ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 22, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**ဂျေစီချန်းအမှုနှင့်ပတ်သက်ပြီးဂျက်ကီချန်း၏အေဂျင်စီက ပရိသတ်များအား တောင်းပန်စာတစ်စောင် ထုတ်ပြန် **

 ဟောင်ကောင်အက်ရှင် မင်းသား ကြီး ဂျက်ကီချန်း၏သားဖြစ်သူ ရုပ်ရှင် သရုပ်ဆောင်ဂျေစီချန်းအား မူးယစ် ဆေးဝါးသုံးစွဲမှုရှိနေကြောင်း သံသယ ရှိမှုနှင့်တရုတ်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့်သတင်းနှင့်ပတ်သက်ပြီးဂျက်ကီချန်း၏အေဂျင်စီဖြစ်သည့် အင်တာနေရှင်နယ်ကော်ပိုရေးရှင်းမှ ပရိသတ်များအား တောင်းပန်စာတစ်စောင် ထုတ်ပြန် ထားကြောင်းသိရသည်။ />
ထိုင်ဝမ်တွင် လူကြိုက်များသည့် ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် ဂျေစီချန်းနှင့်သရုပ်ဆောင် ကိုင်ကို တို့အား မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟုသံသယမှုဖြင့်ထိန်းသိမ်း ထားခြင်းဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့ က သြဂုတ် ၁၈ တွင် အတည်ပြုခဲ့ ကြောင်းနှင့်အသက်(၃၂) နှစ်အရွယ် ဂျေစီချန်းအနေဖြင့် လည်း ၎င်းသည် ၂၀၀၆ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးများ သုံးစွဲခဲ့သည်ဟုရဲတပ်ဖွဲ့အားဝန်ခံခဲ့ကြောင်း သိရသည်။ ““မျိုးဆက်သစ် လူငယ်တွေကို ကျွန်တော်ပြောချင်တာက ကျွန်တော့်  သားရဲ့အမှားကိုကြည့်ပြီး မူးယစ် ဆေးဝါးကို ဝေးဝေးက ရှောင်ကြဉ် ကြဖို့ ပါ၊ အမှားလုပ်ထားတဲ့အတွက် အမှားရဲ့ နောက်ဆက်တွဲအကျိုးဆက် တွေကိုတာဝန်ယူဖို့ သားကိုလည်း ပြောထားပါတယ်””ဟု ၀ါရင့်သရုပ် ဆောင်ဂျက်ကီချန်းက ဆိုသည်။ (မျိုးစန်္ဒာမောင်)

**စိတ်မပါတပါဇာတ်ရုပ်ဖြင့်ပါဝင်သရုပ်ဆောင်ခွင့်ရခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ကေတီဟုမ်းစ်ထုတ်ဖော်ပြောကြား**
အမေရိကန်မင်းသမီးနှင့်  မော်လ်ဒယ် တစ်ဦးဖြစ်သူ ကေတီဟုမ်းစ်ကယခုလက်ရှိတွင် ရုံတင်ပြသလျက်ရှိသည့်  The Giver ဇာတ်ကားတွင် စိတ်မပါတပါဇာတ်ရုပ်ဖြင့်ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ ခြင်းသည် ၎င်းအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း နယူးယောက်၌ ပြုလုပ်ခဲ့သည့်  သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းဇာတ်ကားတွင် မင်းသမီး ကေတီဟုမ်းစ်ကို လူမှုဘ၀နယ်ပယ် အား ကျော်လွန်ကာ လေ့လာသင်ယူ လိုနေသည့်  Jonasအမည်ရှိဆယ် ကျော်သက်လူငယ်တစ်ဦး၏ မိခင် တစ်ဦးအသွင်ဖြင့် မြင်တွေ့ရမည် ဖြစ်သည်။ The Giver ဇာတ်ကားတွင် ၀ါရင့်  ဟောလိဝုဒ်မင်းသမီးကြီး မိုင်ရယ် စတိဗ်၊ Jeff Bridges နှင့်ဂီတ ကြယ်ပွင့် တေလာဆွတ်ဖ်တို့ လည်း ပါဝင်သရုပ်ဆောင်ထားကြသည်။ ကေတီဟုမ်းစ်ကိုလာမည့်  ၂၀၁၅ ခုနှစ်တွင်ထွက်ရှိမည့်  ဒုတိယ ကမ်္ဘာစစ်အတွင်းကအမျိုးသမီး The Woman in Goldအမည်ရှိ အမေရိကန်-ဗြိတိန် ဖြစ်ရပ်မှန်ဇာတ်ကားတွင် ထပ်မံမြင်တွေ့ ရဦးမည်ဖြစ်သည်။ (မျိုးစန်္ဒာမောင်)

