ဒီနှစ်သင်းဟာ စုစုပေါင်း ၁၇ ပွဲ တွေ့ဆုံယှဉ်ပြိုင် ကစားခဲ့ကြကာ ပီအက်ဂျီအသင်းက ခြောက်ပွဲနိုင်ပြီး ဂူအင်ဂမ့်က သုံးပွဲနိုင်ထားကာ သရေ ပွဲက ရှစ်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီရလဒ်ကို ပြန်ကြည့်ရင် ပီအက်စ်ဂျီအသင်းဟာ အသင်းကြီးဖြစ်ပေမယ့် ဂူအင်ဂမ့်ကို ထင်တိုင်းကြဲလို့မရဘူးဆိုတာ ပြသ နေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ပြစ်သစ်စူပါဖလားကို သုံးကြိမ်ဆွတ်ခူး ထားသလို လီဂူးချန်ပီယံလည်း လေး ကြိမ်ရရှိခဲ့ဖူးပါတယ်။ဂူအင်ဂမ့်တို့က တော့ ပြင်သစ်ရှုံးထွက်ဖလား ချန်ပီယံနှစ်ကြိမ် ရရှိခဲ့ဖူးပေမယ့် ပြင်သစ်စူပါဖလားကို တစ်ကြိမ်မှ မရရှိခဲ့ပါဘူး၊ ဒါ့အပြင် ပြင်သစ်အဆင့် မြင့်တန်း ချန်ပီယံလည်း တစ်ကြိမ်မှ မဖြစ်ခဲ့ပါဘူး။
(လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်း)
ပီအက်စ်ဂျီမှာ နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ အီဗရာဟင်မို ဗစ်နဲ့ကာဗာနီတို့ရှိနေပေမယ့် ဂူအင် ဂမ့်မှာတော့ နာမည်ကျော်တိုက်စစ် မှူးတွေမရှိပါဘူး။ ဒါပေမယ့် တစ်သင်း လုံးဟာ တိုက်ပွဲဝင်စိတ်ဓာတ် မြင့်မြင့် မားမားရှိနေကြသူတွေချည်းပါပဲ။
ဒါကြောင့်မို့လည်း၂၀၁၀ပြင်သစ် လိဂ်ဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲ စဉ်မှာ ဂူအင်ဂမ့်ဟာ ပီအက်စ်ဂျီကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂူအင်ဂမ့်ရဲ့ နောက်ဆုံး ငါးပွဲကစားခဲ့တာကိုကြည့်ရင် တူး လော့စ်အသင်းကို နှစ်ဂိုးပြတ်နိုင်ပြီး ရိမ်းအသင်းကိုလည်း နှစ်ဂိုးပြတ်နိုင် ထားပါတယ်။ ဒါ့အပြင် ဗလင်စီ နက်စ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ နိုင် ပြီး မိုနာကိုအသင်းကို တစ်ဂိုးစီ သရေ ပွဲဖြစ်ထားကာ မာဆေးအသင်းကို တော့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားပါတယ်။ ပီအက်စ်ဂျီတို့ကတော့ နောက်ဆုံး ငါးပွဲမှာ လစ်ဇစ်အသင်းကို လေးဂိုး- နှစ်ဂိုးနဲ့ ရှုံးထားတာကလွဲပြီး ကျန် လေးပွဲကို အနိုင်ရရှိထားပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိပြင်သစ် စူပါဖလားချန်ပီယံဖြစ်လို့ ချန်ပီယံ အဖြစ် ဆက်လက်ကာကွယ်နိုင်မလား ကြည့်ရမှာ ဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment