ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 26, 2014

====““အလင်းတန်းတို့ မာယာ””===

>
လေယာဉ်ပျံစာအိတ်လေးကို ကော်နှင့် အသေအချာ ကပ်လိုက်ပြီး ပိုသေချာအောင် လက်ဖမိုးနှင့် ဖိလိုက်သည်။ ထိုစာအိတ်ကလေးတွင် မောင့်အတွက် ထားရေးပေးထားသော ကဗျာတစ်ပုဒ်ပါသည်။ ထိုစာအိတ်နှင့် အတူ မောင်ကြိုက်တတ်သော ပုစွန်ခြောက်ကြော်နှင့် ဘာလချောင်ကြောင်ကို ဆီစစ်ပြီး အိတ်အပါး အကြည်နှင့် ထုတ်ကာ ထည့်ပေးလိုက်မည်။ ပါဆယ်ထုပ်ကို သယ်သွားပေးမည့် မောင့်သူငယ်ချင်းကို အားနာမိသော်လည်း မောင့်ဆီကိုတော့ စားစရာလေးတွေ ရောက်စေ ချင်မိသည်။ မောင့်သူငယ်ချင်းက ယနေ့ညနေ ပြင်ဦးလွင်ကို ပြန်မည်ဆိုတော့ မနက်ဖြန်ခါ နေ့လည်လောက် မောင်တာဝန် ကျနေသည့် ဆေးရုံသို့ရောက်လိမ့်မည်။ မောင့်အတွက် ပါဆယ်ထုပ်ကို ပြင်ပေးနေလျက်က ထားစိတ်က အရင်တုန်းက အကြောင်းများကို စဉ်းစားမိနေသည်။ တချို့သူတွေက ဆေးထိုးအပ်ကို ကြောက်ကြသည်။ တချို့က ဆေးသောက်ရန် ကြောက်ကြသည်။ ထားကတော့ သူတို့ထက် လွန်ကဲသည်ဟု ဆိုရမည်။ ထားဘ၀တွင် အကြောက်ဆုံးသော အရာသည် ဆေးရုံ ဆေးခန်းဖြစ်သည်။ တံခါးရွက်တစ်ခုကို ဖွင့်လိုက် သည်နှင့် နှာသီးဝသို့ ရိုက်ခတ်လာသည့် လေတွင် ရောနှောပါလာသည့် ပိုးသတ်ဆေးနံ့သည် ထားကို ခြောက်လန့် နိုင်လွန်းသည်။ နှာခေါင်းများ ယားယံလာပြီး အရေပြားများ ပူနွေး နီမြန်းလာသည်အထိ ထား အသက်ရှူရ ခက်လွန်းသည်။ ထို့အတွက် ထားသည် ဆေးရုံ ဆေးခန်းများကို တတ်နိုင်သမျှ ရှောင်နိုင်ဖို့ ကြိုးစားသည်။ ရာသီ အပြောင်းအလဲ ကြောင့် ဖြစ်တတ်သည့်အဖျား၊ အာဂန္တုဝေဒနာတို့အတွက် ထားတွင် ဆေးသည် အဆင်သင့် ရှိနေခဲ့သည်။ ထား အနီးပတ်ဝန်းကျင်က တစ်ယောက်ယောက်က နေမကောင်းဖြစ်နေသည်ဟု ဆိုလျှင် ထားတွင် ဝေမျှစရာ ဆေးအဆင်သင့် ရှိနေသည်။ ခေါင်းမူး၊ ခေါင်းကိုက်၊ နှာစေး၊ ချောင်းဆိုးတို့ကို သက်သာ ပျောက်ကင်းသွားဖို့ရန်အတွက် မည်သည့် ဆေးခန်းကိုမျှ သွားရန်မလိုလောက်အောင် ထားတွင် ဆေးဝါး အစုံအလင်ရှိသည်။ လည်ချောင်းနာလျှင် ငုံစရာ ဆေးက အဆင်သင့်။ ကိုယ်ပူခဲ့လျှင် အသုံးပြုရမည့် အပူကျဆေးက အဆင်သင့်။ ဆေးမည်မျှ သောက်ရ သောက်ရ အကြောင်းမဟုတ်၊ ဆေးခန်း မသွားရရေးသာ ထားအတွက် အဓိက ကျသည်။ ထိုသို့ ဆေးရုံဆေးခန်းကို ကြောက်လန့်ခဲ့သော ထားနှင့် ဆုံလာခဲ့သည့် ချစ်သူမောင်သည် ကျန်းမာရေး ၀န်ထမ်းတစ်ဦး ဖြစ်နေသည်ဆိုလျှင် အားလုံးက အံ့သြသင့်ကြလိမ့်မည်။ မယုံနိုင်သော မျက်ဝန်းများဖြင့် ထားကို ကြည့်ကြတော့မည်။ မဆုံးနိုင်သော မေးခွန်းများဖြင့် ထားထံမှ အဖြေထုတ်ကြတော့မည်။အမှန်တော့ ထားသည် မောင့်ကို ဆရာဝန် တစ်ယောက် အနေဖြင့် သိကျွမ်းခဲ့သည်မဟုတ်။ ထို့အတူ မောင်ကလည်း ထားကို ယနေ့လိုမျိုး ဂရပ်ဖစ် ဒီဇိုင်နာတစ်ယောက်အနေဖြင့် ရင်းနှီးခဲ့သည် မဟုတ်။ ထိုအချိန်က ထားသည် ကဗျာချစ်သူ တနည်းအားဖြင့်တော့ ကဗျာများကို မြေစမ်းခရမ်းပျိုး ရေးနေသူလေး ဆည်းဆာဦးအဖြစ်။ ““ဆည်းဆာဦး”” နာမည်နဲ့ စာရောက်နေတာ တွေ့လို့ ငါထုတ်ယူလာခဲ့တယ်၊ ဖောက်ကြည့်လေ မိထား”” ကေသွယ်ဇင် ယူလာပေးသည့် စာကို ထားက လှမ်းယူလိုက်ပြီး စာအိတ် ထိပ်ဝကို ဘောလ်ပင်လေးထည့်ကာ အသာလှိမ့်ပြီးဖောက်လိုက်သည်။ အဖြူ၊ အနီ၊ အပြာရင့်ရင့်တို့ရောနေသည့် လေယာဉ်ပုံ စာအိတ်ရိုးရိုးလေးထဲမှ စာရွက် ပြောင်ချောပေါ် တွင် ရေးထား သည့် စာတစ်စောင်ထွက်ကျလာသည်။

