ပုပ်္ပားတောင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန်္တ လေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် တည်ရှိနေသည့်  မီးတောင်ဟောင်းကြီး တစ်ခုဖြစ်သည်။ ပုဂံမြို့၏အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ၊ မြောက်လတ်္တီတွဒ် ၂၀ ဒီဂရီ ၅၂ မိနစ်၊ အရှေ့  လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၄ မိနစ်တွင် တည်ရှိသည်။ ပုပ်္ပားတောင်ကို ရာသီ ဥတုသာယာချိန်တွင် ၃၇ မိုင်ကွာဝေးသော ဧရာဝတီမြစ်မှပင် မြင်တွေ့ နိုင်သည်။ ပုပ်္ပားဟူသောအမည်သည် ပါဠိဘာသာ ပုပ်္ဖ(ပန်း)မှ ဆင်း သက်လာသည်ဟု ယူဆကြသည်။ ပုပ်္ပားတောင်တွင် တောင်မ ကြီးနှင့်  အနောက်ဘက်သို့  ဆင်ခြေလျှော နိမ့်ဆင်းသွားသော တောင်ကလပ်ဟူ၍ နှစ်ပိုင်းရှိသည်။ ပုပ်္ပားတောင်ကလပ်ကို ပုပ်္ပား တောင်မကြီး ပေါက်ကွဲရာမှ ပဲ့ ထွက်သွားသည့် အစိတ်အပိုင်း တစ်ခုဟု ယူဆကြသကဲ့ သို့  မီးတောင်လည်တိုင်ဟု ယူဆချက် များလည်းရှိသည်။ ပုပ်္ပားတောင်မကြီးသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ၄၉၈၁ ပေခန့် မြင့် ပြီး မြန်မာတို့ က ဆယ့်ကိုးယုတ် ငါးထောင်ဟု မှတ်သားကြသည်။ ပုပ်္ပားတောင်ကလပ်သည် ၂၄၁၇ ပေသာ မြင့်မားသော်လည်း မတ်စောက်ပြီး ကလပ်ပုံစံ ဖြစ်နေသည့် အတွက် တောင်ကလပ်ဟု အမည်တွင်နေခြင်းဖြစ် ပေသည်။ ပုပ်္ပားတောင်ကလပ်တွင် စေတီများ၊ ဘာသာရေးအဆောက် အအုံများအပြင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နတ်ရုပ်၊ နတ်နန်း များတည်ရှိနေပြီး ဘုရားဖူးများနှင့်  အပန်းဖြေလေ့လာရေးလာကြ သူများသည် ကားဖြင့် တောင်ကလပ်ခြေရင်းအထိ လာကြပြီး မတ်မတ်စောက်စောက်ဖြစ်နေသော တောင်ကလပ်ပေါ်သို့  တပျော်တပါးတက်လေ့ရှိကြပေသည်။
ပုပ်္ပားတောင်ကလပ် သည် မြန်မာတို့ အယူအရ နတ်တို့ ပျော်စံရာနေရာတစ်ခုဖြစ်
သည့် အတွက် နတ်ကနားပွဲများကို ကြီးကျယ်ခမ်းနားစွာနှစ်စဉ် ကျင်းပလေ့ရှိပေသည်။ တောင်ကလပ်ခြေရင်းမှ တောင်ထိပ် အထိ အမိုး မိုးထားသော စောင်းတန်းလှေကားအတိုင်း တက် ရောက်နိုင်သည်။ တောင်ကလပ်သို့  တက်နိုင်ကြရန် ရသေ့ကြီး ဦးခန်္တီက အထစ်ပေါင်း ၇၇၇ ထစ်ရှိသည့်  စောင်းတန်းလှေကား ကို ပြုလုပ်ပေးထားခဲ့ ပါသည်။ယခုအခါတွင် တောင်ပေါ်တက် သည့် လှေကားထစ်များအားလုံးကိုကြွေပြားများ ခင်းထားပေး ပြီးဖြစ်ပါသည်။ တောင်ကလပ်သို့  တက်ရာ လမ်းတစ်လျှောက်
