** ဒုတိယကမ်္ဘာစစ်အကြောင်းပုံဖော်ထားသည့်ဇာတ်ကားသစ်တွင် ပါဝင်မည့်ဘရတ်ပစ်**
ဟောလိဝုဒ်ငွေကြယ်ပွင့် ဘရတ်ပစ်ဒ်က ဒုတိယကမ်္ဘာစစ်အကြောင်းပုံဖော် ထားပြီး အချစ်ဇာတ်လမ်းများလည်းပါဝင်သည့် ဇာတ်ကားသစ်တွင် ပါဝင် သရုပ်ဆောင်ရန် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ယခုအချိန်ထိ ယင်းဇာတ်ကား၏အမည်ကို သတ်မှတ်ရခြင်းမရှိသေး ကြောင်းနှင့် ရိုက်ကူးမည့် ဒါရိုက်တာအမည်ကိုလည်း ထုတ်ဖော်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။ သို့သော် ယင်းဇာတ်ကား၏ ထုတ်လုပ်ရေးလုပ်ငန်းများကို ၂၀၁၅ နှစ်ဦး ပိုင်းတွင် စတင်သွားမည်ဖြစ်ပြီး ဒုတိယကမ်္ဘာစစ်အတွင်းဇာတ်ကားများနှင့် မစိမ်းသူ အသက်(၅၀)အရွယ် ဘရတ်ပစ်ဒ်အတွက် ယင်းဇာတ်ကားသည် အခက် အခဲမရှိနိုင်ကြောင်း၊ ထို့အပြင် ယခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိမည့် င်္Fury အမည်ရှိ ဒုတိယကမ်္ဘာစစ်အတွင်းက စစ်ကားတစ်ကားတွင်လည်း ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။
**ဟားဗက်တက်္ကသိုလ်တွင် စီမံခန့်ခွဲမှုအတတ် ပညာများကို ရေရှည်သင်ကြားပေးသွားရန်မန်ယူအသင်း နည်းပြဟောင်းဖာဂူဆန်သဘောတူညီလိုက်ပြီ**
(လန်ဒန် ဧပြီ ၅)
မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်း ဆာ အဲလက်ဖာဂူဆန်သည် ဟားဗက်တက်္ကသိုလ်တွင် စီမံခန့်ခွဲမှုအတတ် ပညာများကို ရေရှည်သင်ကြားပေးသွားရန် သဘောတူညီလိုက်ပြီဖြစ်သည်။ မန်ယူအသင်းကို ၂၆ နှစ်ကြာ ကိုင်တွယ် ကာ အောင်မြင်မှုများစွာရယူပေးခဲ့ပြီး လွန်ခဲ့ သည့်နှစ်က အနားယူသွားခဲ့သူ ဖာဂူဆန်သည် လာမည့်လမှစ၍ ဟားဗက်တက်္ကသိုလ်၏ ““ကမ်္ဘာတစ်ဝန်းမှ ထိပ်တန်းစီမံခန့်ခွဲမှုပညာရှင် များ”” အစီအစဉ်တွင် စီးပွားရေးဆိုင်ရာ ဖျော် ဖြေမှု၊ မီဒီယာနှင့် အားကစား စီမံခန့်ခွဲမှုများကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း အင်္ဂလန်သတင်းမီဒီယာများက ဧပြီ ၄ ရက် တွင် ရေးသားဖော်ပြကြသည်။ ““ကျွန်တော် ဒီလိုထိပ်တန်းတက်္ကသိုလ်ကြီး တစ်ခုမှာ သင်ကြားပေးခွင့်ရတဲ့အတွက် အလွန် ၀မ်းသာပါတယ်။ ဟားဗက်တက်္ကသိုလ်မှာ အရင်က ကုန်ဆုံးခဲ့တဲ့အချိန်တွေမှာလည်း စိတ်ဝင်စားစရာ အတွေ့အကြုံတွေရခဲ့ပါတယ်။ ဟားဗက်စီးပွားရေးတက်္ကသိုလ်အသိုင်းအ၀ိုင်း က ကျောင်းသားတွေ၊ တက်္ကသိုလ်ဆရာတွေ၊ မိတ်ဆွေတွေနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေး တိုးတက်လာဖို့လည်း မျှော်လင့်ပါတယ်””ဟု အသက် (၇၂)နှစ်ရှိ ဖာဂူဆန်ကပြောကြားသည်။
ဖာဂူဆန်သည် ၎င်း၏ စီမံခန့်ခွဲမှု ပုံစံများကို ဟားဗက်တက်္ကသိုလ်တွင် ၂၀၁၂ ခုနှစ်က သင်ကြားပေးခဲ့သူဖြစ်သည်။ ဖာဂူဆန်သည် မန်ယူအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ် ဖလား နှစ်ကြိမ်အပါအ၀င် ဆုဖလား ၃၈ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ (ဆင်ဟွာ)