 ““သို့. မဆည်းဆာဦး

ကျွန်တော်နဲ့ သက်တူ ရွယ်တူချင်းဖြစ်နေမယ်ဆိုရင်တောင်မှ မဆည်းဆာဦးရေးထားသည့် ကဗျာတွေကို လေးစားသော အားဖြင့် မ တပ်ပြီး နှုတ်ခွန်းဆက်လိုက်ပါတယ်။ မဆည်းဆာတို့ ဘူမိဗေဒ ဌာနက ထုတ်တဲ့ကဗျာစာအုပ်တစ်အုပ်ကို အမှတ်မထင်ဘဲ ဖတ်မိတာကနေ ချီးကျူးစကားဆိုချင်တဲ့အတွက် ဒီစာကို ရေးလိုက်တာပါ။ အရှေ့ပိုင်းတက္ကသိုလ်ရဲ့ ဘူမိဗေဒဌာနသို့ လိပ်မူပြီး ပေးပို့ထားတဲ့အတွက် မဆည်းဆာလက်ထဲကို ဒီစာကို ဆက်ဆက်ရောက်မှာပါ။ ကျွန်တော့် စာအတွက် ဘယ်လိုမှ အနှောင့်အယှက် မဖြစ်ပါနဲ့ခင်ဗျာ။

  ရွှင်လန်းချမ်းမြေ့ပါစေ ဆုတောင်းလျက်

 ဇင်မောင် 

ထား ရေးခဲ့သော ပထမဆုံး ကဗျာကလေးနှင့် ပတ်သက်ပြီး ထိုသို့သော စာကို လက်ခံရရှိသည့်အချိန်တွင် အတိုင်းအဆ မဲ့ ပျော်ရွှင်သွားခဲ့သည်။ ထို့နောက် စာအောက်တွင် ပါရှိသည့် လိပ်စာအတိုင်း ထားက စာကို လက်ခံ ရရှိပါကြောင်းနှင့် ဖတ်ရှု့ပေးသည့် အတွက် ကျေးဇူးတင်ကြောင်းကို စာကြောင်းရေ နည်းနည်းဖြင့်ပင် စာပြန်ပို့ ပေးခဲ့သည်။ ရန်ကုန် တစ်မြို့တည်းတွင် ရှိနေလျက်က မောင်နှင့် ထားတို့သည် အပြန်အလှန် စာများကို ပို့လေ့ရှိကြသည့် Pen-pals များ ဖြစ်မှန်း မသိ ဖြစ်လာခဲ့သည်။ မောင်နှင့် ထားတို့၏ တွေ့ဆုံမှုသည် စိတ်ကူးယဉ် ဇာတ်လမ်းဆန်ဆန် လေးတော့ ဖြစ်နေခဲ့သေးသည်။ ထားရေးထားသော ကဗျာများအကြောင်း၊ မောင်၏ ခက်ခဲလှသော စာများ အကြောင်းမှသည် ထားဘ၀၊ မောင့်ဘ၀ အကြောင်းတို့ကိုပါ တစ်ဦးနှင့် တစ်ဦး ရင်းနှီးစွာ ဖွင့်ဟ တိုင်ပင်ခဲ့ကြသည်။
မောင့်ကို ထားက နားကြပ်နှင့် အသက်ကယ်သည့်အတတ် တတ်တဲ့သူဟုဆိုလျှင် မောင်က ထားကျတော့ စာသားတွေနဲ့ နာဖျားမှုတွေကို ကုသနိုင်တဲ့သူဟု ပြန်ပြီးတော့ ချီးမွမ်းတတ်သည်။ မောင်နှင့် ထားတို့ ကြားတွင် ခိုင်မာစွာ တည်ရှိနေသည့်အရာပေါင်းများစွာသည် ထားနှင့် ဆက်စပ်နေသည်ကများသည်။ လူနာများကို စိတ်ရှည်လက်ရှည် ကြည့်ပေးတတ်သော မောင်သည် ထားရေးထားသော ကဗျာများကို စိတ်ပါလက်ပါနှင့် ဖတ်သည်။ ပြီးလျှင်တော့ ထားရေးထားသော ကဗျာများကို မော်ဒန်လား၊ ပို့မော်ဒန်လား၊ အယ်လ်ပီလား စသည်ဖြင့် စေ့စေ့စပ်စပ်မေးတတ်သည်။ ““မောင် . . ဒီလောက် စိတ်ဝင်စားနေတာ ဘာလို့ ကဗျာမရေးတာလဲ”” လို့ ထားမေးလျှင်တော့ မောင်က ပြုံးစစနှင့် ခေါင်းခါတတ်သည်။ တခါတလေကျတော့လည်း ““ကဗျာတွေကို ရင်းနှီးတိုင်း ကဗျာရေးလို့မှ မရတာ ထားရဲ့၊ လုံလောက်တဲ့ ပါရမီခံနဲ့ အခြေအနေတွေကို ပြည့်စုံအောင်ဖော်ပြနိုင်တဲ့ အားထုတ်မှုတွေလိုတာလေ၊ မောင်က ထားမှ မဟုတ်ဘဲ“”” ဟုဆိုလျှင်တော့ ထားမှာ ပျော်မဆုံး မော်မဆုံး ဖြစ်ရသည်။ တကယ်တော့ မောင်သည် ၀ါသနာအရ ထား ရေးနေသည့် ကဗျာတို့ကိုသာ အာရုံစိုက်သည်မဟုတ်။ အသက်မွေး ၀မ်းကြောင်းရန် လုပ်ကိုင်နေသည့် ဒီဇိုင်းကိုလည်း မောင်သည် စိတ်ပါဝင်စားပေးခဲ့သည်။ C, M, Y, K ဆိုတာ ဘာရောင်တွေမှန်းကို မသိသော မောင်သည် ထားဆွဲသည့် ဂရပ်ဖစ် ဒီဇိုင်းတို့ကို ကြည့်ပြီး ဘယ်လို အရောင်၊ ဘယ်လို နောက်ခံနှင့်ဆိုလျှင် ပိုပြီးလိုက်ဖက်လိမ့်မည်ဟု တတ်နိုင်သမျှ အားဖြည့် ကူညီပေးရင်း ထားသုံးသည့် Short Cut Keys တို့နှင့် ရင်းနှီးလာခဲ့သည်။ ပစ္စည်းတခုခု ကြော်ငြာအတွက် ရေးဆွဲထားသည့် ဒီဇိုင်းနှင့် ကုန်ပစ္စည်းတခု၏ လိုဂိုအတွက် ဒီဇိုင်းတို့ကြားက အရောင် ကွာခြားမှုတွေကို မောင်က မှတ်သားပြီး ထားနှင့် ပြန်ဆွေးနွေးတတ်သည်။ ကုန်ကုန်ဆိုရလျှင် ထား ထိုးပေးသည့် သိုးမွှေးခေါင်းစွပ်ကလေးသည် မောင်နှင့် အတန်ငယ် ကြီးသွားသည်ကိုပင် နားရွက်လုံအောင် ဆောင်းလို့ရတာပေါ့ ထားရဲ့ လို့ ထားကျေနပ်အောင် ပြောတတ်သူလည်းဖြစ်သည်။ ထိုသို့ ထားကို အမြဲလိုလို အလိုလိုက်သော မောင်သည် ထားလွယ်အိတ်ထဲတွင် ဆောင်ထားသည့် ဆေးနှင့် ပတ်သတ်လာလျှင်တော့ ဘယ်သောအခါကမျှ မျက်နှာသာ ပေးခဲ့ဖူးသည် မရှိ။ မောင်နှင့် ဆုံသည့်အချိန်တွင် ထားအိတ်ထဲတွင် ဆေးများကို တွေ့လျှင် မောင်သည် တရစပ် ဆူတော့သည်။ ထိုအခါမျိုးတွင် အပြစ် လုပ်ထား မိသော ကျောင်းသူတစ်ယောက်သဖွယ် ထားသည် မောင့်ရှေ့တွင် ငြိမ်နေပြီး အင်းချ နေရုံသာရှိတော့သည်။ ““ထား ဆွဲတဲ့ ဂရပ်ဖစ်ဒီဇိုင်းတစ်ခုမှာ လက်တစ်ချက်လွန်လို့ မှားသွားတာကို Ctrl + Z နဲ့ ပြန်ခေါ် လို့ရပေမယ့် ဆေးတွေကတော့ သောက်ပြီးမှ မှားမှန်းသိသွားလို့ Ctrl + Z နဲ့ ကလစ်နှိပ်ပြီးတော့ ပြန်ခေါ် ထုတ်လို့ မရဘူး ထား။ သူတို့ကြောင့် ထားရဲ့ ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားနိုင်တယ်၊ မလိုအပ်ဘဲ ထိခိုက်သွားတယ် ထားရဲ့။ ဆေးတွေကို ကိုယ့်ဘာသာ မသောက်ရဘူးနော်၊ ထား ဆေးခန်း မသွားချင်လည်း မောင့်ကိုတော့ ပြော။ ထားနဲ့ သင့်တော်မယ့် ဆေးကို မောင် ပေးမယ်၊ ဆေးတွေကို ကြောက်ပါ ထားရယ်”” မောင် ပြောသော ဆေးတွေသည် ကြောက်ဖို့ ကောင်းသည်ဆိုသော စကားသည် ထားဆီကို တည့်တည့်ကြီး ဆိုက်ရောက်လာခဲ့သည်။ အချိန်အခါမဲ့ ရွာချခဲ့သော မိုးရေစက်များအောက်တွင် လွတ်လပ်စွာ လမ်းလျှောက်ခဲ့မိသည့် ထားသည် နေ့ချင်းကြောင်တောင် ဖျားသည်။ ထိုအချိန် ထားအိတ်ထဲတွင် လိုက်ရှာကြည့်လိုက်တော့ ပါရာစီတမော့ ဆေးပြားမရှိတော့။ သို့သော် အပူကျစေသည်ဟု ဆိုင်က ပေးလိုက်ဖူးသည့် ဆေးပြားအဖြူ တချို့ ရှိနေသေးသည်။ ထိုဆေးကို ရေနွေးပူပူဖြင့် သောက်လိုက်တော့ လူက အတန်ပေါ့သွားသည်။ သို့သော် ခေါင်းကိုက်သက်သာ သွားသော်လည်း လည်ချောင်းက ဆိုးဆိုးရွားရွားကို နာလာသည်။ မျက်လုံးများကလည်း ရီဝေေ၀ ဖြစ်လာသည့် အချိန်တွင် သောက်လိုက်မိသောဆေးနှင့် ပတ်သတ်ပြီး ထား စိတ်ပူလာကာ မောင့်ဆီကို အလောတကြီး ဖုန်းခေါ်လိုက်မိ တော့သည်။ ““ထား . . အရင်က