ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 19, 2014

==မွေးနေ့ အမှတ်တရ==

>
သြဂုတ် (၁၄) ရက်နေ့သည် ကျွန်မ၏ မွေးနေ့ဖြစ်သည်။သြော်… ဘာလိုလိုနှင့် လူ့လောကကြီးတွင် အသက်ရှင် ရပ်တည်နေသည်မှာ ၃၃ နှစ်တိတိပြည့်ခဲ့ပြီ။ ငယ်ရွယ်စဉ်ကဖြင့် ကျွန်မ တွေးတောခဲ့ဖူးသည်။ လူ့လောကကြီးတွင် အနှစ် ၅၀ လောက်နေရတော်ရောပေါ့။ စိတ်ကုန်စရာ စိတ်ပျက်စရာ စိတ်ညစ်စရာတွေနဲ့ ပြည့်နေသည့် လောက။ အချိန်တိုင်း မျှော်လင့်ချက်တွေပေးပြီး ရိုက်ချိုးတတ်သည့် လောကကြီး အနေနှင့်သာ မြင်ခဲ့ဘူးသည်။ ခဏတာ ပျော်ရွှင်ရပြီး တစ်သက်တာစိတ်ဆင်းရဲရသည်ဟုသာ ထင်ခဲ့ဘူးသည်။ ဒုက္ခ သောက ပူဆွေးမှုတွေနှင့် သာ ရောပြွမ်းနေသော လောကဟု တွေးခဲ့မိသည်။ အမှန်တော့ ကျွန်မ အနေမတတ်ခဲ့ခြင်းဖြစ်သည်။ လောကကြီးနှင့် သဟဇာတဖြစ်အောင် မနေတတ်ခဲ့ခြင်းဖြစ်သည်။ စိတ်ညစ်စရာရှိလျှင် င့ါကျမှ လောကကြီး ဒီလိုလုပ်ရက်လေတယ်။ ကိုယ်ချစ်တဲ့သူတွေများ ခွဲခွာသွားခဲ့လျှင် ငါ့မှာတော့ ချစ်လိုက်ရတာ နောက်ဆုံးတော့ ငါတစ်ယောက်တည်းပဲ။ ယုံကြည်မှုတွေများ အလွဲသုံးစားလုပ်ခံရလျှင် လုပ်ရက်လိုက်တာ။ စေတနာကိုစော်ကားတာ။ ခံစားစရာရှိ နင့်နင့်နဲနဲ။ ပျော်ရွှင်စရာရှိ မိုးမမြင် လေမမြင်။ စိတ်ခံစားချက်တွေ ပြင်းထန်လွန်းတော့ ထွက်ပေါက်လိုက်ရှာမိသည်။ အဲဒီအချိန်လိုချင်မိတာက စိတ်ရဲ့အေး ချမ်းမှု။ တစ်ကယ်ဖြစ်နေတာက စိတ်ရဲ့အေးချမ်းမှုအတွက် ကိုယ်ကြိုးစားရုန်းထွက်လိုက်တဲ့ ထွက်ပေါက်တွေ အားလုံး က ကိုယ့်အတွက် တစ်ကယ့်အေးချမ်းမှုအစစ်တွေမဟုတ်ဘူး။ ရှာလေဝေးလေ။ လိုက်လေပြေးလေ။ တစ်ခါတစ်လေ အေးချမ်းမယ်ထင်လို့ ထွက်လိုက်ကာမှ မီးမြှိုက်ခံရတဲ့ အဖြစ်မျိုးတောင် ရှိလာသေး။ ဒဏ်ရာတွေပိုပိုများလာတော့တာပဲ။ ဘ၀ကြီးထဲသံသရာလည်နေတာ။ ဒါကြောင့် လူ့လောကထဲ အနှစ် ၅၀ လောက်သာ နေလိုစိတ်ရှိခဲ့သည်။ သေရမှာမကြောက်ဘူးလားလို့ မေးစရာရှိလာသည်။ တစ်ဘ၀မှာ တစ်ခါပဲသေရတာ မို့ လက်တွေ့ဆိုရင်တော့ ဘယ်လိုနေမယ် မသိရိုးအမှန်။ စိတ်ထဲမှာ ယခုရနေတဲ့ဘ၀ကြီးကို မနှစ်သက်ဘူး။ ဘာလို့များ ဒုက္ခခံနေမလဲ ဆိုတဲ့အတွေးက