**MI: 5ဇာတ်ကားသစ်အတွက်စိတ်လှုပ်ရှားနေသည့်တွမ်ခရုစ်**
Mission: Impossibleဇာတ်လမ်းတွဲများတွင် ပင်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သည့် တွမ်ခရုစ်က အသစ်ထွက်ရှိလာမည့် Mission: Impossible5တွင်လည်း ယခင်ဇာတ်ရုပ်ဟောင်း IMF အေးဂျင့်တစ်ဦးဖြစ် သည့် အီသန်ဟန့်ထ်အဖြစ် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ယင်း ဇာတ်ကားသည်လွန်စွာမှ စိတ်လှုပ်ရှားဖွယ်ကောင်းပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ MI: 5ဇာတ်ကားသစ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၌ စတင်ရုံတင်ပြသသွားရန်စီစဉ်ထားပြီး ယခု လက်ရှိတွင် ဇာတ်ညွှန်းပိုင်းဆိုင်ရာများအားလုံးနီးပါးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ““အရင် MI: 4တုန်းကလည်း မျှော်လင့်ထားတာထက်ပိုပြီးတော့ အောင်မြင်ခဲ့ပါတယ်။ အခုဇာတ်ကားသစ် ကိုလည်း အများကြီးမျှော်လင့်ထားပါတယ်။ ပရိသတ်ကို ဒီလိုစိတ်ဝင်စားဖွယ် ဇာတ်ကားတွေတင်ပြခွင့်ရတာကို က အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်””ဟု တွမ်ခရုစ်က ဆိုသည်။ အဆိုပါ MI: 5 ဇာတ်ကားသစ်ကို ယခုနှစ်နွေရာသီတွင်စတင်ရိုက်ကူးနေပြီဖြစ်ပြီး အမေရိကန် မင်းသာဲးJeremy Renner? Simon Pegg နှင့်Christopher McQuarrieတို့လည်း ဆက်လက်ပါဝင်သွားကြမည်ဖြစ်သည်။
** ချယ်လ်ဆီးနှင့်ကစားမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ကိုအီဘရာဟင်မိုဗစ်ခ်ျလွှဲချော်နိုင်**
အီဘရာဟင်မိုဗစ်ခ်ျသ ည် ကြွက်သားဒဏ်ရာ ရရှိသွားခြင်း ဖြစ်ေ ကြာင်း နည်း ပြ လောရင့်ဘလန့် က ပြောသည။် ၎င်းသည်ပီအက်စ်ဂျီ အတွက် ယခုနှစ် ရာသီတွင် ၃၅ ဂိးု သွင်း ယူပေးထားသည။်
၎င်းသည်အနည်းဆုံး တစ်လအနားယူရလိမ့်မည်ဖြစ်ကြောင်း ပီအက်စ်ဂျီဥက်္ကဋ္ဌက ပြောသည်။ အီဘရာဟင်မိုဗစ်ခ်ျ သည် ယခုနှစ် ချန်ပီယံလိဂ်တွင် ၁၀ ဂိုးအထိ သွင်းယူထားသည်။ အောက်တိုဘာလက အန်ဒါလက်ခ်ျကို ဂိုးပြတ် သွင်းယူခဲ့ရာတွင် ၎င်းက လေးဂိုးသွင်းယူပေးခဲ့သည်။
**ပေကျင်းကောလိပ်ကျောင်းသားများရုပ်ရှင်ပွဲတော်ကျင်းပမည်**
(၂၁)ကြိမ်မြောက်အဖြစ် ကျင်းပမည့် ပေကျင်းကောလိပ်ကျောင်းသားများ၏ ရုပ်ရှင်ပွဲတော်ကို ဧပြီ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲ၏ဲJury Awardအတွက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသည့် ဇာတ်ကား ၃၄ ကား၏ အမည်စာရင်းများကို အဆိုပါရုပ်ရှင်ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါရုပ်ရှင်ပွဲတော်၏ ဆုအမျိုးအစားအသီးသီးအတွက် ပါဝင်ယှဉ်ပြိုင်ရန်အတွက်မူ ဇာတ်ကားပေါင်း ၂၀၀ ကျော်ရွေးချယ်ထားပြီး ယင်းတို့တွင် ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏ Police Story 2013 ဇာတ်ကားလည်း ပါဝင်သည်။ ထို့အပြင် ၃၃ ရက်ကြာကျင်းပမည့် ယင်းဆုပေးပွဲတွင် ကျောင်းသားများက မဲပေးရွေးချယ်သည့် ဆုအမျိုးအစားများတွင် အကြိုက်ဆုံးဒါရိုက်တာဆု၊ အကြိုက်ဆုံး မင်းသား၊ မင်းသမီးဆုများလည်း ပါဝင်မည်ဖြစ်ကာ ရုပ်ရှင်ဇာတ်ကားသုံးသပ်ချက်ပြိုင်ပွဲ၊ ဇာတ်ညွှန်းနှင့် ရုပ်ရှင်ဇာတ်ကားအပေါ် ဈေးကွက် လိုအပ်ချက်အလိုက် သုံးသပ်ချက်ပြိုင်ပွဲများနှင့် အခြားစိတ်ဝင်စားဖွယ်ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။ ပေကျင်းတက်္ကသိုလ်နှင့်Beijing Municipal Bureau of Radio, Film and Television တို့ ပူးပေါင်းကျင်းပသည့် အဆိုပါရုပ်ရှင်ပွဲတော်သည် တရုတ်နိုင်ငံ၏ အထင်ကရရုပ်ရှင်ပွဲတော်များအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး မျိုးဆက်သစ် ရုပ်ရှင်ပညာရှင်များထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
+Myo Sandar Maung--ငွေကြယ်+

No comments:
Post a Comment