ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 1, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**၂နှစ်ကြာဆုဖလားလက်မဲ့ဘ၀ကိုBaku Cup နှစ်ယောက်တွဲချန်ပီယံဆုဖြင့်ဟာသာဝက်ဆန်အဆုံးသတ်နိုင်ခဲ့**

ဆုဖလားနှင့် နှစ်နှစ်ကြာ ကင်းကွာနေခဲ့သူ ဗြိတိန် နံပါတ် (၁) တင်းနစ်မယ် ဟာသာဝက်ဆန်သည် ၂၀၁၄ ခုနှစ်Baku Cup တင်းနစ်ပြိုင်ပွဲ နှစ်ယောက် တွဲပြိုင်ပွဲတွင် ချန်ပီယံဆုရယူပြီး ဆုဖလားလက်မဲ့ကာလကို အဆုံးသတ်နိုင်ခဲ့ ပြီဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံတွင် ကျင်းပသည့် Baku Cup တင်းနစ်ပြိုင်ပွဲသည် အမျိုးသမီးတင်းနစ်အဖွဲ့ချုပ်ပြိုင်ပွဲများ အနက်မှ တစ်ပွဲဖြစ်ပြီး ၂၀၁၄ ခုနှစ် Baku Cup တင်းနစ်ပြိုင်ပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ၀က်ဆန်(၂၂ နှစ်)သည်WTA နှစ်ယောက်တွဲပြိုင်ပွဲ၌ ရုရှား နိုင်ငံသူ အလက်ဇန်ဒါပါနိုဗာနှင့် တွဲဖက် ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲ၌ အစ်္စရေးနိုင်ငံ သူ ရှာဟာပီနှင့် ရိုမေနီးယားနိုင်ငံသူ အိုလာယူတို့အတွဲကို ၆-၂၊ ၇-၆ (၇-၃) ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ၀က်ဆန်သည် ယခုနှစ် တင်းနစ်ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ပထမအဆင့် ၌ပင် ပြင်သစ်နိုင်ငံသူ အမ်လာဒီနိုဗစ်ကို ၂-၆၊ ၆-၃၊ ၀-၆ ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသူဖြစ်သည်။ ယခုနှစ် Baku Cup တင်းနစ်ပြိုင်ပွဲ နှစ်ယောက် တွဲပြိုင်ပွဲတွင် ရရှိခဲ့သည့် ချန်ပီယံဆုသည် ၀က်ဆန်အတွက် လေးခုမြောက် WTAချန်ပီယံဆုဖြစ်သည်။ ၀က်ဆန်သည် WTA နှစ်ယောက်တွဲပြိုင်ပွဲ ချန်ပီယံဆုကို သုံးကြိမ်၊ တစ်ဦးချင်းဆုကိုတစ်ကြိမ် ရရှိထားပြီးဖြစ်သည်။
၂၀၁၄ ခုနှစ် Baku Cup တင်းနစ်ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံသူ အီလီနာဆဗီတိုလီနာက ဆားဘီးယားနိုင်ငံသူ ဘိုဂျာနာ ဂျာဗာနိုဗစ်စကီအား ၆-၁၊ ၇-၆ (၇-၂)ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ကမ်္ဘာ့အဆင့် (၃၇)ရှိသူ ဆဗီတိုလီနာသည် ၂၀၁၃ ခုနှစ်က တင်းနစ်ပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဗိုလ်စွဲခဲ့သူဖြစ်သည်။ တင်းနစ်ပြိုင်ပွဲကို ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်ပြိုင်ပွဲ၏ တစ်ဦးချင်း ချန်ပီယံဆုကို ရုရှားနိုင်ငံသူ ဇိုဗို နာရီဗာကလည်းကောင်း၊ ၂၀၁၂ ခုနှစ် ပြိုင်ပွဲ၏ တစ်ဦးချင်းချန်ပီယံဆုကို ဘို ဂျာနာဂျာဗာနိုဗစ်စကီကလည်းကောင်း ရရှိခဲ့သည်။(အောင်က)

