ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 8, 2014

==ဖုတ်ဖရမြို့နယ် မီးသဂြိုလ်စက်တည်ဆောက်ရေး လုပ်ငန်းခွင်မှ မြန်မာအလုပ်သမား ၈ ဦး လုပ်အားခမရ၍ ထိုင်းအလုပ်သမားရုံးထံတိုင်ကြား==

> (ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်ခွဲအလုပ်သမားကာကွယ်ရေးရုံးရှေ့ မှာတွေ့ ရတဲ့  မြန်မာ
အလုပ်သမား ၈ ဦး ရဲ့ ကိုယ်စားလှယ်)
+(ဧပြီလ ၈ ရက် ၂၀၁၄- သောင်ရင်းနဂါး)+

ထိုင်း- မြန်မာနယ်စပ် တောင်ဖက်အရပ်တွင် တည်ရှိသော ဖုတ်ဖရမြို့နယ် ၃၇ ကီလိုမီတာအရပ်ဒေသက နာမည်ကြီး ဖချရွှန်ရေတံခွန်အနီးရှိ မီးသဂြိုလ်စက်တည်ဆောက်ရေး လုပ်ငန်းခွင်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၈ ဦး တို့သည် ၄၅ ရက်စာ လုပ်အားခမရကြသဖြင့် ဖင့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) မှတဆင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်ခွဲအလုပ်သမားကာကွယ်ရေးရုံးသို့ ယနေ့ဆက်သွယ် တိုင်ကြားကြကြောင်း သတင်းရရှိသည်။

လုပ်အားခမရသော မြန်မာရွှေ့ပြောင်းလုပ်သား ၈ ဦး၏ ကိုယ်စား လမ်းပန်းဆက်သွယ်ရေးနှင့် ထိုင်းရဲအဖမ်းအဆီးရှိနေသဖြင့် တစ်ဦးတည်းလာရောက် ဆက်သွယ်တိုင်ကြားခဲ့သော ကိုရဲက “၈ ဦးစလုံးလာချင်ကြပါတယ်။ ဒါပေမယ့် ယာယီပတ်စ်ပို့ မရှိကြဘူးဗျ။ ဒါကြောင့် ရဲဖမ်းရင် ရဲဂိတ် တစ်ဂိတ်ကို ၂၀၀ ဘတ် နှုန်းနဲ့ ပေးပြီး လာရင် ဘတ် ၁၀၀၀ လောက်ရှိမှ မဲဆောက်ကို လာလို့ရမယ်ဗျ။ ဒါကြောင့် ကျနော် ၁ ဦးထဲ အခြား ၇ ဦးရဲ့ ဓာတ်ပုံတွေ ယူလာပြီး JACBA ဆရာမိုးတို့က တဆင့် ထိုင်းအလုပ်သမားရုံးကို ဆက်သွယ်တိုင်ကြားတာဗျ။ လုပ်ခဲ့ပြီးတဲ့ ၄၅ ရက်စာ လုပ်အားခ စုစုပေါင်း ၃၈၀၀၀ ဘတ် ကို ပြန်လိုချင်ကြတယ်။ သူက ဈေးဆစ်ပြီး ဘယ်လောက်ပြန်လျော့မလည်း မသိဘူး။ ကျနော်တို့က မီးသဂြိုလ်စက် ဆောက်လုပ်ရေးလုပ်ရတယ်။ တစ်ရက်ကို နေ့စားခကထိုင်းနိုင်ငံသုံးငွေ (၂၄၀- ၂၅၀- ၂၆၀- ၂၇၀- ၂၈၀)ဘတ် စသဖြင့်အစားစား ရကြတယ်။ အလုပ်လုပ်ပြီး ပိုက်ဆံမရတော့ သူဌေးဆီ သွားတောင်းကြတယ်။ ဘယ်လိုမှ မပေးတဲ့အဆုံး အခုလို တိုင်ကြားရတာပဲ။” ဟု ရှင်းပြသည်။

(ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်ခွဲအလုပ်သမားကာကွယ်ရေးရုံးကအမှုတွဲမှတ်တမ်းစာ)
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့နယ်၏ တောင်ဖက်တွင် တည်ရှိသော ဖုတ်ဖရမြို့နယ်၌ မြန်မာရွှေ့ပြောင်းလုပ်သား ၇၀၀၀၀ ခန့်ရှိပြီး အဓိက လုပ်ကြရသည်မှာ ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး အခြားသော ဆောက်လုပ်ရေး၊မွေးမြူရေး၊ ဆိုင်အကူ၊ အိမ်ဖော်၊ အိမ်တွင်းမှု လုပ်ငန်းငယ်အချို့နှင့် အိမ်တွင်း စက်ရုံငယ်အချို့တွင် အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများ ၀င်ရောက်လုပ်ကိုင်လျက်ရှိသည်။ သို့ရာတွင် ထိုင်းဥပဒေပါ နေ့စားခ စံနှုန်းသတ်မှတ်ချက် ဖြစ်သော တစ်ရက်လျှင် ဘတ် ၃၀၀ ဆိုသည်နှင့် အလွန် အလှမ်းဝေးသော တာ့ခ်ပြည်နယ် (ခရိုင်) အတွင်းရှိ မြို့နယ်တစ်ခုပင်ဖြစ်သည်။ ဤသို့သော အလုပ်ရှင်က လုပ်အားခမပေးပဲ အလုပ်ဆက်မခိုင်းခြင်း၊ အလုပ်ရှင်က လုပ်အားခလည်းမပေးသလို ယင်း၏ အသိုင်းအ၀ိုင်းများမှ မြန်မာအလုပ်သမားများကို ရိုက်နှက်ညှင်းပန်းခြင်း၊ အချို့နေရာများတွင် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ စသည့် နိုင့်ထက်ကလူအပြုအမူများ ပါဝင်သော ရာဇ၀တ်မှုများကို အလုပ်ရှင်အသိုင်းဝိုင်းက အများဆုံး ကျူးလွန်ကြသော ဒေသလည်းဖြစ်သည်။

(ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်ခွဲအလုပ်သမားကာကွယ်ရေးရုံးရှေ့ မှာတွေ့ ရတဲ့  မြန်မာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)