စ်အသင်း စသည်ဖြင့် နှစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီးအသင်းနှင့် ရီးယဲလ် မက်ဒရစ်အသင်းတို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည်။
(ချဲလ်ဆီးအတွက်ဒုတိယမြောက်အဖိုးတန်ဂိုးကိုဒမ်ဘာဘာသွင်းပြီးနောက်အခုလို)
ထို့နောက် ဒုတိယပိုင်း ၅၁ မိနစ်တွင် ၀ီလီယံ၏ ပေးပို့မှုကို ရှာရယ်က သွင်းယူခဲ့သော်လည်း ဂိုးဘားတန်းထိ ကာ ပြန်ထွက်ခဲ့သည့်အပြင် ၅၃ မိနစ်တွင် အော်စကာ သွင်းယူခဲ့သည့် ပြစ်ဒဏ်ဘောကန်ချက်သည်လည်းဂိုးဘားတန်းထိမှန်ကာ ပြန်ထွက်ခဲ့ခြင်းကြောင့် ချယ်လ်ဆီး အသင်း ဒုတိယဂိုးရရှိမည့်အခွင့်အရေးနှင့် လွဲခဲ့ရသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ပွဲကစားချိန် ၆၅ မိနစ်တွင် ကွင်းလယ်ကစားသမား လမ်းပတ်နေရာ တွင် တိုက်စစ်မှူး ဒမ်ဘာဘာကိုလည်းကောင်း၊ အော်စကာ နေရာတွင် တိုက်စစ်မှူးတောရက်စ်ကိုလည်းကောင်း ထည့် သွင်းကာ တိုက်စစ်မှူးသုံးဦးအထိ အသုံးပြုစေခဲ့သည်။ သို့သော် ပွဲကစားချိန် မိနစ် ၇၀ ကျော်သည်အထိ တစ်ဖက် နှင့်တစ်ဖက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ပွဲကစား ချိန် ၈၇ မိနစ်တွင် တိုက်စစ်မှူးဒမ်ဘာဘာက ချယ်လ်ဆီး အသင်းအတွက် အရေးပါသော ဂိုးကိုသွင်းယူပေးနိုင်ခဲ့ ပြီးနောက် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ချယ်လ်ဆီးအသင်းက အိမ်ကွင်းတွင် နှစ်ဂိုးပြတ်အနိုင် ရရှိကာ အိမ်ကွင်းအဝေးကွင်း စည်းမျဉ်းအရ ချယ်လ်ဆီး အသင်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိကာ ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည်။
(ပွဲသိမ်းခရာမှုတ်အပြီးရီးယဲလ်အသင်းသားတွေပျော်မြူးနေကြစဉ်)
(ဒေါ့မွန်ကလည်းမခေပါ။၂ဂိုးပြတ်လိုက်သွင်းပါသေးတယ်)
အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် ဒေါ့မွန်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ ပွဲစဉ်တွင် ဒေါ့မွန်အသင်း သည် ပထမအကျော့က သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားခြင်း ကြောင့် ယခုဒုတိယအကျော့တွင် အနိုင်ရလဒ်ဆောင် ကြဉ်းနိုင်ရေးကြိုးပမ်းခဲ့သော်လည်း အိမ်ကွင်းတွင် နှစ်ဂိုး သာသွင်းယူနိုင်ခဲ့၍ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ရီးယဲလ်မက်ဒရစ်အသင်း မှာမူ နှစ်ကျော့ပေါင်းရလဒ်သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ လေးနှစ်ဆက်တိုက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်သည်။
(ဆီမီးဖိုင်နယ်တက်ချယ်လ်ဆီးအသင်းသားတွေရဲ့ အပျော်)

No comments:
Post a Comment