ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 17, 2014

==ဟာသသရုပ်ဆောင်အကယ်ဒမီဦးမိုးဒီ==

>

မ ည်သည့်ပညာရပ်မဆို ခက်ခဲနက်နဲ၏။ ပညာရပ်များစွာထဲတွင် အနုပညာသည်လည်း တစ်ခုအပါအ၀င်၊်၊ နုနုနု လေးနဲ့ ပညာသားပါလှသည့်အတွက် အနုပညာဟုဆြိုကြလေသလားမသိ။။ ပညာရပ်တစ်ခုနှုင့်ပတ်သက်၍်၍ အောင်ြ်မြင် မှုတစ်ခုကိုလွယ်လွယ် နှ င့်မရနိုင်။ အချိနိေ ပးကြရသည်။ စိတ်ဆ န ရှိရုံ ဖြင့်မ ရ၊ တစ်စိုက် မတ်မတ်၊်၊ ဇ၊ွဲ၊ဲ လုံ့လ ၊ ၀ီရိယအပြညြ့်ဖင့် ကြိုးစားအားထုတ်ပါက တစ်နေ့အောင်ြ်မြင်မှုရရမည်မှာမလွဲ။။ ၀ါသနာဗီဇ ပြင်းပြလှသည်နှင့်အညီ အနုပညာသည် သူ့ဘ၀ဟု လေးနက်စွာခံယူရင်း အနုပညာလောကထဲ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရာမှ ယနေ့အောင်မြင်မှု ရရှိခဲ့သော၊ အောင်မြင်နေဆဲဖြစ်သော ပြည်သူချစ် အနုပညာရှင်တစ်ဦးအကြောင်း ရေးပြချင်သည်။

အများသိပြီးဖြစ်သည့် ဟာသသရုပ်ဆောင် အကယ်ဒမီဦးမိုးဒီ၊ ရုပ်သွင်ကို မြင်ရမှမဟုတ်၊ အသံကြား ရုံဖြင့်ပင် ကလေးလူကြီးမရွေး တစ်တိုင်းပြည်လုံး သိကြ သည်။ အမည်ရင်း သန်းထွန်း၊ အဘကုန်သည် ဦးဟန်တင်၊ အမိဒေါ် ခင်မြင့်တို့က ၁-၁-၁၉၄၈ ရက် (သောကြာနေ့)တွင် ဟင်္သာတမြို့ ဇကာတန်းရပ်၌ မွေးဖွားခဲ့ရာ မွေးချင်းသုံးဦး ရှိသည့်အနက် အငယ်ဆုံး။ ဟင်္သာတမြို့ အထက(၁)တွင် ခုနစ်တန်းအထိ ပညာသင်ကြားခဲ့သော်လည်း ကျောင်းစာ ထက် အနုပညာကိုသာ အားသန်စိတ်ဝင်စားနေသည့် အတွက် ကျောင်းပညာကိုပစ်ပြီး အနုပညာလောကထဲ ခြေစုံပစ်ဝင်ရောက်ခဲ့သည်မှာ ယနေ့တိုင်။ ဟင်္သာတမြို့ ဗုဒ်္ဓဟူးဆွမ်းပတ်တွင် ဝေယျာဝစ်္စများဝင်ရောက်လုပ်ကိုင် ပေးရင်း မြို့ခံဆိုင်းအဖွဲ့၏ ညပိုင်းဖျော်ဖြေတင်ဆက်မှုများ ကို ကြည့်ခဲ့ရသည်။ ဆိုင်းအဖွဲ့မှ လူရွှင်တော်ကြီးများကို ကြည့်ရင်းကြည့်ရင်း အားကျလာခဲ့ရာ လူရွှင်တော်ဖြစ်ချင် စိတ်များ တဖွားဖွားပေါ်ပေါက်လာတော့သည်။ အိမ်ပြန် ရောက်လေတိုင်း လူရွှင်တော်ကြီးများ၏ ပျက်လုံးနှင့် ဟန်ပန်အမူအရာတို့ကို လုပ်ပြလေ့ရှိရာ မိဘဆွေမျိုး အသိုင်းအ၀ိုင်းများကလည်း သဘောတွေ့ပြီး နှစ်ခြိုက် အားပေးကြသည့်အတွက် ဦးမိုး၏ဖြစ်ချင်သည့် စိတ်ဆန်္ဒ များကား ချွန်းအုပ်၍မနိုင်။

မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိ တစ်နေ့ ရွှေမန်းပန်တျာကြည်လင်ဇာတ်အဖွဲ့ ဟင်္သာတမြို့ သို့ လာရောက်ကပြရာ ဦးမိုးသည် ထမင်းမေ့၊ ဟင်းမေ့ ဇာတ်နားကမခွာ၊ ညစဉ်ညတိုင်း ညလုံးပေါက်ပွဲကြည့် လေ့ရှိပြီး ပွဲပြီးသည်နှင့် ဇာတ်ထဲအတင်းလိုက်သွားတော့ သည်။ အိမ်ကို လုံးဝအသိမပေး၊ အသိပေးပါက တားမည် စိုးသည်။ မိဘအသိုင်းအ၀ိုင်းက နောက်မှလိုက်စုံစမ်းပြီး မတားသာသည့်အဆုံး ဦးမိုး၏ဆန်္ဒကို ဖြည့်ဆည်းခွင့်ပြုကြ ရသည်။ ဇာတ်ဆရာက ဇာတ်ထဲတွင် လူမလိုသော်လည်း ဦးမိုး၏ဆန်္ဒကို မငြင်းပယ်ရက်၊ ဇာတ်ထဲရောက်စ ဟိုလူ ကခိုင်း၊ ဒီလူကခိုင်း၊ တောက်တိုမယ်ရ၊ တကယ်တော့ ဇာတ်သူဇာတ်သားများဘ၀သည် ပင်ပန်းဆင်းရဲလွန်းလှ သည်။ ၀ါသနာ အရင်းခံကြ၍သာ ပင်ပန်း၍ ပင်ပန်းကြ မှန်းမသိ၊ အစားဆင်းရဲ၊ အနေဆင်းရဲ၊ ကြုံသည့်အရပ်မှာ ကြုံသလို သင့်တင့်မျှတအောင်နေကြရပြီး ကြုံသလို ခရီး သွားကြရသည်။ သာမန်လူတို့ ဒဏ်မခံနိုင်၊ အအိပ်ပျက်၊ အစားပျက် မည်မျှပင်ပန်းကြစေကာမူ အနုပညာကို ဖန်တီး ခွင့်ရကြသည့်အခါ ပင်ပန်းမှုများကို မေ့သွားကြပြန်သည်။ ဦးမိုးလည်းထို့အတူ၊ သူရရှိနေသည့်ဘ၀ကို ဘယ်အရာနဲ့မှ မလဲနိုင်၊ အချိန်မဖြုန်း၊ ရသည့်အချိန်ကို မှန်ကန်စွာ အသုံး ချသည်။ ရသမျှပညာ အကုန်ယူသည်။ တောက်တိုမည်ရ ဘ၀မှ မီးအဖွဲ့တွင် လူလိုသည့်အတွက် မီးသမားဖြစ်ခဲ့ပြန် သည်။ ဇာတ်အဖွဲ့တွင် မီးသမားဆို၍ မီးခလုတ်ဖွင့်တတ် ပိတ်တတ်ရုံဖြင့်မရ။ ဇာတ်လမ်းဇာတ်ကွက်အားလုံး ခရေ စေ့တွင်းကျ နောကျေအောင်သိထားရသည်။ ဇာတ်လမ်း နှင့်မီး အပြန်အလှန်အပေးအယူ အချိတ်အဆက်မိပါမှ တင်ဆက်မှုများသည် ပို၍အသက်ဝင် ရသမြောက်သည်။ ဦးမိုးသည် မီးထိုးချောင်ရှိ မီးခလုတ်များကြား ညလုံး ပေါက်ထိုင်၍ မီးအပေးအယူလုပ်ရင်း ဇာတ်သဘင်ပညာ၊ ဟာသပညာ၊ ပြဇာတ်ပညာ၊ ကဇာတ်ပညာနှင့် နောက်ပိုင်း ဇာတ်တော်ကြီးများပါမကျန် လေ့လာမှတ်သားသည်။ သို့ဖြစ်၍ အနုပညာကုန်ကြမ်းများကား တစ်ပွေ့တစ်ပိုက်၊ ထိုကာလများက ရရှိခဲ့သော