ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 1, 2014

==ထိုင်းရဲတွေရဲ့ မရိုးနိုင်တဲ့ဖမ်းဆီးငွေတောင်းကြပုံတွေကတော့ဗျာ==

>
**ထိုင်းရဲ**တဲ့။
 ထိုင်း-မြန်မာနယ်စပ်မဲဆောက်အပါအ၀င်တာ့ခ်ခရိုင်တလွှားမှာဗျောက်ကိုင် ထားလျက်ကြီးနဲ့ငွေတောင်းရန်ရည်ရွယ်လျက်အထောက်အထားစစ်ဆေးတာက လွှဲပြီ့း ထုံထိထုံထိုင်းကောင်တွေ ကိုထိုင်းရဲဟုကင်ပွန်းတပ်လေသလားမဆိုတတ်ချေ။ *ထိုင်းရဲ*ဟုဆိုရာတွင်မှုခင်းရဲ၊လ၀ကရဲ၊ယာဉ်ထိန်းရဲ၊နယ်ခြားစောင့်စစ်ရဲ ဟူ.၍ ရှိလေရာ၊နယ်ခြားစောင့်စစ်ရဲ(ထိုင်းအခေါါ်အဝေါါ်-တောချောရော) မှလွှဲပြီးထိုင်းရဲတို့ ကမဟာချိုင်ဒေသနှင့်မဲဆောက်ဒေသ တို့ တွင်အတောင်းအရမ်းသောင်းကျန်းကြသည်မှာသည်းမခံနိုင်အောင်ပါပေ။ လမ်းလျှောက်နေသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများကိုလည်းကောင်း၊ စက်ဘီးစီးနေသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများကိုလည်းကောင်း၊လိုင်းကား စီးကာခရီးတို၊ခရီးရှည်သွားနေကြသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများကို လည်းကောင်း၊ကိုယ်ပိုင်နှင့်အငှားဆိုင်ကယ်စီးနေကြသောမြန်မာရွှေ့ ပြောင်း အလုပ်သမားများကိုလည်းကောင်း၊ငွေတောင်းရန်ရည်ရွယ်လျက်အထောက် အထားစစ်ဆေးသည်။ရှိလျှင်လည်းလူပုံကိုကြည့်ပြီးဟိုစာရွက်စာတမ်းလိုသေး သည်၊ဒီစာရွက်စာတမ်းကလယ်လိုဘယ်ညာဖြစ်သည်ဆိုကာ ထိုင်းနိုင်ငံသုံးငွေ(၁၀၀-၂၀၀)ဘတ်ထွက်မလာမချင်းရစ်ပါတော့သည်။ နယ်စပ်ကထိုင်းရဲတွေငွေထွက်လာအောင်ရစ်ကြ၊ညှစ်ကြသည်မှာဂျပန်မူလီက အဘခေါါ်ရလောက်သည်။ ဟော...မနေ့ တစ်နေ့ က(စက်တင်ဘာလ၁ရက်နေ့ )ကပင်ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တွင်ဟိုးဟိုးကျော်ခဲ့သောအလုပ်ရှင်ကမဲဆောက်ရဲကိုလှမ်းခေါါ်ကာ မိမိစက်ရုံမှအလုပ်သမားအခွင့်အရေးတောင်းဆိုကြသောအလုပ်သမားကိုယ်စားလှယ် (၇)ဦးကိုဖမ်းခိုင်းသည်။မဲဆောက်ရဲဆိုသည့်ကိုရွှေကိုမျိုးရဲစုတ်တွေကလည်း **လက်မှတ်မရှိကြ၍ဖမ်းသည်**ဟူသောခေါင်းစဉ်တပ်ကာစက်ရုံထဲအထိဝင်ဖမ်းသည်။
 ပြီးတော့ငွေတောင်းပြီးရွေးယူရန်မြန်မာရွှေ့ ပြောင်းအလုပ်သမားများကိုထားနေကျ ဖြစ်သော