တွင် မျောက်များကို အများအပြားတွေ့ ရှိနိုင်သည်။ တောင် ထိပ်ပေါ်တွင် လေတဖြူးဖြူးတိုက်ခတ်နေပြီး တောင်ပေါ်မှ
အလွန်လှပသည့်  ရှုမျှော်ခင်းကို မြင်ကြရပေသည်။ ပုဂံမြို့ကို
လည်း ခပ်ပျပျမြင်နိုင်ပါသေးသည်။
တောင်ထိပ်ရှိ အဆောင်တစ်ခုအတွင်း သက်ရှိလူအရွယ်
သုံးဆယ့် ခုနစ်မင်းနတ်ရုပ်များကို အပူဇော်ခံထားသည်။
ယုံကြည်ကြသူတို့ က နတ်ရုပ်များကို အားကိုးဆုပန်နေကြ
သည်ကိုလည်း အမြဲလိုလိုမြင်နိုင်ကြပေသည်။
ဘူမိဗေဒပညာရှင်များက ပုပ်္ပားတောင်သည် လွန်ခဲ့ သော
အနှစ် ၁၅ သန်းလောက်က ပေါ်ထွန်းလာသည်ဟု ဆိုကြပါ
သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေအမြင့်တွင် တည်ရှိနေသည့် ပုပ်္ပားတောင်၏ ကန်တော့ပုံသဏ္ဌာန်မီးတောင် အ၀သည် မြောက်ဘက်တွင် အနောက်သို့  အနည်းငယ်နိမ့်နေ သောကြောင့်  အရှေ့ ဘက်၊ အနောက်ဘက်နှင့် တောင်ဘက် တို့ တွင်မြင့်နေသည်ဟုထင်ရပေသည်။ ထို့ ကြောင့်  ပုပ်္ပားတောင်
ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခုမြင်ရ၍
မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်တစ်ခုသာ မြင်နေရခြင်း ဖြစ်ပေသည်။ပုပ်္ပားတောင်ကို စပါးပုံတောင်၊ ရေတွင်းတောင်၊ မောင်းတောင်၊ ငုတ်တိုတောင်၊ လပို့ တောင်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည့်  တောင်စွယ်များဖြင့်  ပတ်ရံထားသည်။ ပုပ်္ပားတောင်မကြီး သည် မီးတောင်ပေါက်ကွဲပြီးသည့်  နောက်တွင် မီးတောင်သေ တစ်ခုဖြစ်သွားခဲ့ သည်။ မီးတောင်သေထိပ်ဝသည် တစ်မိုင်ခန့်  ကျယ်၍ ပေ ၂၆၅၀ ခန့်  နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး တစ်ခုအဖြစ်ကျန်ရှိနေသည်။ ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟုလည်း ခေါ်ကြသည်။ မီးတောင်ပေါက်ကွဲခဲ့ စဉ်က လွင့် စဉ်ခဲ့ သည့်  ချော်ရည်များသည် ပုပ်္ပားတောင်မကြီး၏ မြောက် ဘက် ၁၀ စတုရန်းမိုင်အထိ ဖုံးလွှမ်းခဲ့ ပြီး ချော်တုံးအပိုင်းအစ များကို