အာဆင်ဝင်းဂါးဘယ်သူအနိုင်ရမလဲ)
ပွဲကောင်းတွေနဲ့ပြည့်နှက်နေတဲ့ ဒီတစ်ပတ်မှာတော့ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ အက်ဖ်အေဖလားအကြိုဗိုလ်လုပွဲတွေက စောင့်ကြိုနေပြန်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဖလားရယူဖို့ကြိုးစားမယ့် အာဆင်နယ်ဟာ ဘယ်လိုစွမ်းအားမျိုးတွေနဲ့ ၀ီဂန်ကိုကျော်ဖြတ်ပြမယ်ဆိုတာ စိတ်ဝင်စားစရာပါ။ ပရီမီယာလိဂ်မှာရလဒ် တွေ ကမောက်ကမဖြစ် နေတဲ့အာဆင်နယ်ရဲ့ လကရှိအနေအထားဟာ မျှော်လင့်စရာဖလားတစ်လုံးကို လက်တွေ့ မှာ သိမ်း ပိုက်နိုင်တဲ့ ခြေစွမ်း မျိုး ရှိရဲ့ လားဆိုတာလည်းသံသယ၀င်စရာတော့ကောင်းနေပြန်ပါတယ်။ ဒါကြောင့် မလွတ်တမ်းအားပေးရမယ့် ပွဲစဉ်တွေဖြစ်နေပါတယ်။
**၀ီဂန်နှင့် အာဆင်နယ်**
အက်ဖ်အေဖလားလက်ရှိ ချန်ပီယံ ၀ီဂန်ဟာ အာဆင်နယ်ကိုအနိုင်ကစား နိုင်တဲ့ အစဉ်အလာရှိထားပါတယ်။ လက်ရှိအက်ဖ်အေဖလားချန်ပီယံကို ကာကွယ်နိုင်ဖို့အတွက် ၀ီဂန်ဟာ အစွမ်းကုန်ကြိုးစားမှာမို့ အာဆင်နယ် အတွက် ပွဲကျပ်အဖြစ်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မန်စီးတီးလိုအသင်း ကိုတောင် ကျော်ဖြတ်လာတဲ့ ၀ီဂန်ရဲ့ ခြေစွမ်းက လျှော့တွက်လို့မရတာမို့ အာဆင်နယ်တို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး၊ အာဆင်နယ်တို့ကတော့ မျှော်လင့်စရာဆိုလို့ အက်ဖ်အေ ဖလားပဲရှိတော့တာမို့ အမာခံကစား သမားတွေ အကုန်ထုတ်သုံးပါလိမ့် မယ်၊ အာဆင်နယ်ဟာ ရာသီကုန် ချိန်နီးလာလေ ခြေယိုင်လေဖြစ်တာမို့ ဒီပွဲမှာ ဘယ်လိုစုစည်းပြီး ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ နည်းပြအာစင် ၀င်းဂါးရဲ့ စွမ်းဆောင်ရည်ပေါ်မူတည် နေပါတယ်။
ဖလားရယူဖို့စိတ်ဓာတ် ပြင်းထန်နေတဲ့ အာဆင်နယ်ရဲ့ ကြိုး စားမှုဟာ မျှော်မှန်းသလို အကောင် အထည်ပေါ်လာ မလားဆိုတာ စိုးရိမ် စရာကောင်းတာ မှန်ပေမယ့် ယုံကြည်မှုပေးရမှာ ဖြစ်ပါတယ်။
**ဟားလ်စီးတီးနှင့် ရှက်ဖ်ဖီး**
ခြေရည်တူနှစ်သင်း အပြိုင်ကြဲ ရမယ့်ပွဲဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲရောက်ဖို့အတွက် နှစ်သင်း စလုံးဟာ လူစုံထုတ်ခြေကုန်ဖွင့်ကစား ရမယ့်ပွဲပါပဲ။ ဒီနှစ်သင်းရဲ့ နောက် ဆုံးတွေ့ဆုံမှု သုံးပွဲကို ကြည့်ရင် ဟားလ်စီးတီးက အနိုင်ရတာများ ပါတယ်။ ဟားလ်စီးတီးဟာ အိမ်ကွင်း ခြေစွမ်းကောင်းမွန်တဲ့ အသင်းဖြစ်ပြီး အိမ်ကွင်းမှာ ပြိုင်ဘက်တွေကို ချေမှုန်းနိုင်စွမ်းရှိတဲ့အသင်း ဖြစ်ပါတယ်။
ဟားလ်စီးတီးဟာ အသင်း လိုက်နားလည်မှုရှိပေမယ့် တိုက်စစ် မှူးတွေရဲ့ ဂိုးပေါက်လွဲချော်နေမှုတွေ ကြောင့် ဂိုးရရှိမှုနည်းနေပေမယ့် အနိုင် ရလဒ်ကို အပြင်းအထန်ရှာဖွေတတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။ ရှက်ဖ်ဖီးတို့ကဟားလ်စီးတီးကို ဖိအား ပေးကစားနိုင်တဲ့ ခြေစွမ်းရှိတဲ့အပြင် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ အနိုင်ရ အောင်ကစားတတ်တာမို့ အိမ်ရှင်တို့ လည်း ခက်ခဲပါလိမ့်မယ်။ အိမ်ရှင် အတွက် အခွင့်အရေးသာပေမယ့် ရှက်ဖီးတို့ကလည်းလျှော့တွက်လို့မရ ပါဘူး။ ။
+မိုးမြင့်လင်းလက်+
(၀ီဂန်နည်းပြ နဲ့ အာကြီးနည်းပြ

No comments:
Post a Comment