ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 22, 2014

==ကလေးတို့ ပညာဆုံးခန်းတိုင်ကြပါစေကွယ်၊ ကလေးအလုပ်သမား မဖြစ်ကြပါစေနဲ့ ကွယ် ==

> (ဟစ်ပ်ဟော့လေး (၇)တန်းကျောင်းသားဘ၀ ဒုတိယဆုရယူခဲ့စဉ်က)
“သြော်… ကလေးရယ်၊ နောက်နောင်ဘ၀များရှိခဲ့လို့ရှိရင် အဲဒီဘ၀မှာ ပညာဆုံးခန်းတိုင်အောင် သင်ရပါစေကွယ်”
 ဦးနဂါးတစ်ယောက်တိုးတိုးဖွဖွရည်ရွတ်ရင်းသက်ပြင်းရှည်ကြီးကိုချပစ်လိုက်ရသည်။ ထိုင်းနိုင်ငံတွင် စက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ဈေးရောင်း၊ အိမ်ဖော် (အိမ်အကူ)၊ အိမ်တွင်းမှု စသည့်လုပ်ငန်း မျိုးစုံတို့မှာခရိုင်ဒေသ (၇၇) ခုစလုံး နီးပါး၌ နေထိုင် အလုပ်လုပ်ကိုင်နေကြ သော မြန်မာရွှေ့ပြောင်းအလုပ်သမားချည်း သိန်း ၃၀ (၃- သန်း) ခန့်ရှိသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေးအက်ဥပဒေ (BE- 2541/ 1998) Act အရ နေ့စားခ ထိုင်းနိုင်ငံသုံးငွေ ဘတ် ၃၀၀ အနည်းစုက ရသည်လည်းရှိသည်။ အများစုက မရသည်လည်းရှိသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ အရေးအရာ အဖြာဖြာတို့အနက် ယင်းတို့၏ ရင်သွေး ကလေးများကို ပညာသင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရေးတို့သည်လည်း မရှိမဖြစ် အရေးကြီးလှပါသည်။ ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် (တာ့ခ်ပြည်နယ်)၌ ၉ မြို့နယ်ရှိသည့်အနက် မဲဆောက်မြို့နယ်သည် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ သိန်းခန့်ရှိပြီး လူဦးရေ အရေအတွက်အများဆုံးရှိသော နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တစ်ခု လည်း ဖြစ်၏ ကိုင်း… ကျနော်ပြောပြချင်တဲ့ ဟစ်ပ်ဟော့လေး အကြောင်းရောက်ပါပြီ ပရိသတ်။ ဟစ်ပ်ဟော့လေး၏ မိဘများသည် မိတကွဲ၊ ဖတစ်ကွဲဖြင့် မဲဆောက်မြို့မှ မြို့တော် ဘန်ကောက်နှင့် ပတ်ဝန်းကျင်မြို့ နယ်များသို့ ထွက်ခွာရန် စိုင်းပြင်းနေစဉ်၌ ၂၀၀၅ ခုနှစ်ကတည်းက ရော့ကာလေး (စတုတ္ထတန်း) နှင့် ဟစ်ပ်ဟော့လေး (တတိယတန်း) တို့သည် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ဦးစီး တည်ထောင်ထား သော မဲဆောက်မြို့၊ သောင်ရင်းမြစ်ကမ်းနားဒေသရှိ နေ့သစ်အလကကျောင်း (ကျောင်းဟောင်း) မှာ ကျောင်းအိပ်၊ ကျောင်းစားဘ၀ဖြင့် ကျန်ရစ်ခဲ့ကြပါသည်။ ရှင်းရှင်းဆိုရလျှင် သူများတကာတို့ကဲ့သို့ “မိဘမဲ့ ကလေးများ” မဟုတ်ပဲ “မိဘပစ်ကလေးများ” ဖြစ်ခဲ့ကြပါသည်။

  (ဟစ်ပ်ဟော့လေး (၇)တန်းကျောင်းသားဘ၀ ဒုတိယဆုရယူခဲ့စဉ်က)
ကျောင်းအပေါ် တာဝန်လုံးဝ ပုံချကာ ပစ်ခွာသွားကြသော ကလေး ၂ ဦး၏ မိဘများသည် ရွှေ့ပြောင်းအလုပ်သမား အဖြစ်နှင့် ယင်းတို့ လုပ်ကိုင်ရရှိသော ငွေများကို မည်သို့ မည်ပုံ အသုံးပြုသနည်းတော့ မသိပါချေ။ ကလေး ၂ ဦးကို “စားရေး သောက်တာနှင့် ၀တ်ဆင်စရာ အတိုအထွာကလေးများ ဆင်ပေးပါ”ဟု ကျောင်းမှ မနည်းပြောယူရပါသည်။ ကိုင်း… သူတို့ မိဘတွေက တကယ်တမ်းဘာတွေ ဆင်မြန်းပါသလဲ။ ဟမ်းဖုန်းပို့ပေးသည်။ ဖုန်းကတ်ထည့်ပေးသည်။ သူတို့ တပ်ဆင်ပေးသည့် ဟမ်းဖုန်းဖြင့် အဖေလုပ်သူက ဒီတစ်ပတ် စပိန် - လာလီဂါ မှာ ဘယ်အသင်းနိုင်ခြေရှိသလဲ။ စူပါဆန်းဒေးမှာ ပရီးမီးယားလိဂ် အနိုင်အရှုံးမှာ ဘယ်အသင်းအခြေအနေကောင်းနိုင်သလဲ စသည်ဖြင့် သားငယ်ဖြစ်သူ ဟစ်ပ်ဟော့လေးကို မေးမြန်းတာကြားကြရသည်။ တဖန် မိခင်လုပ်သူကလည်း ဒီတစ်ပတ် ဘယ်ချဲဂဏန်း ကြိုက်သလဲ။ ဒီနေ့ နှစ်လုံး ဂဏန်း ဘာကြိုက်သလဲ။ နင်တို့ ဘယ်မင်းသား မင်းသမီး နှစ်သက်သလဲ စသည်ဖြင့် အခေါ်အပြော လုပ်ကြသတဲ့။ (ကောင်းရော…. ပရိသတ်)။ (အပိုင်း- ၂ ဆက်လက် ဖော်ပြပါမည်) 

+သောင်ရင်းနဂါး- ရင်ဘတ်နှင့် ရေးဖွဲ့သည်။+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)