ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 23, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
** ဟောလိဝုဒ်ဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ရန်ကမ်းလှမ်းခြင်းခံထား
ရသောဟယ်ရီစတိုင်လ်**

 One Directionအဖွဲ့ မှ မိန်းကလေးပရိသတ်အတော်များများ၏ စိတ်ဝင်စားမှုခံရသူ အဖွဲ့ ဝင် ဟယ်ရီ စတိုင်လ်အား ဟောလိဝုဒ်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခြင်းခံထားရသော်လည်း ၎င်း အနေဖြင့်  ငြင်းဆန်ထားဆဲဖြစ်ကြောင်းသိရသည်။ ဟယ်ရီစတိုင်လ်ကိုဆွီဒင်မင်းသမီး Alicia Vikander ၊၀ါရင့်ရုပ်ရှင်မင်းသမီးကြီး Dame Judi Denchတို့နှင့်တွဲဖက်ကာ Tulip Fever အမည်ရှိဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းထားကြောင်း အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်သည့် Harvey Weinsteinက ဒေးလီးမေးလ်သတင်းစာသို့ ပြောကြား ခဲ့ကြောင်းသိရသည်။
သို့ သော် ဟယ်ရီစတိုင်လ်အနေဖြင့်အခြားအဖွဲ့ ဝင် များနှင့်ဂီတနှင့် ဖျော်ဖြေရေးပိုင်းကိုသာ အာရုံစူးစိုက်လို၍ ယင်းကိစ်္စကိုယခုအချိန်ထိ ငြင်းဆန်ထားဆဲဖြစ်သော် လည်း အသက်(၂၀)အရွယ် ပေါ့ပ်ဂီတကြယ်ပွင့်  ဟယ်ရီ စတိုင်လ်အနေဖြင့်  ယင်းအခွင့်အရေးကိုလက်ခံလိုက်ပါက ဟောလိဝုဒ်ရုပ်ရှင်လောက၌ အောင်မြင်မှုခြေလှမ်းသစ် များကိုအစပျိုးနိုင်မည်ဖြစ်ကာ အဆိုပါTulip Fever ဇာတ်ကားသစ်ကို နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်၌ ရိုက်ကူးပုံဖော်သွားမည်ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)

**အမှတ်တရ အဆောက်အအုံတစ်ခု ဆောက်လုပ်ရန် အလှူငွေပေးအပ်ခဲ့သည့် ကင်မ်ဒေါင်းဝမ်**

 တောင်ကိုရီးယားဂီတအဖွဲ့  Shinhwaမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကာ ရုပ်ရှင်လောကတွင်လည်း အောင်မြင် မှုများရရှိနေသူ ကင်မ်ဒေါင်းဝမ်က ဒုတိယကမ်္ဘာစစ်အတွင်းက ဂျပန် စစ်သားများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံစားခဲ့ ရသည့် အမျိုး သမီးများအတွက် ရည်ရွယ်ကာ အမှတ်တရ အဆောက်အအုံတစ်ခု ဆောက်လုပ်ရန် အလှူငွေ တောင် ကိုရီးယားဝမ်သန်း ၃၀ လှူဒါန်းခဲ့ ကြောင်း သိရသည်။ ““ဒီသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အလွန်နာကျင်စရာကောင်းပေမယ့်  သတိရနေသင့်ပါတယ်၊ ဒီလှူဒါန်းငွေ တွေနဲ့ ကျန်တဲ့အမျိုးသမီးတွေကို ထောက်ပံ့ မှုတွေပြုလုပ်သွားနိုင်မှာပါ” ဟု လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး သရုပ်ဆောင် ကင်မ်က ပြောကြား ခဲ့ သည်။

သရုပ်ဆောင်နှင့် အဆိုတော် ကင်မ် ဒေါင်းဝမ်အနေဖြင့်  ယခုကဲ့ သို့ လှူဒါန်း မှုမျိုးသည် ပထမဆုံးအကြိမ် မဟုတ်ပါကြောင်း၊ လိုအပ်သည့်နေရာများတွင် လှူဒါန်းမှုများပြုလုပ်ပေးနေပါကြောင်း၊ ကင်ဆာရောဂါခံစားနေရသည့်  ကလေးငယ်များအတွက် အလှူငွေ ၀မ် ၁၂ သန်း အပါအ၀င် ယခု အချိန်ထိ တောင်ကိုရီးယားဝမ်သန်း ၁၀၀ ကျော် လှူဒါန်းထားကြောင်း သိရသည်။
သရုပ်ဆောင်နှင့် အဆိုတော် ကင်မ် သည် ၎င်း၏ ပရဟိတဆောင်ရွက်ချက် များကြောင့်  ၂၀၁၁ ခုနှစ် အစော ပိုင်းတွင် တောင်ကိုရီးယားအစိုးရမှ ဂုဏ်ပြုခြင်းခံထားရသူတစ်ဦးလည်း ဖြစ်သည်။(မျိုးစန်္ဒာမောင်)

