ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 19, 2014

==အမေရိကန်မှဆရာဦးမောင်မောင်ဝမ်းမဲဆောက်မြို့ နေ့သစ်အလကကျောင်းမှာ အင်္ဂလိပ်စာဟောပြော==

>
+(သြဂုတ်လ ၁၉ရက်၊ ၂၀၁၄၊ ကိုရဲ)+

အမေရိကန်ပြည်ထောင်စုမှ ဆရာဦးမောင်မောင်ဝမ်းသည် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ရှိ မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)မှ ဦးစီးဖွင့်လှစ်သော နေ့သစ်အလကကျောင်းတွင် `အင်္ဂလိပ်စာဆိုင်ရာ အသိပညာပေးဟောပြောပွဲ´ကို ယနေ့ကျင်းပခဲ့ သည်။

(နေ့သစ်အလကကျောင်းက(၅-၆-၇-၈)အတန်းကြီးကျောင်းသားတွေ နဲ့ 
ဆရာမောင်မောင်ဝမ်း၊ဆရာမိုး
)

 ဆရာဦးမောင်မောင်ဝမ်းသည်အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူဖြစ်၏။ သူသည် ယခုလဆန်းပိုင်းက မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးရှိ သူ၏ဇာတိဖြစ်သော ရေနံချောင်းမြို့သို့ အလည်အပတ်သွားရောက်စဉ်ကျောင်းသားကျောင်းသူများနှင့်လူငယ်မောင်မယ်များကို အင်္ဂလိပ်စာသင် တန်းပေးခဲ့သဖြင့် နေရပ်အမေရိကန်သို့ ပြန်ရန်မောင်းထုတ်ခံခဲ့ရသူဖြစ်၏။ ယနေ့ဟောပြောပွဲတွင် ဆရာဦးမောင်မောင်ဝမ်းက `ပညာဆုံးခန်းမတိုင်မီ ရွှေ့ပြောင်း အလုပ်သမားအဖြစ် အလုပ်မလုပ်ကြရန်၊ စာသင်တယ်ဆိုတာ သူများရဲ့ စက်ရုံအလုပ်ရုံ တွေမှာ အလုပ်သမားအဖြစ် အလုပ်လုပ်ကြရန်မဟုတ်ဘဲ လုပ်ငန်းရှင်များဖြစ်ရန် ကြိုးစား ကြရမှာ ဖြစ်ကြောင်း၊မိမိမှာအသိပညာရှိလာရင်အခွင့်အလမ်းဆိုတာလည်းရှိမည်ဖြစ်ကြောင်းကို လမ်းဘေးလမ်းမီးတိုင်တွင်စာကျက်ကာလူဆင်းရဲမိသားစုမှလာကြတဲ့ အမေရိကန်သမ္မတအေဗရာဟင်လင်ကွန်း ၏ဥပမာဖြင့် စတင်ဆုံးမစကားပြောကြားသည်။ ထို့နောက်အင်္ဂလိပ်စာလေ့လာသင်ကြားရေးနှင့်ပတ်သက်၍ `ဒီနေ့ကမ္ဘာမှာ လူသန်း(၃၀၀၀) ဟာ အင်္ဂလိပ်စာလေ့လာသင်ကြားနေကြတယ်။ အင်္ဂလိပ်စာဟာ အမှန်တကယ်သာ ခက်ခဲမယ်ဆိုရင် အဲဒီလောက်ထိ လေ့လာသင်ယူကြမှာမဟုတ်ဘူး။ အလွန်တစ်ရာမခက်ခဲတဲ့အပြင် အလွန်တရာလည်း အသုံးဝင်တဲ့ဘာသာစကားပေါင်းကူးတံတားကြီးဖြစ်တဲ့အတွက်မဖြစ်မနေ လေ့လာ သင်ကြားဖို့ လိုအပ်ပါတယ်´ ဟု ပြောကြားသည်။

 (နေ့ သစ်အလကကျောင်းကို၉နှစ်တာစီမံအုပ်ချုပ်နေတဲ့ 
JACBAအဖွဲ့ ရဲ့ အကြီးအကဲ၂ဦး နဲ့ ဆရာမောင်မောင်ဝမ်း
)

ထို့နောက် Thank you, you welcome, good morning, good afternoon, good evening, have a nice day, how are you, fine စသည်ဖြင့် အင်္ဂလိပ်စာအခြေခံစကားပြောများကို ကျောင်းသားများလက်တွေ့ပြောဆိုတတ်ရန် သင်ကြားပေးသွားသည်။ ဆရာဦးမောင်မောင်ဝမ်းသည်၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တုန်းကလည်း မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)မှ ဦးစီးဖွင့်လှစ်သော မြန်မာရွှေ့ပြောင်း အလုပ်သမားများအသိပညာပေးရေးအစီအစဉ်တွင်အင်္ဂလိပ်စာသင်တန်းဆရာအဖြစ် ပူးပေါင်းပါဝင်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လေးစားချစ်ခင်မှုကို ရခဲ့သူဖြစ်သည်။ 

(နေ့သစ်အလကကျောင်းကျောင်းဆရာများ နဲ့ 
ဆရာမောင်မောင်ဝမ်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)