ရဲနှစ်ထပ်အချုပ်ခန်းထဲမှာထို၇ဦးကိုထားသည်။ သူတို့ ၇ဦးကိစ္စကိုအလုပ်သမားသံမှူးးဦးသိမ်းနိုင်၊OSSရုံးဦးစီးအရာရှိဦးအောင်ကိုသန်း လ၀ကအရာရှိဦးကျော်ဦးနှင့်မဲဆောက်အခြေစိုက်MRPWG-JACBAအကြီးအကဲ ဦးမိုးကြိုးတို့ ကသူတို့ ရဲအချုပ်ထဲရောက်သည်နှင့်အသည်းအသန်ကြိုးပမ်းကြသည်။
 နေပြည်တော်ရှိမြန်မာနိုင်ငံအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလု့ရေးဝန်ကြီးဌာန အကြီးအကဲများကဤဖြစ်ရပ်ကိုလုံးဝလက်မခံကြပါ။အားချင်းဆိုသလို OSSရုံးဦးစီးအရာရှိဦးအောင်ကိုသန်းကိုဦးစီးစေပြီး ထိုင်းနိုင်ငံအလုပ်သမားရှာဖွေရေးဦးစီးဌာန(DOE)မှဝန်ထမ်း၂ဦးကိုပါဝန်းရံလျက် မဲဆောက်ရဲအချုပ်ခန်း၊မဲဆောက်ရဲစခန်း၊ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်ခရိုင်ခွဲရုံး၊တာ့ခ်ပြည်နယ်(ခရိုင်)၊လ၀ကရုံးတို့ သို့ လွန်းပျံသွားရောက် ကာသူတို့ ၇ဦးလွတ်မြောက်ရေးကိုကြိုးပမ်းခဲ့ကြပါသည်။ ညနေ(၂း၃၀)နာရီတွင်သူတို့ လုံးဝလွတ်မြောက်ကြပါသည်။ထိုင်းလ၀ကဥပဒေ (BE-2522/1979)အရ၄၅ရက်ထောင်ကျကြမည့်သူတို့ ၇ဦးအတွက်တာဝန်ရှိသူ အားလုံးရော၊ကာယကံရှင်တွေကပါအလွန်ဝမ်းမြောက်ကြပါသည်။ ဤဖြစ်ရပ်တွင်မဲဆောက်ရဲအချုပ်ခန်းကိုသွားစဉ်ဦးအောင်ကိုသန်းက **သူတို၇ဦးမှာအပြစ်မရှိပဲ ဘာကြောင့်ဖမ်းတာလဲ**ဟုရဲအရာရှိတစ်ဦးကိုမေးသောအခါ**လက်မှတ်မရှိလို့ ** ဟုထောင့်မကျိုးးသည့်ပုံစံဖြင့်ပြန်ဖြေတာကိုယခုတိုင်မျက်လုံးထဲစွဲနေပါသည်။ ဦးအောင်ကိုသန်းကပင်လက်ထဲတွင်အသင့်ကိုင်ထားသောတက်ဘလက်ထဲက မှတ်တမ်းပုံကိုထိုရဲအရာရှိအားပြသကာ**လက်မှတ်လုပ်နေဆဲကာလမှာ ဒီလိုလူကြီးချင်းသဘောတူထားတာကိုမင်းတို့ ရဲမင်းကြီးကမပြောပြဘူးလား**ဟု မေးရာ
အူကြောင်ကြောင်ပြန်ကြည့်ပါသည်။တဆက်တည်းမှာပင်ဦးမိုးကြိုးက **အလုပ်သမားတွေကိုလက်မှတ်မရှိလို့ ဖမ်းတာဆိုရင်အဲဒီလိုလက်မှတ်မရှိသူတွေ ကိုချုင်းတဲ့အလုပ်ရှင်ကိုဘာဖြစ်လို့ မဖမ်းတာလဲ။အဲဒီစက်ရုံမှာအလုပ်ကြပ်၃-၄ယောက်ကလွှဲလို့ ဘယ်အလုပ်သမားမှအထောက်အထားမရှိကြဘူး။ အထောက်အထားမရှိတဲ့အလုပ်သမား၁၀၀လောက်ကိုခိုင်းတဲ့အလုပ်ရှင်မှာ အပြစ်ရှိတယ်။သူ့ကိုခင်ဗျားတို့ ဖမ်းပါ**ဟုဆက်ပြောရာဘာမှမပြောပဲမျက်နှာလွှဲကာ ဖုန်းပဲလှမ်းပြောသလိုလိုနှင့်ထွက်ပေါက်ရှာသွားပါသည်။ 