အတွေ့အကြုံများကိုယခုပြန် တွေးကြည့်သည့်အခါ သူ့ဘ၀အတွက် အနုပညာအာဟာရ များဟု ဦးမိုးက အဓိပ်္ပာယ်ဖွင့်ဆိုပြန်သည်။ တာထွက် ကောင်းသည်ဟုဆိုရမည်လား၊ ပန်တျာကြည်လင်ဇာတ်၌ ထိုစဉ်က တကယ့်ဝါရင့်သမ်္ဘာရင့် နိုင်ငံကျော် ဇာတ်သဘင် လူရွှင်တော်ကြီးများဖြစ်ကြသော ဦးဓာတ်ရှင်၊ ဦးရွှေငါးနှင့် ဦးစံမောင်းတို့ထံမှ ဟာသပညာရပ်များ အားပါးတရ လေ့လာဆည်းပူးခွင့်ရခဲ့သည်။ ပန်တျာကြည်လင်ဇာတ် တွင်ငါးနှစ်အကြာ လက်ထောက်မီးဆရာရာထူးရခဲ့သည်။ ဇနီး ဒေါ်အေးကြွယ်နှင့် ဖူးစာဆုံခဲ့သည်။ ဇာတ်သဘင်လောက၊ အငြိမ့်လောကတို့တွင် ရာသီ ခွင်ပြီး၍ စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ ဇာတ်ခေါင်း ခွဲကြပြီး ဟိုဇာတ်သည်ဇာတ် ကူးပြောင်းကပြမှုများရှိသည်။ ထိုသဘောသဘာဝအရ ဦးမိုးသည် ပန်တျာကြည်လင် ဇာတ်မှ ရွှေမန်းကျော်အောင်ဇာတ်သို့ ကူးပြောင်းသည်။ မီးဆရာအဖြစ် ကူးပြောင်းခဲ့သော်လည်း ဇာတ်ရည်ဝနေသူ ဖြစ်သည့်အတွက် လူလိုလျှင်လိုသည့်နေရာ ၀င်ရောက် ကပြရသည်။ အခက်အခဲမရှိ၊ ရွှေမန်းကျော်အောင်ဇာတ်ထဲ တွင် မီးဆရာတစ်ပိုင်း၊ သရုပ်ဆောင်တစ်ပိုင်း၊ ထိုဇာတ်နှင့် နှစ်နှစ်ကပြပြီးနောက် ဦးကက်နက်စိန်၏သား စိန်မာဒင် ဇာတ်သို့ ရောက်ရှိပြန်သည်။ ထိုဇာတ်အဖွဲ့တွင် လူရွှင် တော်သီးသန့်၊ စိန်မာဒင်ဇာတ်နှင့် သုံးနှစ်လက်တွဲပြီး နောက် ရေဒီယို-စိန်ခင်မောင်(ပတ်္တလား) ဦးစီးတည်ထောင် သော ခင်မာချိုအငြိမ့်အဖွဲ့ထဲရောက်ပြန်သည်။ ခင်မာချို အငြိမ့်တွင် ငါးနှစ်ကပြီးနောက် ထိုစဉ်က ပြဇာတ်အကျော် အမော် ပြဇာတ်မင်းသားတို့တင်ဌေးက ခေါ်သည့်အတွက် စိန်မာဒင်ဇာတ်ထဲရောက်ပြန်သည်။ ကံတူအကျိုးပေးဟု ဆိုရမည်လား၊ စိန်မာဒင်ဇာတ်နှင့်ဒုတိယအကျော့ လက်တွဲ သည့်အခါ စိန်မာဒင်၏သား ဇာတ်မင်းသား မိုးဝင်း၊ မိုးဒီ၊ မော့(စ်) ဆိုပြီး လျှမ်းလျှမ်းတောက် နာမည်ကြီးကြလေတော့ သည်။ ကပြရာနေရာတိုင်း ရုံပြည့်၊ ရုံလျှံ၊ ရုံဖွင့်၊ ရုံကွဲ မင်းသားမိုးဝင်း၏ ဇာတ်လမ်းဇာတ်ကွက်၊ လေးနက်ပီပြင် သော ပြဇာတ်များ၊ မြူးကြွလှပသော နှစ်ပါးခွင်များနှင့်အတူ မိုးဒီ၊ မော့(စ်) တို့၏ ရယ်ရွှင်ဖွယ်ဟာသများကား တ၀ါးဝါး၊ ပွဲအစမှ အဆုံးတိုင် ငိုက်ချိန်မရ၊ ပါးစပ်မပိတ်ရ၊ အူတက် မတတ် ရယ်ခဲ့ရသည်မှာ စာရေးသူကိုယ်တွေ့၊ ထိုမှတစ်ဖန် ဦးမိုးကိုယ်တိုင် ဦးစီးတည်ထောင်သော ပန်တျာတင်မိုးဝင်း၊ မိုးဒီ၊ မော့(စ်)ဇာတ်သဘင်၊ ထိုဇာတ်တွင် ဦးမိုးသည် ဟာသ သာမက သဘာဝကိုလည်း နိုင်နင်းကြောင်း ပြခဲ့သည်။ ပန်တျာတင်မိုးဝင်းဇာတ်တွင် ဦးမိုးကိုယ်တိုင် ပြဇာတ်မင်း သားအဖြစ် ခေါင်းဆောင်တင်ဆက်ကပြခဲ့သော ““နံ့သာ လိမ်း၍ ပန်းစိမ်းပန်””၊ ““ရင်ကွဲအောင်ချစ်ပြမယ်”” နှင့် ““မေတ်္တာဟာ မေတ်္တာပါပဲ”” ပြဇာတ်များဟာ ပရိသတ်များ အကြိမ်ကြိမ်တောင်းဆိုခြင်း ခံခဲ့ရပြီး ပွဲတောင်းပြဇာတ်များ အဖြစ် ထင်ရှားခဲ့သည်။ ပန်တျာတင်မိုးဝင်းနှင့်ကပြနေစဉ် ရုပ်ရှင်မင်းသား သန်းအောင်က အိမ်ကြည့်အမှတ်တရ ဗီဒီယိုကား ရိုက်လိုသည်ဆို၍ မော့စ်နှင့်တွဲဖက်ပြီး ““မင်္ဂလာဦးည”” နှင့် ““အစိရှည်၏ အရှုပ်တော်ပုံ”” ဟာသ ဇာတ်ကားနှစ်ကား ရိုက်ကူးခဲ့ရာ သတင်းပြန့်ပြီး ပရိသတ်က တောင်းဆိုသည့်အတွက် ရောင်းတန်းဗီဒီယိုဇာတ်ကား အဖြစ် အသွင်ပြောင်းဖြန့်ချိခဲ့ရသည်။ ထိုနှစ်ကားထွက် သည်နှင့် ဗီဒီယိုထုတ်လုပ်သူများဝိုင်းဝိုင်းလည်၊ သို့ဖြစ်၍ ဗီဒီယိုလောကထဲ ရောက်ခဲ့ရပြန်သည်။ ထင်ပေါ်၍ စင်တော်ကောက်၊ အကျိုးပေး၍ အကြောင်းထင်၊ ဗီဒီယို လောက၊ ကြော်ငြာလောက၊ ရုပ်ရှင်လောက နေရာတိုင်းတွင် အောင်မြင်မှုများကား စဉ်ဆက်မပျက်၊ ရခဲလှသည့်မြန်မာ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ အကယ်ဒမီသည် နတ်ကြီး၏။ ကံတရားနှင့် လည်းဆိုင်၏။ ရုပ်ရှင်လောကတွင် တချို့တော်ခဲ့ကျော်ခဲ့ကြ သော်လည်း အကယ်ဒမီစင်မြင့်ပေါ်တက်ခွင့်မရ။ လူကြမ်း ထဲမှ၊ ဟာသလူရွှင်တော်ထဲမှ အကယ်ဒမီရသူရှားလှသည်။ ရှားသူများကြားမှ ရယူနိုင်သူဖြစ်သည့်အတွက် မှတ်မှတ် သားသားဖြစ်ရသည်။ တစ်ချိန်က မြို့တော်သိန်းအောင် ဇာတ်အဖွဲ့တွင် ပြဇာတ်ဒါရိုက်တာ မြို့တော်မောင်ယဉ် အောင်တင်ဆက်ခဲ့သည့် နာမည်ကြီးစင်တင်ပြဇာတ်ကို မြို့တော်မောင်ယဉ်အောင်ကပင် ရုပ်ရှင်အဖြစ်အသက် သွင်း၍ ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ““ကိုးဆယ်ဆ သာလိမ့်မည်”” ဇာတ်ကားတွင် ဦးမိုးပါဝင် သရုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်အကယ်ဒမီဆု ရရှိခဲ့ သည်။ ထိုကားမတိုင်မီက အကယ်ဒမီပြုံးချိုကြီးနှင့် ပန်း ဒဏ္ဍာရီဇာတ်ကားတို့တွင်လည်း အကယ်ဒမီမှန်းခဲ့ သေးသည်။ ပန်းဒဏ္ဍာရီဇာတ်ကားတွင် မယားကြောက်ရ သည့် ထန်းရည်မူးသမားကြီးအဖြစ် သဘာဝကျကျ ပီပြင် စွာ သရုပ်ဆောင်ခဲ့ရာ အကယ်ဒမီနှင့် ဆန်ခါတင်အဆင့် ကျမှ လွဲခဲ့သော်လည်း စိတ်ဓာတ်မကျ၊ ဆက်လက်ကြိုး ပမ်းအားထုတ်ခဲ့ရာ ““ကိုးဆယ်ဆသာလိမ့်မည်””ဇာတ်ကား ဖြင့် အကယ်ဒမီရခဲ့သည့်အတွက် ထိုအကယ်ဒမီညက တစ်လမ်းလုံးရှိ လမ်းသူလမ်းသားအားလုံးတို့ အားပါးတရ ဒါနပြုစတုဒိသာ ကျွေးမွေးခဲ့သည်။ အမျိုးသားညီလာခံ၊ ပြည်လုံးကျွတ်ဆန်္ဒခံယူပွဲ စသည်ဖြင့် နိုင်ငံတော်အဆင့် တင်ဆက်ခဲ့ရသည့် ပွဲပေါင်းများစွာ၊ ဘာသာရေးသာသနာ ရေးအတွက် တင်ဆက်ခဲ့ရသည့် ပွဲပေါင်းများစွာ၊ ထို့ပြင် နိုင်ငံရပ်ခြားရောက်မြန်မာများက ဖိတ်ကြားသည့်အတွက် အမေရိကန်၊ အင်္ဂလန်၊ ဂျပန် (နှစ်ကြိမ်)၊ သြစတြေးလျ (နှစ်ကြိမ်)၊ စင်ကာပူ၊ ထိုင်းနှင့်မလေးရှားနိုင်ငံများသို့လည်း သွားရောက်ဖျော်ဖြေခဲ့ရပြန်သည်။
သားလေးဦးထွန်းကားခဲ့ပြီး ဒုတိယသားဖြစ် သော ကြည်စိုး(ခ)ဟာသသရုပ်ဆောင်ကောင်းစံမှာလည်း ဟာသအနုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေဆဲ၊ အောင်မြင်နေဆဲ၊ ဦးမိုး၏ လက်ဦးဆရာများမှာ မိုးဒီ ဆိုသော အမည်ပေးခဲ့သည့် ဟာသလူရွှင်တောင်ကြီး ဦးဓာတ်ရှင်နှင့်ဦးရွှေငါး၊ သားကောင်းစံ၏လက်ဦးဆရာမှာ ဟာသလူရွှင်တော်ကြီး ဦးစိန်ရိုးဟုသိရသည်။ ဦးမိုးသည် အလှူအတန်းရက်ရောပြီး မွေးရပ်ဇာတိမြေကို မမေ့၊ အချိန်ရလျှင်ရသလို မွေးရပ်မြေကိုပြန်၍ အလှူဒါနပြု လေ့ရှိသည်။ သူ့ဘ၀၊ သူ့အနုပညာသည် အတုယူစရာ၊ အားကျစရာ၊ ဦးမိုးသည် သူမြတ်နိုးသော အနုပညာလမ်းမှာ ဂန်္ထ၀င်မှတ်တိုင်များ စိုက်ထူရင်း မမောမပန်း ယနေ့တိုင် လျှောက်လှမ်းနေဆဲ။ ။

+တင့်လွင်ဦး(Economic University)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)