ပိုများတယ်။ မျက်ကန်းတစ္ဆေမကြောက်ဘူး ဆိုသလိုပေါ့။ တစ်ကယ်က သေဖို့ဘာမှမပြင်ဆင်ရသေးပဲနဲ့ သေသွားမှာကို ကြောက်ရမှာ။ ကိုယ့်မိသားစု ကိုယ်ချစ်တဲ့သူ တွေနဲ့ ခွဲရမှာကို တွေးပြီးကြောက်ရမှာမဟုတ်ဘူး။ သံသရာခရီးအတွက် ဘာမှ မပြင်ဆင်ရသေးပဲ သေသွားမှာကို ကြောက်ရမှာ။ အဲဒီတုန်းကဖြင့် အဲဒီလိုအတွေးမျိုးမရှိဘူးပေါ့။ အသက်တွေကလဲကြီးလာ။ ဒဏ်ရာတွေကများဆိုတော့ နောက်ဆုံး စိတ်ဓာတ်တွေကျ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။ တစ်နေရာရာမှာ ခပ်ခွေခွေ တစ်ယောက်တည်း နေလိုစိတ်တွေများလာတယ်။ အလုပ်လဲမသွားချင်တော့ဘူး။ အဲဒီအချိန်မှာ မထင်မှတ်စွာပဲ စာအုပ်လေးတစ်အုပ် လက်ထဲရောက်လာတယ်။ ဆရာတော်အရှင် ဆန္ဒာဓိက ရေးသားထားတဲ့ “မြင့်မြတ်သူတို့၏ စံအိမ်” ဆိုတဲ့ စာအုပ်လေးတစ်အုပ်ပါ။ ငယ်စဉ်က မေသီလ၇ှင်ဝတ်နှင့် လပိုင်းမျှ နေဖူးတာမို့ တရားရဲ့ အေးငြိမ်းမှုကို သိနေပါသော်လည်းပဲ အဲဒီစာအုပ်လေးမဖတ်ခင်အထိ ကိုယ့်စိတ်ကို ကိုယ်တိုင် မဆင်ခြင်နိုင်သေး။ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုး ရေချမ်း ဆီးမီးကပ် သည့်အလုပ်ကို မပျက်မကွက်လုပ်ခဲ့ပါသော်လည်း လုပ်နေစဲခဏ ၁ နာရီမျှသာအေးငြိမ်းသွားသည်ဟု ခံစားရသည်။ တစ်ကယ်က ဘာမှလုပ်စရာမရှိလို့ စာအုပ်လေးကို စပြီးဖတ်မိခြင်းဖြစ်သည်။ အိမ်တွင်တစ်ယောက်တည်းမို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စာအုပ်လေးကို စိတ်ပါဝင်စားစွာဖတ်ခဲ့မိသည်။ ဖတ်နေရင်း ဖတ်နေရင်း ကိုယ့်စိတ်ကို ကိုယ် ပြန်ဆန်းစစ်သည်။ သေသေချာချာ အနုစိတ်ဖတ်သည်။ မနက် ၁၁ နာရီကျော်ကျော်လောက်မှ စပြီးဖတ်ခဲ့သော စာအုပ်သည် ညနေ ၆ နာရီလောက်မှ ပြီးသည်။ ထိုစာအုပ်လေးကိုဖတ်အပြီးမှာ အရင်ကမှောင်နေခဲ့သော စိတ်သည် ဖတ်ပြီးလင်းသွားသလို ခံစားရသည်။ အဲဒီအချိန် က အစပြုပြီး လောကကြီးနှင့် သဟဇာတဖြစ်အောင် နေတတ်လာခဲ့သည်။ စိတ်ကိုဆင်ခြင်သည်။ လက်လွှတ်သင့်တာ တွေအားလုံးကို လွှတ်ချပစ်လိုက်သည်။ ဖြစ်မလာတာတွေအားလုံးကို တောင့်တောင့်တတ မျှော်လင့် မနေတတ်တော့။ ထိုစာအုပ်လေးကို ခဏခဏအကြိမ်ပေါင်းများစွာ ကျွန်မပြန်ဖတ်ခဲ့သည်။ ကိုယ်တိုင်ကိုယ့်ကြမ္မာ ကိုယ်မပိုင်တဲ့ သူတစ်ယောက်အဖို့ သူများကြမ္မာကို ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ စိတ်.