ပရီမီယာလိဂ် ပွဲစဉ် (၃၃) လက်ကျန်ပွဲအဖြစ် အဲဗာတန်နှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ချန်ပီယံလိဂ် ၀င်ခွင့်နေရာရောက် အာဆင်နယ်ကို အဲဗာတန်က အိမ်ကွင်း၌ သုံးဂိုးပြတ်ဖြင့် အနိုင် ရလိုက်သည်။ အိမ်ရှင် အဲဗာတန်အသင်း အတွက် အဖွင့်ဂိုးကို စတီဗင်နိုင် စမစ်က ပွဲစပြီး ၁၄ မိနစ်အကြာ သွင်းယူခဲ့သည်။ လူကာကူ ၏ အပိုင် ကန်သွင်းချက်ကို အာဆင်နယ် ဂိုးသမား ကာကွယ်ပေးပြီးနောက် နိုင်စမစ်က သွင်းယူ ခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူက မိနစ် ၂၀ အကြာ အာဆင်နယ်နောက်တန်း ကစားသမား နှစ်ဦးကို ကျော်ဖြတ်ကာ ဂိုးသွင်းယူ ပေးခဲ့သည်။ ပွဲချိန် မိနစ် ၆၀ မှာတော့ ကွင်းလယ်ကစား သမား အာတီတာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူမိသဖြင့် အဲဗာတန်တို့ တတိယမြောက်ဂိုးရခဲ့သည်။ အာဆင်နယ်ကစားသမားများ ချေပဂိုးသွင်းယူနိုင်ရေး အကြိတ်အနယ်ကစားခဲ့သော်လည်း အဲဗာတန် ဂိုးသမား လက်စွမ်းပြနေခြင်း၊ နောက်တန်းကစားသမားများက ပိတ်ဆို့ကစားခြင်း၊ အာဆင်နယ် တိုက်စစ်မှူး များ သွင်းယူသော ဘောလုံးအချို့ ဂိုးဘားတန်းထိမှန် ခြင်း၊ လူကျွံဘောများဖြစ်ခြင်းတို့ ကြောင့် အာဆင်နယ် တို့ ချေပဂိုးနှင့် လွဲချော်ခဲ့ရသည်။ အဲဗာတန်က ယင်းပွဲအနိုင်ရ လိုက်သဖြင့် ခြောက်ပွဲဆက်တိုက် အနိုင်ရလိုက်ခြင်းပင် ဖြစ်သည်။ စတုတ္ထနေရာရောက် အာဆင်နယ်နှင့် အဲဗာတန်က တစ်မှတ်သာ ကွာခြားမှုရှိသည်။
**လီဗာပူးနှစ်မှတ်အသာဖြင့် ဦးဆောင်**
စတီဗင်ဂျရတ်၏ ပယ်နယ်တီဂိုးနှစ်ဂိုးဖြင့် လီဗာပူးက ၀က်စ်ဟမ်းကို နိုင်ကာ ပရီမီယာလိဂ်ဇယား ထိပ်နေ ရာ ပြန်လည်ရယူလိုက်သည်။ လီဗာပူး အသင်းခေါင်းဆောင် ဂျရတ်က ဂျိမ်းတွန်ကင်း၏ လက်ထိဘောမှ တစ်ဆင့် ရခဲ့သည့် ပယ်နယ်တီဖြင့် ပထမဂိုးသွင်းယူပေးခဲ့သည်။ သို့သော်လည်း ရိုင်းဒီ မဲလ်က ပထမပိုင်း မပြီးမီ အင်ဒီကာရိုးစ်က လီဗာပူးဂိုးသမားလက်ကို ဆွဲထား စဉ် ပြုတ်ကျ လာသော ဘောလုံး ကိုသွင်းယူခဲ့ သည်။ ဂျရတ်က ဒုတိယဂိုး မသွင်းမီ အင်ဒီကာရိုးလ်၏ ခေါင်းတိုက်သွင်းယူခဲ့သော ဘောလုံးကို ဘားတန်း ထိမှန်ပြန်ထွက်ခဲ့၍ ၀က်စ်ဟမ်းတစ်ဂိုးနစ်နာခဲ့ရသည်။ လီဗာပူးလ်တှို့ ယင်းပွဲတွင် နှစ်ဂိုး-တစ်ဂိုးဖြင့်နိုင်ပြီး ဇယားထိပ်ပြန်ရောက်လာကာ ဒုတိယနေရာမှ ချယ်လ်ဆီးကို နှစ်မှတ်အသာဖြင့် ဦးဆောင်လာနိုင်ပြီဖြစ် သည်။
စုစည်းဘာသာပြန် - ကောင်းမြတ်သူ
*အဲဗာတန်အိမ်ကွင်း အာဆင်နယ်ကိုဂိုးပြတ်နိုင်**
