တိုက်စစ်မှူးး; တွေထဲမှာ မက်ဆီဟာ ပထမအကြိမ် အားကစားမီဒီယာတွေက ရွေးချယ်တဲ့ ကမ်္ဘာ့အကောင်းဆုံးဘောလုံးအသင်း မှာ ပါဝင်ခြင်းမရှိခဲ့ပေမယ့် အခု ဖီဖာရဲ့ အကောင်းဆုံးဘောလုံးအသင်းမှာ ပါဝင်လာနိုင်ခြင်းနဲ့ပတ်သက်ပြီး““ဒါက ဖီဖာကရွေးချယ်တဲ့ သူတို့ရဲ့အကောင်း ဆုံးအိပ်မက်အသင်းဖြစ်တာမို့ လွတ် လပ်စွာပုံဖော်ထားတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ တိုက်စစ်အပိုင်းမှာ ကျွန်တော့်ကို ဖီဖာက အသိအမှတ်ပြု ဦးစားပေးထားတာမို့ကျေနပ်ပါတယ်”” လို့ မက်ဆီက ပြောပါတယ်။ ဘရာဇီး တိုက်စစ်မှူးနေမာက လည်း ““တကယ်တော့ ကျွန်တော့် ကြိုးစားအားထုတ်မှုက ၂၀၁၄ ကမ်္ဘာ့ ဖလားပွဲမှာ ထင်ရှားအောင်မြင်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကစား ခဲ့တဲ့ပွဲတိုင်း အားထည့်ကြိုးစားခဲ့တာ ချည်းပါပဲ။ ခါးဒဏ်ရာရရှိသွားတာမို့ ဘရာဇီးအသင်းအပေါ် တာဝန် မကျေပွန်ခဲ့ပါဘူး””လို့ ပြောသွား ပါတယ်။ ဂျာမနီတိုက်စစ်မှူးး သောမတ်စ် မူလာကတော့ ““တစ်သင်းလုံး ယုံ ကြည်ချက်ရှိစွာနဲ့ ကစားခဲ့လို့ ကမ်္ဘာ့ ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်ကို ဖီဖာကလည်း အသိ အမှတ်ပြုတယ်ဆိုတော့ ၀မ်းသာပါ တယ်””လို့ ပြောကြားခဲ့ပါတယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment