ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 17, 2014

==လန်ဒန်ကမ်္ဘာ့အိုလံပစ်ကြိုးဝိုင်းအတွင်းမှမျိုးသန့်==

>
(၁၄)ကြိမ်မြောက် ကမ်္ဘာ့အိုလံပစ်အားကစားမျိုး ပေါင်းစုံယှဉ်ပြိုင်အနိုင်လုပွဲကြီးကို ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၄ ရက်ထိ ဗြိတိန်နိုင်ငံ လန်ဒန် မြို့တော်၌ ကျင်းပခဲ့၏။ ဆဋ္ဌမဂျော့ဘုရင်ကြီးကိုယ်တိုင် တက်ရောက်၍ ဖွင့်လှစ်ပေးပြီး မယ်တော်မေရီမိဖုရားကြီး၊ အယ်လီ ဇဘတ် မိဖုရား၊ မာဂရက်မင်းသမီးနှင့် မင်းညီမင်းသား အပေါင်းလည်းတက်ရောက်ကာ အားပေးဂုဏ်ပြုခဲ့ကြ သည်။ (၅၉)နိုင်ငံမှ အားကစားလက်ရွေးစင်မောင်မယ် ပေါင်း ၆၀၀၅ ဦးက အားကစားမျိုးပေါင်းစုံကို ၀င်ရောက် ယှဉ်ပြိုင် အနိုင်ယူခဲ့၏။ ကမ်္ဘာ့ပရိသတ် ၈၂၀၀၀ ကျော် လာရောက်ကြည့်ရှုအားပေးခဲ့ပေသည်။ ၁၉၄၀ ခုနှစ်အတွင်းတွင် (၁၂)ကြိမ်မြောက် ကမ်္ဘာ့ အိုလံပစ်ပွဲတော်ကို ဖင်လန်နိုင်ငံ ဟလ်ဆင်ကီမြို့၌ ကျင်းပရန်ရှိသော်ငြားလည်း ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှ အစပြု၍ ဥရောပတိုက်၌ ဒုတိယကမ်္ဘာစစ်မီး စတင်လောင်ကျွမ်းပြီဖြစ်သဖြင့် မကျင်းပဖြစ်ခဲ့။ ဂျပန် နိုင်ငံ တိုကျိုမြို့မှာ ကျင်းပရန် ကြံရွယ်ခဲ့သေး၏။ သို့တမူ စစ်မီးတောက်က အာရှတိုက်သို့ ချက်ချင်းဆိုသလို ကူးစက်လာပြီဖြစ်သမို့ ဂျပန်တွင်လည်း မကျင်းပနိုင်ချေ။ တစ်ဖန် လေးနှစ်လျှင်တစ်ကြိမ်ကျ ကျင်းပရန် ပြဋ္ဌာန်း ထားသော ကမ်္ဘာ့အိုလံပစ်အားကစားပွဲတော်ကို ၁၉၄၄ ခုနှစ်၌ ကျင်းပရမည်ဖြစ်လင့်ကစား ၁၉၄၄ ခုနှစ်ဝယ် ဒုတိယကမ်္ဘာစစ်ကြီးသည် ကမ်္ဘာ့နိုင်ငံအနှံ့ဖြစ်နေချိန် ဖြစ်သဖြင့် (၁၃)ကြိမ်မြောက် ကမ်္ဘာ့အိုလံပစ်အားကစား ပွဲတော် မကျင်းပနိုင်ပြန်ပါ။ ၁၉၃၆ ခုနှစ် သြဂုတ် ၂ ရက်မှ ၁၆ ရက်အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်တွင် (၁၁)ကြိမ်မြောက် ကမ်္ဘာ့အိုလံပစ်ပွဲ(ဘာလင်အိုလံပစ်) ကျင်းပခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် (၁၄)ကြိမ်မြောက် လန်ဒန်အိုလံပစ် အားကစားပွဲတော်အား ကျင်းပခဲ့ခြင်းပါ။

ကျွန်တော်တို့၏မြန်မာနိုင်ငံတော်ကြီးသည် နယ်ချဲ့ အရင်းရှင်အင်္ဂလိပ်မျက်နှာဖြူအစိုးရလက်အောက်ခံ ကျွန်ဘ၀သို့နှစ်ပေါင်း ၁၂၃ နှစ်တိုင်တိုင် ကျရောက်ခဲ့ပြီး နောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်မှ အစပြုလျက် နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ လက်အောက်ခံဘ၀မှ လွတ်မြောက်ကာ ကိုယ့်မင်းကိုယ့်ချင်းပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်နှင့် အချုပ်အခြာအာဏာရ လွတ်လပ်သောမြန်မာနိုင်ငံတော်အဖြစ် ရပ်တည်စ ခုနစ်လကြာကာလမှာ (၁၄)ကြိမ်မြောက် လန်ဒန်အိုလံ ပစ်ပွဲတော်က ဗြိတိန်နိုင်ငံ၌ ကျင်းပခြင်းဖြစ်၏။ ကျွန်တော်တို့မြန်မာနိုင်ငံအား လန်ဒန်အိုလံပစ်သို့ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခဲ့သည်။ ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံတော်အစိုးရက လက်သင့်ခံခဲ့ပြီးနောက် အလေးမ၀င်းမောင်(ဘင်တန်ဝိတ်တန်း)၊ တာတိုမီတာ ၁၀၀၊ ၂၀၀ အပြေးသမားစိန်ဖေ၊ လက်ဝှေ့မျိုးသန့်(ဖလိုင်း ၀ိတ်တန်း)နှင့် စောဟာဒီ(ဘင်တန်ဝိတ်တန်း)တို့လေးဦး အား စေလွှတ်သည်။ ရဲမင်းကြီး ဦးအောင်ချိန်နှင့် ဦးဗအေးတို့က အုပ်ချုပ်ဦးဆောင်၍သွားခဲ့၏။ လွတ်လပ်သော ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံတော်ဖြစ်လာပြီမို့ ပြည်ထောင်စုအလံတော်သည် ကမ်္ဘာတစ်ဝန်းမှ (၅၉) နိုင်ငံ အသီးသီးမှအလံတော်တို့နှင့် တန်းတူရည်တူ ဗြိတိန်နိုင်ငံတွင် ရဲရဲတောက် လွှင့်ထူနိုင်ပြီဖြစ်သည်။ လွတ်လပ်သောအချုပ်အခြာအာဏာပိုင်စိုးမှု၏ ရလဒ်ပင် ဖြစ်သည်။