ပရီမီယာလိဂ် ပွဲစဉ် (၃၃)
လက်ကျန်ပွဲအဖြစ် အဲဗာတန်နှင့်
အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ
ချန်ပီယံလိဂ် ၀င်ခွင့်နေရာရောက်
အာဆင်နယ်ကို အဲဗာတန်က
အိမ်ကွင်း၌ သုံးဂိုးပြတ်ဖြင့် အနိုင်
ရလိုက်သည်။
အိမ်ရှင် အဲဗာတန်အသင်း
အတွက် အဖွင့်ဂိုးကို စတီဗင်နိုင်
စမစ်က ပွဲစပြီး ၁၄ မိနစ်အကြာ
သွင်းယူခဲ့သည်။ လူကာကူ ၏ အပိုင်
ကန်သွင်းချက်ကို အာဆင်နယ်
ဂိုးသမား ကာကွယ်ပေးပြီးနောက်
နိုင်စမစ်က သွင်းယူ ခဲ့ခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူး
လူကာကူက မိနစ် ၂၀ အကြာ အာဆင်နယ်နောက်တန်း ကစားသမား
နှစ်ဦးကို ကျော်ဖြတ်ကာ ဂိုးသွင်းယူ
ပေးခဲ့သည်။ ပွဲချိန် မိနစ် ၆၀ မှာတော့ ကွင်းလယ်ကစား သမား အာတီတာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူမိသဖြင့် အဲဗာတန်တို့ တတိယမြောက်ဂိုးရခဲ့သည်။
အာဆင်နယ်ကစားသမားများ ချေပဂိုးသွင်းယူနိုင်ရေး အကြိတ်အနယ်ကစားခဲ့သော်လည်း အဲဗာတန်
ဂိုးသမား လက်စွမ်းပြနေခြင်း၊
နောက်တန်းကစားသမားများက
ပိတ်ဆို့ကစားခြင်း၊ အာဆင်နယ်
တိုက်စစ်မှူး များ သွင်းယူသော
ဘောလုံးအချို့ ဂိုးဘားတန်းထိမှန်
ခြင်း၊ လူကျွံဘောများဖြစ်ခြင်းတို့
ကြောင့် အာဆင်နယ် တို့ ချေပဂိုးနှင့်
လွဲချော်ခဲ့ရသည်။
အဲဗာတန်က ယင်းပွဲအနိုင်ရ
လိုက်သဖြင့် ခြောက်ပွဲဆက်တိုက် အနိုင်ရလိုက်ခြင်းပင် ဖြစ်သည်။ စတုတ္ထနေရာရောက် အာဆင်နယ်နှင့် အဲဗာတန်က တစ်မှတ်သာ ကွာခြားမှုရှိသည်။
**လီဗာပူးနှစ်မှတ်အသာဖြင့် ဦးဆောင်**
စတီဗင်ဂျရတ်၏ ပယ်နယ်တီဂိုးနှစ်ဂိုးဖြင့် လီဗာပူးက ၀က်စ်ဟမ်းကို
နိုင်ကာ ပရီမီယာလိဂ်ဇယား ထိပ်နေ ရာ ပြန်လည်ရယူလိုက်သည်။ လီဗာပူး
အသင်းခေါင်းဆောင် ဂျရတ်က ဂျိမ်းတွန်ကင်း၏ လက်ထိဘောမှ တစ်ဆင့်
ရခဲ့သည့် ပယ်နယ်တီဖြင့် ပထမဂိုးသွင်းယူပေးခဲ့သည်။ သို့သော်လည်း ရိုင်းဒီ
မဲလ်က ပထမပိုင်း မပြီးမီ အင်ဒီကာရိုးစ်က လီဗာပူးဂိုးသမားလက်ကို ဆွဲထား
စဉ် ပြုတ်ကျ လာသော ဘောလုံး ကိုသွင်းယူခဲ့ သည်။ ဂျရတ်က ဒုတိယဂိုး
မသွင်းမီ အင်ဒီကာရိုးလ်၏ ခေါင်းတိုက်သွင်းယူခဲ့သော ဘောလုံးကို ဘားတန်း ထိမှန်ပြန်ထွက်ခဲ့၍ ၀က်စ်ဟမ်းတစ်ဂိုးနစ်နာခဲ့ရသည်။
လီဗာပူးလ်တှို့ ယင်းပွဲတွင် နှစ်ဂိုး-တစ်ဂိုးဖြင့်နိုင်ပြီး ဇယားထိပ်ပြန်ရောက်လာကာ ဒုတိယနေရာမှ ချယ်လ်ဆီးကို နှစ်မှတ်အသာဖြင့် ဦးဆောင်လာနိုင်ပြီဖြစ် သည်။
စုစည်းဘာသာပြန် - ကောင်းမြတ်သူ
No comments:
Post a Comment