မဆင်းရဲတော့ဘူးလားလို့ မေးရင် စိတ်ဆင်းရဲသေးတယ်။ ဒါပေမယ့် လူဖြစ်လာမှတော့ လောကသဘာဝကြီးကိုက ဆင်းရဲတစ်လှည့် ချမ်းသာတစ်လှည့် ပျော်စရာတစ်လှည့် ၀မ်းနည်းစရာတစ်လှည့် သံသရာလည်နေမှာပဲ။ အဲဒီသဘောတရားကို သေသေချာချာ နားလည် သဘောပေါက်သွားတယ်။ ဖြစ်လာတဲ့ဘ၀မှာ ဖြစ်အောင်နေလိုက်တယ်။ ကိုယ့်တာဝန်ကိုယ်ကျေတယ်။ ကြိုးစားတယ်။ မှန်အောင်နေ တယ်။ အဲဒီကြားထဲက စိတ်ညစ်စရာဖြစ်လာတယ်။ စိတ်ညစ်လိုက်တယ်။ ပြီးလုပ်စရာရှိတာ ဆက်လုပ်တယ်။ စိတ်ညစ်စရာကြီးထဲ ခေါင်းစိုက်မနေတော့ဘူး။ ငါ့ကျမှဆိုတဲ့ အတွေးပျောက်သွားတယ်။ ပြသနာနဲ့ ရင်ဆိုင်ရလျှင် ငိုနေဖို့ထက် ရင်ဆိုင်လိုက်ဖို့ပဲ စဉ်းစားတယ်။ အဆိုးဆုံးတွေကိုပဲ ကြိုတွေးတယ်။ လောကကြီးနဲ့ သဟဇာတဖြစ်အောင် လိုက်လျောညီထွေနေတတ်လာတယ်။ တစ်ကယ်တော့ စိတ်ရဲ့အေးချမ်းမှုဆိုတာ အပြင်မှာလိုက်ရှာစရာမလိုဘူး။ ကိုယ့်စိတ်ထဲမှာပဲ ရှိတယ် ဆိုတာကို သဘောပေါက်သွားတယ်။ အဲဒီနောက်ပိုင်း ဘ၀မှာစိတ်ညစ်စရာအကောင်းဆုံး စိတ်ပျက်စရာအကောင်းဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ ငိုစရာရှိငိုခဲ့ တယ်။ ပြီး စိတ်ကအသင့်ရင်ဆိုင်ဖို့ ပြန်ဖြစ်သွားတယ်။ ပူလောင်နေလို့ လဲ ကိုယ်ဘာမှလုပ်လို့မရရင် ထိုင်ကြည့်ရုံအပြင် ဘာမှ မတတ်နိုင်ဘူးလေ။ အဲဒီတော့ အခုဆိုရင် အသက်က ၃၃ နှစ်ပြည့် အသက် ၅၀ ဆိုသေတော့မယ်ဆိုပါတော့။ ကျွန်မသေရဲပြီလားလို့ တွေးကြည့်တယ်။ ကျွန်မသေရမှာ ကြောက်နေပါသေးတယ်။ ချစ်တဲ့သူတွေကို ခွဲခဲ့ရမှာမို့ ထားခဲ့ရမှာမို့ လား အဲဒီလိုမဟုတ်ပါဘူး။ အိုမှာပဲ ဆိုတာကို သိနေပေမယ့် နာမှာကို ကျွန်မ ကြောက်နေပါသေးတယ်။ တစ်ခါတစ်လေ အသေးအဖွားရောဂါ ဝေဒနာလေးတွေများ ခံစားလိုက်ရလျှင် ငါသေများသွားမလား။ အဲလိုတွေးမိတယ်။ နာလွန်းတာကိုး။ သေရမယ့်ဝေဒနာဆို ဒီထက်အဆပေါင်းများစွာ နာရမှာပါလား။ အဲဒီလိုနာနေတဲ့ အချိန်ဆို စိတ်ထဲခုလို တရားအသိလေးမှ မှတ်နိုင်ပါ့မလား။ ဝေဒနာသေးသေးလေးတောင်မှ တရားအသိကို ခပ်စိပ်စိပ် မမှတ်နိုင်ရင် သေမယ့် ဝေဒနာကြီးဆို ဘယ်လိုမှတ်နေနိုင်ပါမလဲ။ ဒါကြောင့် ကျွန်မသေဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် မသေချင် ဘူးလို့တော့ ငြင်းလို့ရမည်မဟုတ်။ သေနေ့စေ့လို့ သေချိန်ကျရင် သေမှာပါပဲ။ ငါသေရင် ငါ့သံယောစဉ်၇ှိတဲ့သူ ငါက ချစ်တဲ့သူတွေရောလို့ စဉ်းစားမိပါသေးတယ်။ ကိုယ်တိုင်တောင်မှ သေချိန်ကို ရွေးချယ်လို့မရသေးတာ ငါနဲ့ပတ်သတ်တဲ့ သူတွေကရော ဘာများလုပ်ပေးနိုင်မှာလဲ။ ကိုယ်သေပြီးဆိုရင် ကိုယ့်ကိုယ့်ကို ပိုချစ်ပါလို့ ပြောရမလိုပါပဲ။ ကျန်ရစ်နေခဲ့မယ့် သူတွေထက် ထွက်သွားရမယ့်ကိုယ့်အတွက်ကို ပိုပြီးစိတ်ပူပါ တယ်။ မသေခင်မှာတော့ လူ့တာဝန် လူတစ်ယောက်ရဲ့ တာဝန်ကို ကျေအောင်ကြိုးစားမယ်။ ကိုယ့်ကလဲ သူများအပေါ် အကျင့်မယုတ်သလို သူများယုတ်လို့ခံလိုက်ရလဲ လက်တုန့်မပြန်ဖြစ်အောင် ကြိုးစားမယ်။ ဒီဘ၀မရ နောက်ဘ၀ပေါ့ လို့ ဆုတောင်းရင် အဲဒါ ကိုယ့်သံသရာ ကိုယ်ရှည်အောင် ဆွဲဆန့်တာနဲ့ တူပါတယ်။ ဒီတော့ေ အး ဒီဘ၀ဆပ်စရာရှိတဲ့ ၀ဋ်ကြွေးငါ ကျေကျေနပ်နပ်ကြီးဆပ်တယ် ဆိုတဲ့ စိတ်မျိုးထားနိုင်အောင် ကြိုးစားတယ်။ ဘ၀မှာ အနေတတ်ပြီး အသေတတ်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် သေဖို့တော့ အဆင်သင့်မဖြစ်သေး ပါဘူး။ လူ့သက်တမ်းကြီးကတော့ တစ်နှစ်ထက်တစ်နှစ်တိုးလို့ သေဖို့ကမ်းကို တစ်ရက်ပြီး တစ်ရက်နီးလာတော့တာ ပါပဲ။ ကျွန်မထင်မိပါတယ် ဒီနှစ်မွေးနေ့က ကျွန်မအတွက် တန်ဖိုးအရှိဆုံးလို့ ကျွန်မထင်မိတယ်။ အရင်နှစ်တွေက ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ရပေမယ့် ဒီနှစ်တော့ အိမ်ကဘုရားမှာ သစ်သီးဆွမ်းလောက်သာ ကပ်ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့အသိမှာ အနေတတ်တဲ့နည်းကတော့ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာနေပါတယ်။ ဒါဟာ ကျွန်မဘ၀ရဲ့ အနှစ်သာရ အပြည့်ဝဆုံး အချိန်ပါပဲ လို့။ ----

 Posted by ဆွေလေးမွန်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)