  **ဟာနန်ဒက်ဇ်နှင့်ဖယ်လိုင်နီတို့ အားခေါ်ယူရန် စပါးပြင်ဆင်** 

အင်္ဂလန်ပရီမီယာလိဂ်ကလပ် စပါး အသင်းသည် ယခုနှစ် နွေရာသီအပြောင်းအရွှေ့  ဈေးကွက်မပိတ်သိမ်းမီကာလအတွင်း အသင်း ၏ တိုက်စစ်ကိုအားဖြည့် ရန်အတွက် မန်ယူအသင်းမှကစားသမားများဖြစ်ကြသည့်ဟာနန်ဒက်ဇ်နှင့်ဖယ်လိုင်နီတို့ အား ခေါ်ယူ ရန် ပြင်ဆင်နေကြောင်းသိရသည်။ စပါးအသင်း၏ နည်းပြပိုချက်တီနိုမှာ ၎င်းတို့နှစ်ဦးအား ကမ်္ဘာ့ဖလားပြိုင်ပွဲမပြီးဆုံးမီကာလကတည်းက ခေါ်ယူရန်ပစ်မှတ်ထားနေ ခြင်းဖြစ်ပြီး ဇူလိုင်လလယ်ခန့် က ဖယ်လိုင်နီ အတွက် မန်ယူအသင်း၏ တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ သော်လည်း အပြောင်းအရွှေ့ မှာဖြစ် မြောက်လာခဲ့ ခြင်းမရှိပေ။ လက်ရှိအချိန်တွင် စပါးအသင်းမှာ အသင်း၏တိုက်စစ်ပိုင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့် စပိန် တိုက်စစ်မှူးး ဆိုလ်ဒါဒိုအား ရောင်းချကာ ဟာနန်ဒက်ဇ်ကို အစားထိုးရန် ပြင်ဆင်နေပြီး ၎င်းအတွက် ပေါင် ၁၅ သန်းခန့် ပေးချေရန်အသင့် ရှိနေကြောင်း ဗြိတိန်သတင်းစာ Mirror ကဖော်ပြခဲ့ သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးမှာလည်း မန်ယူ အသင်းတွင် ခြေစွမ်းပြသနိုင်ခြင်းမရှိသလို ပုံမှန်နေရာရရှိရန် ရုန်းကန်နေရသဖြင့်  မပျော်မရွှင်ဖြစ်နေပြီး အသင်းမှထွက်ခွာရန် စီစဉ်နေ ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ ကြ သည်။ ထို့ပြင် မန်ယူကွင်းလယ်လူဖယ်လိုင်နီ မှာလည်း အသင်းမှထွက်ခွာရန်သေချာ သလောက်ရှိနေသလို၎င်းမှာနာပိုလီအသင်း သို့ ပြောင်းရွှေ့ ရန်သဘောတူညီချက်ရရှိထားခဲ့သော်လည်း နာပိုလီအသင်း၏တာဝန်ရှိသူများ မှာမန်ယူအသင်းအလိုရှိနေသည့်  ပေါင် ၁၀ သန်းကို ပေးချေရန်ဆန်္ဒမရှိသည့်အတွက် ကြန့် ကြာနေခြင်းဖြစ်ပြီး စပါးအသင်းက ယခု ကဲ့သို့ကြားဖြတ်ခေါ်ယူရန် ပြင်ဆင်လာခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။[ကိုရဲ] 

**မန်စီးတီးအသင်းနှင့်စာချုပ်သစ်တစ်ရပ် ဇက်ကိုချုပ်ဆို** 

 ဘော့စနီးယား ကြယ်ပွင့်အေဒင်ဇက်ကိုသည် ပရီမီယာလိဂ်ချန်ပီယံမန်စီးတီးအသင်း နှင့်လေးနှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။ တိုက်စစ်မှူးဇက်ကို သည် စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းကြောင့် ၂၀၁၈ ခုနှစ်တိုင်အောင် မန်စီးတီးအသင်း၌ ဆက်ရှိနေမည်ဖြစ်သည်။ တိုက်စစ်မှူး ဇက်ကိုသည် ၂၀၁၁ ခုနှစ် တွင် ၀ုလ်စဘတ်အသင်းမှ မန်စီးတီးအသင်း သို့ပြောင်းရွှေ့ လာခဲ့ သူဖြစ်ပြီး နည်းပြမန်စီနီလက်ထက်တွင်ကိုးဦးမြောက်ခေါ်ယူခဲ့ သည့်  ကစားသမားလည်းဖြစ်သည်။ ဇက်ကိုသည်လက်ရှိအချိန်ထိ မန်စီးတီးအသင်းနှင့် အတူ ပွဲပေါင်း ၁၅၆ ပွဲပါဝင်ကစားပေးထားကာ သွင်းဂိုး၆၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ သည်။ မန်စီးတီးအသင်း၏ အားထားရသည့်ကစားသမားများဖြစ်ကြသည့်ဆာဂျီယိုအဂူရို၊ ဗင်းဆင့်ကွန်ပနီ၊ နာဆရီ၊ ကိုလာရော့ဗ်နှင့်  ဒေးဗစ်ဆေးလ်ဗားတို့ သည်လည်း ကာလရှည် စာချုပ်သစ်များ ချုပ်ဆိုထားကြကြောင်းသိရသည်။ ဇက်ကိုသည် မန်စီးတီးအသင်းနှင့် ပျော်ရွှင်ကြောင်းနှင့် မန်စီးတီးအသင်းမှာ ၎င်းင်း၏ ဒုတိယအိမ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့  သည်။ တိုက်စစ်မှူးဇက်ကိုသည် ၂၀၁၂- ၂၀၁၃ ဘောလုံးရာသီတွင် ပွဲပေါင်း ၄၄ ပွဲ ပါဝင်ကစားပေးခဲ့ ရာ သွင်းဂိုး၁၅ ဂိုးနှင့်အတူ မန်စီးတီးအသင်း၏ ထိပ်တန်းဂိုးသွင်းရှင် လည်းဖြစ်လာခဲ့ သည်။ ၀ုလ်စဘတ်အသင်း၌ ကစားခဲ့စဉ်ကလည်း ဘွန်ဒက်လီဂါတွင် ၁၁၁ ပွဲတွင် ၆၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ ခြင်းကြောင့်  ၀ုလ်စဘတ်အသင်း၏ သမိုင်းတွင်လိဂ်သွင်းဂိုးအများဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ သူဖြစ်သည်။ (ငွေကြယ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)