** အေစီမီလန်တိုက်စစ်မှူးးဘာလော့တယ်လီအား ခေါ်ယူရန်
 အေစီမီလန်အသင်းနှင့်သဘောတူညီမှုရရှိ**

ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းသည် အေစီ မီလန်တိုက်စစ်မှူး;
မာရီယိုဘာလော့တယ်လီအား ပေါင် ၁၆ သန်းဖြင့်ခေါ်ယူရန် အေစီမီလန်အသင်းနှင့်သဘောတူညီမှု ရရှိခဲ့ ပြီဖြစ်သည်။ လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာ သည် ပြီးခဲ့ သည့် နှစ်က လီဗာပူးအသင်း၏ ထိပ်တန်းဂိုးသွင်း ရှင်တစ်ဦးဖြစ်သူ တိုက်စစ်မှူးးဆွာရတ်ဇ်အား ဘာစီလိုနာ အသင်းသို့ ရောင်းချခဲ့ ပြီးနောက် အသင်း၏တိုက်စစ်ပိုင်းကို အားပြန်ဖြည့် ရန်အတွက် အသက်(၂၄)နှစ်အရွယ်ရှိ အီတလီကြယ်ပွင့် ဘာလော့တယ်လီအား ခေါ်ယူရန် ဆန်္ဒဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၉၀၀၀၀ ဖြင့်  ကမ်းလှမ်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
တိုက်စစ်မှူးးဘာလော့တယ်လီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီမီယာလိဂ်ကလပ် မန်စီးတီးမှ အေစီ မီလန်အသင်းသို့ ပြောင်းရွှေ့ ကြေးပေါင် ၁၉ သန်းဖြင့် ပြောင်းရွှေ့ သွားခဲ့ သူဖြစ်ပြီး စီးရီးအေကလပ် အေစီမီလန်အသင်းနှင့်အတူ ၅၄ ပွဲကစားကာ သွင်းဂိုး ၃၀သွင်းယူပေးနိုင်ခဲ့ သည်။ ၂၀၁၀ ခုနှစ် သြဂုတ်လက အင်တာမီလန်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ ကြေးပေါင် ၂၄ သန်းဖြင့် ရောက်ရှိလာခဲ့ သူဖြစ်ပြီး မန်စီးတီးအသင်း၌ ပွဲပေါင်း ၈၀ ပါဝင်ကစားပေးခဲ့ ပြီး သွင်းဂိုး၃၀ သွင်းယူပေးနိုင်ခဲ့ သည့် အပြင် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက မန်စီးတီးအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလားကိုပင် ဆွတ်ခူးနိုင်ခဲ့ သည်။

လီဗာပူးအသင်းသည် ယခုအပြောင်းအရွှေ့ တွင် ဆောက်သမ်တန်တိုက်စစ်မှူးး ရစ်ကီလမ်းဘာ့နှင့်လိုင်လီအသင်းမှဘယ်လ်ဂျီယံတိုက် စစ်မှူးး အိုရီဂီတို့ကိုခေါ်ယူထားခဲ့ သော်လည်း အိုရီဂီကိုမူ လိုင်လီအသင်းသို့  တစ်ရာသီအငှားပြန်ချ ထားခဲ့ သည်။ လီဗာပူးအသင်းသည် ပရီမီယာလိဂ်အဖွင့်ပွဲစဉ်တွင် စတားရစ်နှင့် စတာလင်တို့ ၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဆောက်သမ်တန်အား နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့ သော်လည်း တိုက်စစ်မှူးး တစ်ဦးခေါ်ယူရန် လိုအပ်နေဆဲဟု ထင်ထားသောကြောင့်ဘာလော့တယ်လီအား ခေါ်ယူရန် ဆန်္ဒဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်းလည်းဘရန်ဒန်ရော့ဂျာက ဆိုသည်။ [ငွေကြယ်]

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)