ယနေ့တိုင်မြင်နိုင်ကြပေသည်။ ပညာရှင်များက ပုပ်္ပား တောင်သည် လွန်ခဲ့ သော နှစ်နှစ်သိန်း ငါးသောင်းခန့် က မီးတောင်ရှင်တစ်ခုဖြစ်ခဲ့ သည်ဟု ယူဆကြပါသည်။ ပုပ်္ပားတောင်ဒေသသည် မြန်မာနိုင်ငံ၏ ကျောက်ခေတ်ဦး အညာသားယဉ်ကျေးမှု (ဗညပအေ့ငညေ ဃကူအကမန) ထွန်းကား ခဲ့ ရာ ချောက်၊ ရေနံချောင်း၊ ညောင်ဦး စသောဒေသများနှင့်  တစ်ဆက်တစ်စပ်တည်းရှိနေသောကြောင့်  ထိုအချိန်ကာလ ကတည်းကပင် ကျောက်ခေတ်လူသားများနေထိုင်ရာအရပ် တစ်ခုဖြစ်ကြောင်း ယူဆနိုင်ပေသည်။ ထို့အပြင် လွန်ခဲ့သော နှစ်တစ်သန်းလောက်က ဧရာဝတီဖြစ်၏ အရှေ့ ဘက်ကမ်းသည် ပုပ်္ပားတောင်နေရာဖြစ်နိုင်ကြောင်း သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက ခန့် မှန်းခဲ့ ပါသည်။ အမေရိကန်ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ မိုးဗီးယပ်စ် (သြလငကျ) သည် ဆီလီကာကြွယ်သော မီးတောင် ကျောက်ဖြင့် ပြုလုပ်ထားသည့်  ကျောက်လက်နက်များကိုလည်း ပုပ်္ပားတောင်ခြေ၊ ဆယ်ပေါက်ရွာမှရရှိခဲ့ ဖူးသည့် အတွက် ပုပ်္ပား ဒေသတွင် ကျောက်ခေတ်သစ် လူနေထိုင်မှုများရှိခဲ့ ကြောင်း ရေးသားခဲ့ ပါသည်။ ပုပ်္ပားတောင်ဒေသသည် မီးတောင်ကျောက် များ ပေါများသည့် ဒေသဖြစ်သောကြောင့်  ရှေးဦးလူသားတို့ သည် ထိုကျောက်များဖြင့်  လက်နက်များ ပြုလုပ်ခဲ့ ကြခြင်း ဖြစ်ပေ သည်။မြန်မာသမိုင်းစာအုပ်များတွင် ပုပ်္ပားတောင်ကို ပုဂံခေတ် နှင့် ဆက်နွှယ်လျက်ရေးသားကြပါသည်။
ထို့ ကြောင့်  ပုပ်္ပားဒေသ ကို အလွန်ရှေးကျသော ကာလများကတည်းက လူများ စဉ်ဆက် မပြတ် ရှိနေခဲ့ သည့် နေရာတစ်ခုအဖြစ် ဖော်ညွှန်းနိုင်ပေသည်။ ကျောက်ခေတ်ဦး သို့ မဟုတ် ကျောက်ခေတ်နှောင်းကာလ ယဉ်ကျေးမှု စတင်ထွန်းကား စပြုချိန်တွင်လူတို့ သည် နေကို လည်းကောင်း၊ မီးကိုလည်းကောင်း၊ တောတောင်ကိုလည်း ကောင်းကိုးကွယ်ခဲ့ ကြရာ ပုပ်္ပားတောင်ကိုလည်းအားထား ကိုးကွယ်ရာတစ်ခုအဖြစ်သတ်မှတ်ထားခဲ့ နိုင်သည်ဟု ယူဆမိပါ သည်။ ထို့ ကြောင့်  မြေလတ်ပိုင်းလွင်ပြင်ကျယ်တွင် ထီးထီးမားမား တည်ရှိနေသော ပုပ်္ပားတောင်ကို မဟာဂီရိ(တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့်  အမည်မှည့် ခေါ်ရာမှ မင်းမဟာဂီရိ ဇာတ်လမ်း ပေါ်ထွန်းခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ မှန်နန်းရာဇ၀င်၊ အင်္ဂလိပ်ဘာသာပြန် ၁၉၂၃ တွင် ဧရာဝတီမြစ်၏ အလယ်ပိုင်းဝန်းကျင်တွင် ကျယ်လောင်သော အသံကြီးမြည်လျက် မြေငလျင်လှုပ်ခဲ့ ကြောင်း၊ ဖိုးဥမောင် အရပ်တွင် ရေအိုင်ကြီးတစ်ခုပေါ်ထွန်းလာခဲ့ ကြောင်း၊ စမုံ၊ စမြိတ်မြစ်နှစ်စင်း စီးဆင်းလာကြောင်း၊ ပုပ်္ပားတောင်သည် မြေမှထွက်လာကြောင်းနှင့် သရေခေတ်္တရာ ၀န်းကျင်မှပင်လယ် ခမ်းခြောက်သွားကြောင်း ရေးသားဖော်ပြထားရာ လွန်ခဲ့ သော နှစ်ပေါင်း တစ်သန်းလောက်ကဖြစ်မည်ဟု ခန့် မှန်းကြပေသည်။ မြို့ပြနိုင်ငံများ စတင်ထွန်းကားလာချိန်ဝယ် ပျူရှေးဟောင်းမြို့ပြ များဖြစ်သည့်  သရေခေတ်္တရာ၊ ဗိဿနိုးနှင့်  ဟန်လင်းတို့ သည် ပုပ်္ပားတောင်နှင့်  အလှမ်းဝေးကွာသည့်နေရာဒေသများတွင် ရှိခဲ့ သောကြောင့်  ပျူသမိုင်းမှတ်တမ်းများတွင်ပုပ်္ပားတောင် သည် တိမ်မြုပ်လျက်ရှိနေခဲ့ ပေသည်။
သို့ သော် ပျူမြို့ပြများ ပျက်သုဉ်းပြီး ပုဂံပေါ်ထွန်းလာချိန်တွင်မူ ပုပ်္ပားသည် အလွန် အရေးပါသောနေရာတစ်ခုဖြစ်လာခဲ့ သည်။ မြန်မာရာဇ၀င်ကျမ်း များ အဆိုအရ ပုဂံခေတ်တွင် ပျူမင်းထီးလက်ထက်မှစ၍ ပုဂံ မင်းများသည် နှစ်စဉ် ပုပ်္ပားတောင်တက်ပွဲကျင်းပခဲ့ ပြီး ပုပ်္ပားကို နတ်တောင်ဟု ခေါ်ဝေါ်ခဲ့ ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် တောင်တက်ပွဲများ ကျင်းပခဲ့ သည် မြင့်မြတ်သော တောင်တစ်ခုဟု အိ ဟု ယူဆကြပါသည်။ မည်သည့် ကိုးကွယ်ခြင်းကား မရှိသေးပါချေ။ ပုဂံခေတ်တွင် ပုပ်္ပားသည် ပြည် မင်းမဟာဂီရိတို့  နတ်မောင်နှမစံေ ခဲ့ သည်။အေဒီ ၉၀၄ တွင်မှ ပုဂံဘု သည် တကောင်းမှ မျောလာခဲ့ေ မောင်နှမတို့ နေသည့် စကားပင် ပုပ်္ပားတွင် ထားကာပြည်သူများအား ပုပ်္ပားသည် မင်းမဟာဂီရိတို့  နတ် တော်ဖြစ်လာခဲ့ လေတော့သည်။ မ သောတောင်တော်ဟု အဓိပ်္ပာယ်ရ ဖြစ်လာသော ပုပ်္ပားဒေသတွင် ပေါ သည်လည်း တော်ဝင်ပန်း (၀ါ) န မင်းမဟာဂီရိသည် မြန်မာရိုးရ အစောဆုံးသော နတ်တစ်ပါးဖြစ်ကုန်းဘောင်ခေတ် မြန်မာနန်းတွ မန်္တ လေး ရတနာပုံခေတ်တိုင်အေ ကိုးကွယ်ခဲ့ကြပုံရှိပြီး မင်းမှအစ ပြ တစ်ကြိမ် ထိုနတ်မောင်နှမကို ဖူ လည်း ပုဂံခေတ်မှစ၍ မြန်မ ထုံးတမ်းတစ်ခုသဖွယ်ဖြစ်နေပြီဟုဆို ဘုရင်လက်ထက်တွင် ထေရ၀ါဒဗု