(မဲဆောက်မြို့ ဟိုဇွိုင်ရပ်ကွက်Sliver&Goldအထည်ချုပ်စက်ရုံမှ အလုပ်သမား၇ဦးကိုတာ့ခ်ပြည်နယ်(ခရိုင်)လ၀ကအချုပ်ရုံးမှာ ကယ်တင်ကြသူတွေ နဲ့ အမှတ်တရ)
ဤဖြစ်ရပ်များအတွက်မဲဆောက်ခရိုင်ရဲတပ်ဖွဲ့ မှူးရဲဗိုလ်မှူးကြီးဖစ၀ပ်တင်ကျွိထံ အကျိုးအကြောင်းပြောပြရန်ကြိုးစားခဲ့သော်လည်းအစည်းအဝေးရှိသည်ဟူသော အကြောင်းပြချက်ဖြင့်ရှောင်ထွက်သွားပါသည်။ ဤဖြစ်ရပ်တွင်မဲဆောက်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးရှိ တာ့ခ်ပြည်နယ်(ခရိုင်)၊လ၀ကရုံးဦးစီးမှူးး-ရဲဒုတိယဗိုလ်မှူးကြီးဆွန်ချိုင်းဒစ်ဂ်ျပဲလ် ကိုတော့အလွန်တရာချီးကျူးးချင်လှပ်၏။ရဲဒုတိယဗိုလ်မှူးကြီးဆွန်ချိုင်းသည်မြန်မာနိုင်ငံမှ အလုပ်သမားဒုတိယ၀န်ကြီးဦးထင်အောင်လာစဉ်ကထိုင်းလ၀ကရဲ(တောမော) တို့ ကမဲဆောက်မှဘန်ကောက်အတက်အဆင်းကားများကိုအလှူခံပုံးထား ပြီးတောင်းရမ်းနေကြပုံ့နှင့်
ဆက်ဆံရေးမောက်မာရိုင်းစိုင်းပုံများကိုမဲဆောက်ဒေသ MRPWGကိုယ်စားဦးမိုးကြိုးကတင်ပြခဲ့ပါသည်။ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးထင်အောင်ကလည်း 
** ဒီလူဦးမိုးကြိုးကသူ့ ကိုယ်တွေ့ ရော၊အခြားအလုပ်သမားများကိုယ်စားပါ
ထိုင်းလ၀ကအချို့ အကျင့်ပျက်နေကြောင်းတင်ပြအစီရင်ခံနေပါတယ်**ဟု
အစည်းအဝေးစားပွဲထိပ်တွင်ထိုင်နားထောင်နေသောရဲဒုတိယဗိုလ်မှူးကြီး
ဆွန်ချိုင်းအားရှင်းရှင်းပင်ပြောပြပါသည်။

(ချီးကျူးစရာထိုင်းလ၀ကရဲအရာရှိကြီးရဲဒုတိယဗိုလ်မှူးကြီး ဆွန်ချိုင်း(ဘယ်ဘက်မှတတိယမြောက်အကျီံနက်နှင့်လူ) နှင့်လ၀ကရဲအချုပ်ခန်းတာဝန်ခံ-ဦးမိုးကြိုး-ဦးအောင်ကိုသန်း) (၁-၉-၂၀၁၄)

ရဲဒုတိယဗိုလ်မှူးကြီးဆွန်ချိုင်းသည်နောက်၃ရက်ခန့် တွင်မဲဆောက်မြို့ ရှိIRCနှင့် MRPWGရုံးသို့ ကိုယ်တိုင်လာရောက်ပြီးဦးမိုးကြိုးထံမှနုတ်ထွက်စကားစ်ဆေးချက်ကို သက်သေအဖြစ်ရယူကာထိုင်းလ၀ကရဲ(တောမော)အချီု့ ကိုယ်စားတောင်းပန်ခဲ့ ပါသည်။သိက္ခာရှိသော.သတ္တိ.ရှိသော. ထိုင်းလ၀ကရဲအရာရှိကြီးတစ်ဦးပါတကား။ 

(ဆက်လက်ဖော်ပြပါမည်) 

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ 

+သောင်ရင်းနဂါး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)