ကလေးအလုပ်သမားလုပ်နေရပါပြီ)
အပိုင်း (၂)
ဟစ်ပ်ဟော့လေးသည် ရည်ညွှန်ခဲ့သည့်အတိုင်း ကျောင်းစာတွင်သာမက အားကစားနည်းပေါင်းစုံကိုပါ ထူးချွန်ပါသည်။ ထို့ပြင် ထိုင်းဘာသာစကားနှင့် အရေးအသား၊ အင်္ဂလိပ်စကားပြော အခြေခံ၊ ကွန်ပျူတာ၊ လူမှုဆက်ဆံရေး စသည်ဖြင့် အခြားစွယ်စုံရကလေးတစ်ယောက် ဖြစ်စေသော အရည်အချင်းများလည်း ရှိပါသေးသည်။ ဟစ်ပ်ဟော့လေးက ဤမျှထူးချွန်သလောက် သူ့ထက် ၂ နှစ်ကျော် အသက်ကြီးသော သူ့အကို ရော့ကာကတော့ဖြင့် သာမန်အခြေအနေဘ၀နှင့်ပင် ခပ်သာသာ ဖြတ်သန်းတာတွေ့ရပါသည်။ “ကျနော်… ဒီနွေရာသီမှာ အမေနဲ့လိုက်သွားတော့မယ် ဆရာကြီး၊ ဟိုရောက်မှပဲ ကျနော့် ပညာရေးကို ဆက်မယ်ဗျာ” အနှီစကားသည် ဟစ်ပ်လေးမှ သူနှင့် အနီးကပ်နေထိုင်နေသော အဌမတန်း အတန်းပိုင်၊ ဆရာ၊ ဆရာဇော်အား ခွင့်ပန်နေခြင်းဖြစ်ပါသည်။ မဲဆောက်ရှိ နေ့သစ်အလယ်တန်းကျောင်းတွင် ဆရာဇော်နှင့် ဟစ်ပ်ဟော့လေးတို့ မှာအတူတူနေ အတူစား ဖခင်နှင့် သားပမာ နှောင်ဖွဲ့ခဲ့ကြပါ၏။ “အေးကွာ… ဒို့တတွေကတော့ မင်းကို မင်းအမေနဲ့ လိုက်မသွားစေချင်ကြဘူး။ ဒို့တတွေဆိုတာ ဆရာမိုး၊ ဒေါ်ယုဇန၊ ဆရာရဲရင့်အောင်၊ဆရာဇော်၊ ဆရာကြည်၊ ဒေါ်ခင်ချိုလင်း စတဲ့ ကျောင်းရဲ့ အဓိက စီမံခန့်ခွဲ၊ အုပ်ချုပ်သူတွေက မင်းကိုမသွားစေချင်ကြတာပါ။ မင်းကို (၁၀) တန်းအောင်အောင် ဖြေဆိုနိုင့်ဖို့အတွက် မြန်မာပြည်မှာ ကျောင်းထားပေး မယ့် အစီအစဉ်ကိုလည်း ဦးကျော်သူတို့နဲ့ ဆက်သွယ်ထားပြီးပြီကွ။ ဒါကြောင့် မင်းဒီနှစ် ၈ တန်းအောင်တာတော့ သေချာတယ်။ ၉ တန်းတစ်နှစ်ကို အောင့်အည်းသည်းခံပြီး သင်လိုက်ပါကွာ။ ၁၀ တန်း ရောက်ရင် ရန်ကုန်ကိုပို့မယ့် အစီအစဉ် ဒို့ချိတ်ဆက်ထားကြပြီကွ။” သို့နှင့် ၂၀၁၄ ခုနှစ် မေလတွင် ဟစ်ပ်ဟော့လေးလည်း ၈ တန်းကို ဒုတိယဆုရရှိကာ အောင်မြင်ထားချိန်တွင် ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသကြီး မဟာချိုင်ဒေသမှ သူ၏ မိခင်သည် ဘယ်တုန်းကမှ ပြန်မခေါ်စဖူး ပြန်အခေါ်ထူးကာ ဆိုက်ဆိုက်နှင့်မှ မြိုက်မြိုက်ကြီး ရောက်ချလာပါတော့၏။ “သားလေးနဲ့ ခွဲနေရတာကြာလို့ပါ ဆရာ၊ ဆရာမတို့ရယ် သားလေးနဲ့ အတူတူနေဖို့ ပါပဲ။ သားကို ဟိုရောက်မှ ပညာရေး ဆက်စီစဉ်ပါမယ်။ စိတ်ချပါ”တဲ့။
(ဒီကလေး၂ဦးဟာမဲဆောက်မြို့ နေ့ သစ်အလကကျောင်းက ၈တန်းအောင်ကျောင်းသားတွေပါ။အောင်တာမှဒုတိယနဲ့  တတိယဆုရကြပြီးအောင်ကြတာပါ။အခုတော့၉တန်းကျောင်းသား ဘ၀ကိုလုံးဝမဖြတ်သန်းရပဲနဲ့ ကလေးအလုပ်သမားတွေ ဖြစ်နေကြပါပြီ)
ဟစ်ပ်ဟော့လေး၏ မိခင်က ချီးစားပြောလျှင်ပင် ချီးကြိုက်လို့ဟု ခံယူထားကြပုံရသော မလွှဲမရှောင်သာ၍ နားထောင်နေကြရသည်။ နေ့သစ်အလယ်တန်းကျောင်းမှ ဆရာများသည်ကား မယုံရေးချ မယုံကြပါ။ မိမိတို့ နေ့သစ်အလယ်တန်းကျောင်းတွင် တတိယတန်းမှ အဌမတန်းအောင်မြင်သည်အထိ ၆ နှစ်ကျော်ကျော် နေထိုင်သွားခဲ့သော ကျောင်း၏ “သားတပည့်” တစ်ဦး အပေါ်တွင် နက်ရှိုင်းသော မေတ္တာရေစင်တို့သည်ကား ဆရာများ၏ ရင်ဝယ် တသွင်သွင် စီးဆင်းနေမြဲဖြစ်၏။
အပိုင်း- ၃ (ဆက်လက် ဖော်ပြပါမည်)
သောင်ရင်းနဂါး- ရင်ဘတ်နှင့် ရေးဖွဲ့သည်။
(ဒီကလေးဟာမဲဆောက်မြို့ နေ့ သစ်အလကကျောင်းက
မိဘပစ်ကလေးတစ်ဦးပါ။အခုတော့သူ့ အမေကအလုပ်ခိုင်းဖို့ 
၈တန်းကိုဒုတိယဆုရပြီးအောင်တဲ့ဒီကလေးဟာ၉တန်းမနေရ
တော့ပဲနဲ့ ဘန်ကောက်တနေရာမှာ

No comments:
Post a Comment