ပုပ်္ပားတောင်ကိုလည်းအားထာ်းမှတ်ထားခဲ့ နိုင်သည်ဟု ယူဆမိပါ င်းလွင်ပြင်ကျယ်တွင် ထီးထီးမားမာားင်ကို မဟာဂီရိ(တောင်ကြီး) အမည်မှည့် ခေါ်ရာမှ မင်းမဟာဂီရိးလည်း ဖြစ်နိုင်ပေသည်။ င်္ဂလိပ်ဘာသာပြန် ၁၉၂၃ တွင်းဝန်းကျင်တွင် ကျယ်လောင်သော လျင်လှုပ်ခဲ့ ကြောင်း၊ ဖိုးဥမောင် နှစ်ခုပေါ်ထွန်းလာခဲ့ ကြောင်း၊ စမုံ၊ လာကြောင်း၊ ပုပ်္ပားတောင်သည် သ ရေခေတ်္တရာ ၀န်းကျင်မှပင်လယ် ရေးသားဖော်ပြထားရာ လွန်ခဲ့ သော ကဖြစ်မည်ဟု ခန့် မှန်းကြပေသည်။ားလာချိန်ဝယ် ပျူရှေးဟောင်းမြို့ပြာ၊ ဗိသနိုးးနှင့်  ဟန်လင်းတို့ သည် ဝေးကွာသည့်နေရာဒေသများတွင် သမိုင်းမှတ်တမ်းများတွင်ပုပ်္ပားတောင် ခ့ပေသည်။
သို့ သော် ပျူမြို့ပြမျာားချိန်တွင်မူ ပုပ်္ပားသည် အလွန် စ်လာခဲ့ သည်။ မြန်မာရာဇ၀င်ကျမ်း င် ပျူမင်းထီးလက်ထက်မှစ၍ ပုဂံ တာင်တက်ပွဲကျင်းပခဲ့ ပြီး ပုပ်္ပားကို သည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် တောင်တက်ပွဲများ ကျင်းပခဲ့ သည်ကိုမူ မသိရှိကြသော်လည်း မြင့်မြတ်သော တောင်တစ်ခုဟု အသိအမှတ်ပြုထားသောကြောင့် ဟု ယူဆကြပါသည်။ မည်သည့် နတ်ဟူ၍ အမည်နာမဖြင့် ကိုးကွယ်ခြင်းကား မရှိသေးပါချေ။
ပုဂံခေတ်တွင် ပုပ်္ပားသည် ပြည်သူတစ်ရပ်လုံးကိုးကွယ်သော မင်းမဟာဂီရိတို့  နတ်မောင်နှမစံပျော်ရာ တောင်တော်ဖြစ်လာ ခဲ့ သည်။အေဒီ ၉၀၄ တွင်မှ ပုဂံဘုရင် သေဉ်လည်ကြောင်မင်း သည် တကောင်းမှ မျောလာခဲ့ သော မောင်တင့်တယ်နတ် မောင်နှမတို့ နေသည့် စကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ်္ပားတွင် ထားကာပြည်သူများအား ကိုးကွယ်စေခဲ့ သောကြောင့်  ပုပ်္ပားသည် မင်းမဟာဂီရိတို့  နတ်မောင်နှမစံပျော်ရာ တောင် တော်ဖြစ်လာခဲ့ လေတော့သည်။ မဟာဂီရိဟူသည်မှာ ကြီးမြတ် သောတောင်တော်ဟု အဓိပ်္ပာယ်ရသည်။ သို့ ဖြင့်  နတ်တောင် ဖြစ်လာသော ပုပ်္ပားဒေသတွင် ပေါများလှသည့်  (စံကား) ပန်း သည်လည်း တော်ဝင်ပန်း (၀ါ) နတ်ပန်းဖြစ်လာခဲ့ ရသည်။ မင်းမဟာဂီရိသည် မြန်မာရိုးရာ နတ်ယုံကြည်မှုသမိုင်းတွင် အစောဆုံးသော