**မိုနာကိုအသင်း၏ ကိုလံဘီယာတိုက်စစ်မှူး;;ဖယ်လ်ကာအိုအားရီးယဲလ်မက်ဒရစ်က ခေါ်ယူရန် ကြိုးပမ်း**

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် လာ မည့်ဘောလုံးရာသီတွင် အသင်း၏ တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် မိုနာကိုအသင်း၏ ကိုလံဘီယာ တိုက်စစ်မှူး;ဖယ်လ်ကာအိုအား ခေါ် ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ရီးယဲလ်မက်ဒရစ် အသင်းမှာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ ကာလတွင် တိုနီခရုစ်နှင့် ဂျိမ်းစ် ရိုဒရီဂွက်ဇ်တို့အား ပေါင် ၉၅ သန်းအထိသုံးစွဲကာ ခေါ်ယူထားခဲ့ သော်လည်း အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီအချိန်ထိ နာမည် ကျော်ကစားသမားများကို ထပ်မံ အားဖြည့်သွားမည် ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း ဥက်္ကဋ္ဌ ဖလော့ရင်တီနိုပီရက်ဇ် ကပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ရီးယဲလ် မက်ဒရစ်အသင်းမှာ မိုနာကို အသင်း၏ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုအား ခေါ်ယူရန်ကြိုး ပမ်းသွားမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် အဆင်မပြေပါက မန်စီးတီးအသင်း တိုက်စစ်မှူးအဂူရိုအား ခေါ်ယူ သွားရန် ဆန်္ဒရှိနေကြောင်း စပိန် မီဒီယာများက ဖော်ပြခဲ့ကြသည်။ ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းက လီဗန်တေး ဂိုးသမား နာဗက်စ်ကိုလည်း ခေါ်ယူ ထားခဲ့ပြီး ၎င်းအတွက် ယူရို ၁၀ သန်းခန့်ပေးချေခဲ့ရကြောင်း သိရ သည်။ ရီးယဲလ်မက်ဒရစ် အသင်းမှာ ဖယ်လ်ကာအိုအား တစ်ရာသီအငှား စာချုပ်ဖြင့်သာ စမ်းသပ်ခေါ်ယူရန် ဆန်္ဒရှိနေသော်လည်း အဂူရိုကိုမူ ပေါင်သန်း ၃၀ အထိ ပေးကာ ကမ်းလှမ်းသွားဖွယ်ရှိကြောင်း စပိန် သတင်းစာ MARCA ကဖော်ပြခဲ့သည်။ ထို့ပြင် ပီရက်ဇ် က ““အပြောင်း အရွှေ့ကာလနောက်ဆုံးအချိန်ထိ ကစားသမားသစ်တွေကို ကြိုးပမ်း သွားမှာပါ။ ဒီနှစ်ဘောလုံးရာသီဟာ ရီးယဲလ်အတွက်အလွန်အရေးကြီးပါ တယ်။ ကျွန်တော်တို့ဟာ ဥရောပ ချန်ပီယံအသင်း တစ်သင်းဖြစ်တဲ့ အတွက် အကောင်းဆုံးကစားသမား တွေကို ထပ်မံခေါ်ယူသွားဦးမှာပါ”” ဟုပြောကြားသွားခဲ့သည်။**[ကိုရဲ]  

**ချယ်လ်ဆီးတိုက်စစ်မှူးးလူကာကူအား အဲဗာတန်က ပေါင်၂၈ သန်းဖြင့် ခေါ်ယူလိုက်ပြီ** 
ပရီမီယာလိဂ်ကလပ် အဲဗာတန် အသင်းသည် ချယ်လ်ဆီးတိုက်စစ်မှူးး လူကာကူအား အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင်၂၈ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်ဘောလုံးရာသီ က အဲဗာတန်အသင်း၌ အငှားချထား ခြင်းခံရစဉ်တွင် သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည့် အသက်(၂၁) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူးး လူကာကူသည် လက်ရှိတွင် အဲဗာတန် အသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ တိုက်စစ်မှူးး လူကာကူသည် ၂၀၁၁ ခုနှစ် သြဂုတ်လတွင် အန်ဒါလက်ခ်ျ အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၁၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ချယ်လ်ဆီး အသင်းနှင့်အတူ ၁၅ ပွဲသာလျှင် ပွဲ ထွက်ကစားခဲ့သည်။ ““ကစားသမားတစ်ယောက်အနေနဲ့ အသင်းကောင်းတစ်သင်းမှာ ကစား ရဖို့နဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်ပါ တယ်။ ဒါ့ကြောင့် ပုံမှန်ပွဲထွက်ခွင့် အတွက် အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ အမြန်ဆုံးဆုံးဖြတ်လိုက် တာပါ””ဟု တိုက်စစ်မှူးး လူကာကူက အဲဗာတန်အသင်းနှင့် စာချုပ်ချုပ်ဆို ပြီးနောက် ပြောကြားခဲ့သည်။ ““လူကာကူက ချယ်လ်ဆီးမှာ ကစားချင်တာပါ။ ဒါပေမယ့် သူက ပထမဦးစားပေးတိုက်စစ်မှူးးတစ်ဦး အနေနဲ့ ပွဲထွက်ချင်တာ။ အဲဒါနဲ့ ပတ်သက်လို့ ပုံမှန်ပွဲထွက်ခွင့်အတွက် ကတိက၀တ်ပြုဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ကိစ်္စတစ်ခုပါ”” ချယ်လ်ဆီး အသင်းနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။[ငွေကြယ်] 

**လီဗာပူးကမန်စီးတီးကိုအနိုင်ကစား**

လီဗာပူးနှင့် ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းတို့ နယူးယောက် မြို့၌ ချစ်ကြည်ရေးကစားခဲ့ရာ မိနစ် ၉၀ ကြာ ကစားအပြီး တစ်ဖက်နှစ်ဂိုးစီ သရေပွဲဖြစ်နေ၍ ပယ်နယ်တီကန်သွင်း ရာ လီဗာပူးက အနိုင်ရလိုက်သည်။ ပထမပိုင်းတွင် ဂိုးမရှိ သရေကျ ခဲ့ရာ တိုက်စစ်မှူးးစတီဖန်ဂျိုဗီတစ်က မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ယင်းဂိုးကို ဟန်ဒါဆင်က ပြန်လည်ချေပခဲ့သည်။ ဂျိုဗီတစ်ကပင် မန်စီးတီးအတွက် ဒုတိယဂိုး သွင်းယူခဲ့သည်။ ယင်းဂိုးကို တောင်ပံကစားသမား စတားလင်းက ချေပခဲ့သည်။ မန်စီးတီးက ပယ်နယ်တီနှစ်လုံး လွဲချော်ခဲ့သဖြင့် လီဗာပူးက ပယ်နယ်တီ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ ပြီးခဲ့သောရာသီက ထိပ်သီး နှစ်သင်းဖြစ်ခဲ့သော အသင်းများသည် ထူးခြားသော ဥရောပကလပ်ရှစ်သင်း ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးက နောက်တစ်ပွဲတွင် အေစီ မီလန်နှင့် ကစားရမည်ဖြစ်သည်။(အာကာကျော်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)