ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 24, 2014

==လူထုကျန်းမာရေး(အချိန်မနှောင်းခင်အသိတရားနဲ့  ယမကာဝဲသြဃသံသရာကရုန်းထွက်ကြပါစို့ ) ==

>
**Public Health**

တစ်နေ့ ညနေပိုင်းကဖြစ်သည်။ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုန်း အနီးတွင်ရှိသည့် အမျိုးသမီးတစ်စု ပြော စကားကြောင့်စိတ်ဝင်စားစွာရပ်ပြီး နားထောင်နေမိသည်။ ““ငါ့ယောက်ျားတော့ အရက်ကြောင် ကြောင်နေပြီ။ ညက ဟယ်... ရပ်ကွက်ထဲမှာရှိတဲ့  ယောက်ျားသားတွေကို သွား အကူအညီတောင်းပါတယ်။ သူတို့ က ပိုဆိုးနေတယ်။ ထိန်း မနိုင်၊ သိမ်းမနိုင်တွေကို ဖြစ်နေကြတာ။ ယောက်ျားတွေ တော်တော်များများ ၉၀ ရာခိုင်နှုန်းလောက်က အရက် သောက်ကြတာများတယ်””ဟု အစချီကာ သူ့ ခံစားချက်ကို ချပြရင်ဖွင့်နေသည်။
မှန်တာတော့မှန်နေသည်။ အရက်မသောက်တတ် သော ယောက်ျားဆိုလို့  အတော့် ကိုရှားပါလာသည်။ ကျေး လက်များတွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ အရက် သောက်စားတတ်သည့်  ယောက်ျားတွေကြောင့် ဇနီးတွေမှာ နေ့စဉ်လိုလို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကြရသည်။ အိမ် ထောင်မှုသာယာဖို့ နေနေသာသာ စားဝတ်နေရေးအတွက် အတော့် ကို ကြိုးစားရုန်းကန်နေရကြောင်း အိမ်ထောင် ရှင်မတစ်ဦးက ပြောပြသည်။ ““ကျွန်မနဲ့ ရတုန်းက အရက် လုံးဝမသောက်တတ်ဘူး။ကလေးတစ်ယောက်ရမှ အပေါင်း အသင်းတွေနဲ့တွေ့ပြီး အရက်သောက်တတ်လာတယ်။ မသောက်ဖို့ အတန်တန်ပြောပါတယ်။ မိဘတွေကလည်းပြောတယ်။ မရဘူးသောက်တာပဲ။ ကြာတော့ ဘာဖြစ်တုန်း ဆိုတော့ သူ့ လုပ်စာစားဖို့ နေနေသာသာ ကလေးငယ်လေး နဲ့  ဈေးရောင်းထွက်ရတာ ပိုလျှံတာလေးနဲ့  ဖြစ်အောင်စားရတယ်။ နောက်ကျတော့ ကျွန်မ ပင်ပင်ပန်းပန်းရှာလို့ ရတဲ့  ချွေးနှဲစာကို တောက်လျှောက်တောင်းတယ်။ မရှိလို့ မပေး နိုင်ရင် ရိုက်နှက်ဆဲဆိုပြီး အမျိုးမျိုးအနိုင်ကျင့်တာ ကြာတော့ မခံနိုင်တော့တဲ့အဆုံး လင်မယားချင်းကွဲကြတာ ခုဆို ကျွန်မသမီးလေးတောင် လေးတန်းရောက်နေပြီ”” လို့ ပြောပြသည်။ပြောမယ့်သာပြောနေသည်။ သူ့ မျက်နှာတွင် ခံစား ချက်က အထင်းသားပေါ်နေသည်ကို အကဲခတ်မိသည်။ လူကြီး၊ လူငယ်မရွေး အရက်သေစာသောက်စားမှုမှာ ကြောက်ခမန်းလိလိ များပြားလာသလို အရက်ဆိုင်၊ ဘီယာ ဆိုင်တွေကလည်း မြို့တိုင်းတွင်ဖွင့်လာသည်မှာ ကိုယ် တွေ့ ပင်ဖြစ်ပြီး ယစ်မျိုးလိုင်စင်ဈေးတွေ အဆမတန်မြင့်တက်လိုက်သော်လည်း သိသာသော ပြောင်းလဲမှုကို ခုချိန်ထိမတွေ့ ရသေးပေ။ အဓိကမှာ မိမိကိုယ်တိုင်ပင်ဖြစ် သည်။ အရက်ဆိုင်တွေ ဘယ်လောက်ပေါပေါ ကိုယ့်ကိုယ် ကိုထိန်းကျောင်းနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး အရက်စွဲ သူတွေ ပေါများလာသည့်အတွက် လူသားအရင်းအမြစ် စွမ်းပကား များစွာကျဆင်းနိုင်သလို မိဘအုပ်ထိန်းသူများ၊ အိမ်ထောင်ရှင်များအတွက်လည်း ကိုယ်စိတ်နှစ်ပါး ထိ ခိုက်နေကြရသည်မှာ မမြင်တွေ့ ချင်အဆုံးပင်ဖြစ်သည်။
လယ်ယာလုပ်ငန်းခွင်တွင်လည်း အရက်ပါသည်။ အလှူပွဲ၊ မင်္ဂလာပွဲ၊ နာရေးပွဲ၊ ဘာပွဲ၊ ညာပွဲ အကုန် သူမပါရင်ပွဲ မစည်ဖြစ်နေသည့်အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကလည်း ထက်ကြပ်မကွာ ကပ်ပါလာတတ်စမြဲ။ အရက်မူး လာတော့ သွေးဆူပြီး အကောင်းကိုအဆိုးမြင် မိတ်ဆွေ ကိုပင် ရန်သူအသွင်မြင်တတ်ကာ မိမှန်းမသိ၊ ဖမှန်းမသိဖြစ် ကြရာက မမျှော်လင့်နိုင်သည့်  မှုခင်းကြီးငယ်များပေါများ လာခြင်း၏ အဓိကအရင်းအမြစ်ဖြစ်နေသည်။ အသက်ရှည် အနာမဲ့ စွာ သက်တမ်းစေ့ နေထိုင်နိုင်ရေးကို မြော်တွေးကာ အချိန်မနှောင်းခင် အသိတရားလေးနဲ့  သတိထားဆင်ခြင်နိုင် ကြပါစေလို့.... ။ ။ 

+ကိုလွင်(ဆွာ)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)