နတ်တစ်ပါးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ကုန်းဘောင်ခေတ် မြန်မာနန်းတွင်း၌ မင်းမဟာဂီရိနတ်ကို မန်္တ လေး ရတနာပုံခေတ်တိုင်အောင် စဉ်ဆက်မပြတ်ထားရှိ ကိုးကွယ်ခဲ့ကြပုံရှိပြီး မင်းမှအစ ပြည်သူတစ်ရပ်လုံး တစ်နှစ် တစ်ကြိမ် ထိုနတ်မောင်နှမကို ဖူးမြော်ကြသည်ဟုဆိုသဖြင့်  လည်း ပုဂံခေတ်မှစ၍ မြန်မာတို့ ၏နတ်ကိုးကွယ်မှုသည် ထုံးတမ်းတစ်ခုသဖွယ်ဖြစ်နေပြီဟုဆိုနိုင်ပေသည်။ အနော်ရထာ ဘုရင်လက်ထက်တွင် ထေရ၀ါဒဗုဒ်္ဓသာသနာတော်ကျယ်ပြန့်  လာသည့် တိုင် နတ်ကိုးကွယ်မှုမှာ ချုပ်ငြိမ်းကွယ်ပျောက်သွား ခြင်းမရှိခဲ့ သည့် အပြင် ယနေ့တိုင်မြန်မာအိမ်တိုင်းလောက်နီး ပါး၌ အိမ်တွင်းမင်းမဟာဂီရိ နတ်ကိုထားရှိ ကိုးကွယ်နေကြဆဲ ဖြစ်ပါသည်။
(တောင်တော်ရွှေပုပ်္ပား နဲ့ မန်းကီးလေးတွေကဖက်စပ်ဗျ)
ပုပ်္ပားသည် နတ်တောင်ဖြစ်လာသကဲ့ သို့  ပုဂံမင်းဆက်တွင် ပုပ်္ပားစောရဟန်းမင်းဟူ၍လည်း မင်းတစ်ပါးရှိခဲ့ ဖူးရာ ထိုမင်း သည် ပုပ်္ပားနယ်သားဖြစ်ပြီး ထိုနယ်၏ကျောထောက်နောက်ခံဖြင့်  မင်းဖြစ်လာခဲ့ ဟန်တူပေသည်။ ပုဂံခေတ်တွင် ပုပ်္ပားကို ပုဂံ၏နိုင်ငံရေး ကျောထောက် နောက်ခံနယ်တစ်ခုအဖြစ် ယူဆထားခဲ့ ကြဟန်လည်းရှိခဲ့ သည်။ အနော်ရထာသည် ဘုရင်မဖြစ်မီ နောင်တော်စုက်္ကတေးနှင့်  အာဏာယှဉ်ပြိုင်ကြရမည်ရှိသောအခါ ပုပ်္ပားသို့ ထွက်ခဲ့ ၍ လူသူ အလုံးအရင်း စုဆောင်းခဲ့ သည်။ ပုပ်္ပားကို အားယူကာ ဘုရင်ဖြစ် ခဲ့ သည်ဟုလည်း ဆိုနိုင်သည်။ ထို့ အပြင် ပုပ်္ပားသည် သူရဲ ကောင်းများပေါ်ထွန်းရာအရပ်ဟုလည်း ဆိုနိုင်ပါသေးသည်။ ပုဂံသူရဲကောင်းလေးဦးအနက် ငလုံးလက်ဖယ်သည် ပုပ်္ပားနယ် သားတစ်ယောက်ဖြစ်သည်။ ပုပ်္ပားသည် သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ ဘူမိဗေဒပညာ အရ၊ ရှေးဟောင်းသုတေသနပညာအရ၊ မြန်မာပြည်သူတို့ ၏ နတ်ကိုးကွယ်မှုဆိုင်ရာ ယုံကြည်မှုများအရ မြန်မာနိုင်ငံ၏ အရေးပါသော နေရာတစ်ခုအဖြစ်ရပ်တည်လျက်ရှိနေသည် ဖြစ်ရာ ပြည်တွင်းပြည်ပမှရည်ရွယ်ချက်မျိုးစုံဖြင့်  လာရောက် လည်ပတ်ကြသူများဖြင့်  အမြဲစည်ကားနေသည်သာ ဖြစ်ပါ တော့သည်။
+မောင်သာ(ရှေးဟောင်းသုတေသန)+

No comments:
Post a Comment