၂၉.၇.၁၉၄၈ ရက်နေ့ ပထမပွဲစဉ် (၁၁၂) ပေါင် ဖလိုင်းဝိတ်တန်းဗိုလ်လုပွဲ၌ မျိုးသန့်(မြန်မာ)နှင့် ကနေဒါနိုင်ငံ ချန်ပီယံ(ဂျိုအလက်ဆန်ဒိုလို)နှင့် ထိုးသတ် ရသည့် ပထမအချီ လွှတ်လိုက်ကတည်းက မျိုးသန့်က မရပ်မနားတမ်း ဖြောင့်လက်သီး/ ၀ိုက်လက်သီးတွေကို အဆက်မပြတ်ထိုးတော့ရာ ဂျိုအလက်ဆန်ဒိုလို ပေ ၂၀ ပတ်လည်ကြိုးဝိုင်းအတွင်း လှည့်ပတ်ပြေးနေရတော့ သည်။ အင်္ဂလိပ်ပရိသတ် ၃၀၀၀၀ ကျော်က ဘားမား၊ ဘားမား၊ ဘားမားနှင့် တစ်ခဲနက် တစ်ပြိုင်နက်တည်း အားပေးနေချေသည်။ မျိုးသန့်က ပထမအချီထိုးရချိန် ၃ မိနစ်အချိန်စေ့ နြူ သံကြားရမှအထိုးရပ်တော့သည်။ ဒုတိယအချီနှင့် တတိယအချီ၌လည်း မျိုးသန့်က တိုက်စစ်ပြီးတော့ တိုက်စစ်ဆင်ထိုးနေသဖြင့် ကနေဒါ နိုင်ငံ ချန်ပီယံ၏ မျက်နှာတစ်ပြင်လုံး သွေးလွှမ်းသွားလေသည်။ သုံးချီပြီးတော့ မျိုးသန့်(မြန်မာ)အား အမှတ်ပေးဒိုင် ငါးဦးစလုံးက အနိုင်ပေး၍ မီးနီငါးလုံးပွင့်လာသည်။ မျိုးသန့်က ကြိုးဝိုင်းအလယ်တွင် ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံအလံတော်ကို ဆုပ်ကိုင်၍ ဗမာကွ၊ ဗမာဟေ့ ဟု ဟစ်ကြွေးဝင့်ဝါလိုက်ချေသည်။ ပရိသတ်သုံးသောင်း သည် မျိုးသန့်၏သတိ္တစွမ်းပကားကို အံ့သြကုန်နိုင်ဖွယ် ဖြစ်ကုန်တော့သည်။ ထိုည ၂၉.၇.၁၉၄၈ က (၁၁၉) ပေါင် ဘင်တန်ဝိတ်တန်းဗိုလ်လုပွဲ၌ စောဟာဒီ(မြန်မာ) နှင့် ပီပရဲယား(သီဟိုဠ်နိုင်ငံ) ထိုးသတ်ကြရာ ပီပရဲယား က အနိုင်ယူသွားသည်။ ၃၀.၇.၁၉၄၈ ရက်ညတွင်ဝယ် မျိုးသန့်(မြန်မာ)အား ပိုလန်နိုင်ငံ ချန်ပီယံ(အိပ်စကူး)က (၃-၂)နှင့် အမှတ်ဖြင့် ပွတ်ကာသီကာအနိုင်ရသွား၏။ လိုရင်းရေးရသော် အနောက်တိုင်းလက်ဝှေ့ အားကစားနှင့်ပတ်သက်၍ ၀ါသနာပါကြသော စာဖတ်သူ မိတ်ဆွေအပေါင်း ဗဟုသုတရကြစိမ့်သောငှာ တစ်ခေတ် တစ်ချိန်က (လွန်ခဲ့သော ၆၆ နှစ်က) မြန်မာ့သတိ္တစွမ်းရည် ဇာတိသွေး၊ ဇာတိမာန်ကို ကမ်္ဘာကသိအောင် လုပ်ပေး နိုင်ခဲ့သော ဗမာ့လက်သီးသူရဲကောင်း မျိုးသန့်အကြောင်း ကို တစ်စေ့တစ်စောင်း တင်ပြအပ်ပါသည်။ ။ 

+ဘာမထီခင်အောင်(ရွှေဘို)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)