစ် အရွယ် ရာဖေးလ်
နာဒယ်နှင့် ကနေဒါတင်းနစ် ကစား
သမား ရာအိုနစ်တို့သည် ကွာတား
ဖိုင်နယ်အဆင့်တွင် ၂ နာရီ ၃၅ မိနစ်
ကြာ အကြိတ်အနယ်ကစားပြီး
ရာဖေးလ်နာဒယ်က ၄-၆၊ ၆-၂၊ ၆-၎
ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဂရင်းဆလမ်း(၁၃)
ကြိမ်မြောက်အထိ ချန်ပီယံဖြစ်ထား
ခဲ့သည့် ရာဖေးလ်နယ်ဒယ်သည်
ဆိုနီအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီး
ဖိုင်နယ်တွင် ကမ်္ဘာ့အဆင့်(၇)
နေရာတွင် ရပ်တည်လျက်ရှိသည့်
သောမက်ဘာဒိုက်ခ်ျနှင့် ရင်ဆိုင်ရမည်
ဖြစ်သည်။ သောမက်ဘာဒိုက်ခ်ျသည်
ဆိုနီအိုးပင်း ကွာတားဖိုင်နယ်တွင်
ယူကရိန်း တင်းနစ်ကစားသမား ဒိုလ်
ဂိုပိုလော့ဗ်အား ၆-၄၊ ၇-၆(၇-၃)ဖြင့်
အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ကမ်္ဘာ့အဆင့်(၁)နေရာရှိ ရာဖေးလ်
နာဒယ်သည် ၎င်းင်း၏ တင်းနစ်ကစား
သမားဘ၀တွင် အမျိုးသားတစ်ဦးချင်း
ချန်ပီယံဆု ၆၂ ကြိမ်အထိ ဆွတ်ခူး
နိုင်ခဲ့သူဖြစ်သည်။ အခြားဆီမီးဖိုင်နယ်
ပွဲစဉ်အဖြစ်အဆင့်(၂၀)နေရာရှိ ဂျပန်
တင်းနစ်ကစားသမား နီရှိကိုရီနှင့်
ကမ်္ဘာ့အဆင့်(၂)နေရာရှိ နိုဗက်ခ်ဂျို
ကိုဗစ်တို့ ယှဉ်ပြိုင်ကစားကြမည်
ဖြစ်သည်။
**ဆီနီအိုးပင်းဖလား ဆီရီနာဝီလျံနှင့် တရုတ်တင်းနစ်မယ် လီနာ ဗိုလ်လုမည်**`
ဆိုနီအိုးပင်းဖလားကို ခြောက်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သည့် ဆီရီနာဝီလျံ
နှင့် တရုတ်တင်းနစ်မယ် လီနာတို့သည် စနေနေ့တွင် အဆိုပါ ပြိုင်ပွဲဗိုလ်လုပွဲ
အဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အသက် ၃၂ နှစ်ရှိ ကမ်္ဘာ့နံပါတ်တစ်ဆီရီနာဝီလျံက ရှာရာပိုဗာကို ၁၅
ပွဲ ဆက်တိုက်အနိုင်ရပြီးနောက် ဗိုလ်လုပွဲသို့ ကိုးကြိမ်မြောက်အထိ တက်
ရောက်လာခြင်းဖြစ်သည်။ အမေရိကန်သူ ဆီရီနာဝီလျံသည် ပထမပွဲငယ်တွင်
၎-၁ ဖြင့် ရှုံးနေရာမှ ပြန်လည်အနိုင်ယူ ကာ ၆-၄၊ ၆-၃ ဖြင့် အနိုင်ယူခဲ့သည်။
အသက် ၃၂ နှစ်ရှိ တရုတ်တင်းနစ် မယ်လီနာသည် ဒိုမီနီကန်တင်းနစ်မယ်
စီးဘူးကိုဗာအား ၇-၅၊ ၁-၆၊ ၆-၃ ဖြင့် နိုင်ပြီး ဗိုလ်လုပွဲတက်လာခြင်းဖြစ်သည်။
သို့သော်လည်း သြစတြေးလျအိုးပင်းချန်ပီယံလီနာသည် ခြောက်နှစ်အတွင်း
ဆီရီနာဝီလျံကို အနိုင်မရဘဲရှိသည်။ ၄င်းသည် ဆီရီနာဝီလျံနှင့် ၁၁ ပွဲကစား
ခဲ့ရာတွင် ၁၀ ပွဲရှုံးနိမ့်ခဲ့သည်။
စုစည်းဘာသာပြန် - ငွေကြယ်၊ မိုးမြင့်လင်းလက် Rest of your post
No comments:
Post a Comment