ဒီဆေးမျိုးကို သောက်ဖူးလား”” အနောက်ပိုင်း ဆေးရုံမှ ထား ဆီသို့ ကတိုက်ကရိုက်လာခဲ့သော မောင်သည် တစ်စုံတစ်ခုကို ကြောက်ရွံ့ နေပုံပေါ်သည်။ ထာဝစဉ် တည်တည်ငြိမ်ငြိမ်နှင့် စကားပြောတတ်သော မောင့်အသံသည် တုန်ရီ နေသည်။ သို့သော် ထား သောက်လိုက်မိသော ဆေးသည် ဆာလ်ဖာပါသည့် ပိုးသတ်ဆေးတမျိုးဖြစ်ကြောင်း၊ ထိုဆေးနှင့် ဓါတ်မတည့်မှုဖြစ်က အသက်ဆုံးရှုံးသွားနိုင်ကြောင်းကို သိလိုက်ရချိန်တွင် ထားပါ တုန်လှုပ်သွားခဲ့သည်။ ““လူတစ်ယောက်မှာ မာယာရှိသလိုမျိုးပဲ၊ ဆေးတွေမှာလည်း မာယာဆိုတာ ရှိတယ် ထား။ သူတို့ကို ကောင်းကောင်း တန်ဖိုးထားတတ်တဲ့သူကို သူတို့က ကောင်းကျိုးပြုပေးပေမယ့် သူတို့ကို အလေးဂရု မစိုက်တဲ့ သူတွေအတွက်တော့ ထိုက်သင့်တဲ့ သတိပေးမှုမျိုးတွေကို ပြုလုပ်တတ်တာပဲ။ ဆေးတွေက မောင်တို့ကို အလင်းဆောင်ပေးနိုင်သလို တဘက်မှာလည်း အမှောင်တွေ ရှိနေတတ်တယ်။ အဲ့ဒါကို မောင်တို့က သတိထားနိုင်ရမှာ။ ထားမောင့်ကို လှမ်းပြောတုန်းက လက္ခဏာတွေက အဲ့ဒီဆေးနဲ့ မတည့်လို့ ပြတတ်တဲ့ လက္ခဏာတွေ၊ တကယ်လို့ ထားသာ ဆာလ်ဖာနဲ့သာ ဓါတ်မတည့်တဲ့သူ ဖြစ်ကြည့်ပါလား။ မောင်တို့ဘက်က နည်းနည်း နောက်ကျသွားပြီဆိုတာနဲ့ ထားကို မောင် ဆုံးရှုံးသွားရမှာပေါ့။”” ကံကောင်းထောက်မလွန်းစွာဖြင့် ထားကြုံတွေ့ခဲ့ရသည့် လည်ချောင်းနာခြင်းသည် အပူရှပ်ပြီး ဖျားခြင်းကြောင့် ရလာသည့် တုံ့ပြန်မှု တစ်မျိုးဖြစ်နေခဲ့သည်။ သို့သော် ဆေးတွေသည်လည်း အန္တရာယ် ပေးနိုင်ပါလား အသိနှင့် ထားသည် တုန်လှုပ်သွားခဲ့မိသည်။ ထားကဲ့သို့ မသိလိုက်ဘဲ အသတ်ဆုံးရှုံးသွားရတဲ့သူတွေ အများကြီး ရှိနေကြောင်း မောင်ပြောပြတော့ ထားဝမ်းနည်းခဲ့ရသည်။ ထိုနေ့မှစ ထား ပြုပြင်ခဲ့သည်။ ဆေးသုံး လွယ်သည့်အကျင့်ကို ဖျောက်နိုင်ခဲ့သည်။ ယခုအချိန်တွင်တော့ အဝေးတွင် တာဝန် ထမ်းဆောင်နေသည့် မောင် စိတ်ချလက်ချ နေနိုင်လောက် သည် အထိ ထားသည် ဆေးများကို တလေးတနက်ထားပြီးမှသာ သုံးစွဲဖြစ်တော့သည့် အကျင့်ရှိလာခဲ့ပြီ။ မောင့်ကို ချစ်သော ထားသည် မောင်ချစ်သော ဆေးများနှင့် ယဉ်ပါးနိုင်ရမည်။ ပါးနပ်နိုင်ရမည်။ ထားကဲ့သို့ ဆေးသုံး လွယ်သည့်သူတို့နှင့် ဆုံလျှင် ထားက ပညာပေးနိုင်ရန် ကြိုးစားရမည်။ ထိုအခါ အသုံးတည့်သော ဆေးတို့သည် ဘေးကင်းကင်းနှင့် ထားတို့အားလုံးကို ကျန်းမာစေမည် မဟုတ်လား။ 

+နှင်းနုလွင် (ဆေးဝါး)+ 

အာရောဂျံမဂ္ဂဇင်း၊ မေ၊ ၂၀၁၄

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)