အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေကို မတ် ၉ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့ အက်ဖ်အေဖလားကို မျှော်မှန်းနေတဲ့ မန်စီးတီး၊ အဲဒီဖလားရအောင်ယူဖို့ အားထုတ်နေတဲ့ အာဆင်နယ်တို့ရဲ့ စွမ်းဆောင်မှုတွေ ဘယ်လောက်အထိကောင်းတယ်ဆိုတာ မြင်တွေ့ရတော့မှာပါ။ သမိုင်းအစဉ်အလာကြီးမားတဲ့ အက်ဖ် အေဖလားနဲ့ ထိုက်တန်တဲ့အသင်းဟာ ဘယ်အသင်းဖြစ်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
**မန်စီးတီးနှင့် ၀ီဂန်**
ကက်ပီတယ်ဝမ်းဖလားရယူပြီး ဖြစ်တဲ့ မန်စီးတီးဟာ အခုအက်ဖ်အေ ဖလားကို ပစ်မှတ်ထားနေပြီဖြစ်ပါ တယ်။ မန်စီးတီးဟာ ၀ီဂန်ကို ပရီ မီယာလိဂ်ပွဲစဉ်မှာ ငါးဂိုးပြတ်သွင်းယူ ကာ ချေမှုန်းထားတာမို့ အခုပွဲအိမ် ကွင်းမှာလည်း ထပ်မံသင်ခန်းစာပေး ဦးမှာပါ။ ဒါပေမယ့် ၀ီဂန်ရဲ့နောက်ဆုံး ကစားခဲ့တဲ့ ရှက်ဖ်ဖီး၊ ကာဒစ်ဖ်၊ ဘန်စလေ၊ ဘရိုက်တန်အသင်းတွေကို အကုန် အနိုင်ယူထားခဲ့တဲ့ ခြေစွမ်း ရှိနေပါတယ်။ မန်စီးတီးတို့ကတော့ နောက်ဆုံး ငါးပွဲမှာနိုင်ပွဲ၊ သရေပွဲ၊ ရှုံးပွဲတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ ဖလား သုံးလုံးရယူဖို့ ကြိုးစားနေတဲ့ မန်စီးတီးရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ် ပြင်းထန်မှုကို ဒီပွဲမှာအသိအမှတ်ပြုရမှာပါ။
**အာဆင်နယ်နှင့် အဲဗာတန်**
အိမ်ရှင်အာဆင်နယ်တို့ကတော့ မန်ယူ၊ လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ ဆန်းဒါးလန်းနဲ့ စတုတ်တို့လို အသင်း တွေနဲ့ ဆက်တိုက်ဆင်နွှဲခဲ့ရလို့ ပွဲပန်း နေပါတယ်။ အာဆင်နယ်ဟာ အိမ် ကွင်းမှာ အဲဗာတန်ကိုလက်ခံကစား တိုင်း သရေပွဲတွေနဲ့ချည်း အဆုံး သတ်ခဲ့ရတာမို့ ဒီပွဲမှာလည်း အာဆင် နယ်ပရိသတ်တွေ ပူပင်စိတ်ဖြစ် ကြရဦးမှာပါ။ ဒီနှစ်ဘောလုံးရာသီ အတွက် မျှော်မှန်းလို့ရနိုင်တဲ့ အက်ဖ် အေဖလားကို အာစင်ဝင်းဂါး မျှော် လင့်နေတာမို့ အဲဗာတန်ကို အနိုင် ကစားဖို့ ပြင်ဆင်ပါလိမ့်မယ်။အဲဗာတန် တို့ကတော့ နောက်ဆုံးငါးပွဲမှာ သုံးပွဲ နိုင်၊ နှစ်ပွဲရှုံးထားတာမို့ ဒီပွဲမှာ အိမ် ရှင်တို့ စွမ်းဆောင်မှု ကောင်းမှသာ အာဆင်နယ်ပရိသတ်တွေ ကျေနပ် စရာ ရလဒ်ဖြစ်ပါလိမ့်မယ်။
**ဟားလ်စီးတီးနှင့် ဆန်းဒါးလန်း**
ဟားလ်စီးတီးကွင်းမှာ ဆန်းဒါး လန်းတို့ ကစားတဲ့ပွဲတိုင်း အသာ စီးရခဲ့တာများပါတယ်။ ခြေတက် နေတဲ့ ဆန်းဒါးလန်းဟာ ထိပ်တန်း အသင်းတွေကိုတောင် အနိုင်ကစား နိုင်တဲ့ ခြေစွမ်းရှိနေတာမို အိမ်ရှင်တို့ အလေးထား ပြင်ဆင်ခုခံပါမှ သက် သာပါလိမ့်မယ်။ ပုံမှန်ခြေစွမ်းပြန်ရ နေတဲ့ ဆန်းဒါးလန်းဟာ အခုပွဲကို ရလဒ်ကောင်းအောင် ပုံဖော်မှာမို့ အိမ်ရှင်ပရိသတ်တွေ အောင်ပွဲခံနိုင်ဖို့ အခွင့်အရေးနည်းပါလိမ့်မယ်။
**ရှက်ဖ်ဖီးနှင့် ချာလ်တန်**
နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေတဲ့ ဒီနှစ်သင်းရဲ့ ဆုံတွေ့မှုက စိတ်ဝင်စား စရာကောင်းနေပါတယ်။ ရှက်ဖ်ဖီး ဟာ ခြေစွမ်းတက်ရိပ်ပြနေပြီးပရီမီယာ လိဂ်အသင်းတွေကို အနိုင်ကစားကာ အခုလို ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ရှက်ဖ်ဖီးဟာ နော်တင်ဟမ်၊ ဂါလင် ဟမ်၊ ဘရစ်္စတိုး၊ ကိုလ်ချက်စတာနဲ့ အမ်ကေ ဒွန်းစ်အသင်းတွေကို ဆက် တိုက်အနိုင်ကစားထားတဲ့ နောက်ဆုံး ကစားပွဲငါးပွဲရလဒ်ကလည်း အခု ပွဲရလဒ် ဘယ်လိုပေါ်ထွက်မလဲဆိုတာ မီးမောင်းထိုးပြနေတာမို့ ဒီပွဲမှာ ချာလ် တန်တို့ကို ဦးစားပေး အဆင့်ထားလို့ မရနိုင်ပါဘူး။
*မိုးမြင့်လင်းလက်*

No comments:
Post a Comment