ချန် ပီ ယံ လိ ဂ် အုပ် စုပွဲ စဉ် (၄)ကို နိုဝင် ဘာ ၆ ရက် မှာ ဆက် လက် ယှ ဉ် ပြိုင် ကစားတဲ့  အခါ ထိ ပ် တန်းအသင်းတွေ ဖြစ် တဲ့  ဘိုင် ယန် မြူးနစ်၊ မန် စီးတီး၊ ဘာစီလိုနာ၊ ချယ် လ် ဆီးတို့  ရဲ့  စွ မ်းဆောင် မှု ကို မြင် တွေ့ အားပေးကြရဦး မှာဖြစ် ပါတယ်။ နောက် တစ် ဆင့်  တက် ရေးအတွ က် အရေးကြီးတဲ့  ပွဲ စဉ် တွေ ဖြစ် နေတာမို့ ရင် တထိ တ် ထိ တ် နဲ့  စောင့်  ကြည့်  ခံစားရဦးမယ့်  ပွဲ စဉ် တွေလည်း ဖြစ် နေပါတယ်။
**ဘိုင် ယန် မြူးနစ် နှ င့်  ရိုးမား **
(ဘာစီအိမ်ကွင်းမှာရိုးမားတို့ ထပ်မံဂိုးပြတ်ရှုံးဦးမှာလား)
ပထမအကျော့မှာ ဘိုင်ယန်မြူး နစ်တို့  ရိုးမားကို ခုနစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရထားခဲ့ တာမို့  အခုအိမ်ကွင်းဖြစ် တာကြောင့်  ဘိုင်ယန်မြူးနစ်တို့  စိတ် တိုင်းကျပုံဖော်ကစားပါလိမ့် မယ်။ ဘိုင် ယန်မြူးနစ်ဟာ အခုပွဲနိုင်ရင် နောက် တစ်ဆင့် တက်ရောက်ဖို့  သေချာမှာမို့ အခုပွဲကို ပြတ်သားတဲ့  ရလဒ်ထွက်ပေါ် အောင် အားထုတ်ပါလိမ့် မယ်။ ရိုးမား တို့ ကလည်း သရေတစ်မှတ်ရမှ အိပ် မက်ရှင်သန်ဖို့အခွင့်အရေးရှိတာမို့ ခြေကုန်ထုတ်ပါလိမ့် မယ်။ ဒါပေမယ့်  ဘိုင်ယန်မြူးနစ်က အမှတ်ခွဲပေးမှာ မဟုတ်ပါဘူး။
**မန် စီးတီးနှင့်  စီအက် စ် ကေအေမော် စကို
ု ပထမအကျော့မှာ နှစ်ဂိုးစီသရေ ပွဲဖြစ်ခဲ့တာမို့  အခုပွဲမှာ နောက်တစ် ဆင့်  တက်ရေးမျှော်လင့် နိုင်ဖို့  မန်စီး တီးတို့ အားသွန်ကစားပါလိမ့်မယ်။ စီအက်စ်ကေအေဟာ နောက်တစ်ဆင့်  တက်ရေး မလွယ်ကူတော့တာမို့  မန်စီး တီးရဲ့  ကြိုးစားမှုတွေဟာ အရာထင် လာမယ်လို့  ယုံကြည်နေပါတယ်။
**အိုင်းယက် နှင့်  ဘာစီလို နာ**
(အေဂျက်အမ်စတာဒမ် နဲ့  ဘာစီ)
အုပ်စု( င်္F )မှာ ဘာစီလိုနာတို့  သုံးပွဲ ကစား၊ နှစ်ပွဲနိုင်နဲ့  ခြောက်မှတ်ရပြီး အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါ တယ်။ အိုင်းယက်တို့ က ဒီပွဲမှာ ဘယ်လို ရလဒ်ရရ အခြေအနေမကောင်းနိုင် တော့ပါဘူး။ ဘာစီလိုနာဟာ ပထမ အကျော့မှာ သုံးဂိုး- တစ်ဂိုးနဲ့  နိုင်ပွဲရ ထားတာမို့  အခုပွဲမှာလည်း ဘာစီလိုနာ နောက်တစ်ဆင့် တက်ရေးသေချာစေ မယ့် ရလဒ်ကို ဖော်ထုတ်ပါလိမ့် မယ်။
** မာရီဘောနှင့်  ချယ် လ် ဆီး **
ပထမအကျော့မှာ ခြောက်ဂိုး ပြတ်သွင်းပြီး အနိုင်ယူထားတဲ့ ချယ်လ်ဆီးဟာ ဆလိုဗေးနီးယား ကလပ် မာရီဘောကို အခုပွဲမှာလည်း အပေါ်စီးက ကစားပါလိမ့် မယ်။ နောက်တစ်ဆင့်တက်ရေးအတွက် ဒီပွဲမှာ ချယ်လ်ဆီးတို့  အောင်ပွဲခံနိုင် ရေးကြိုးစားမှာပါ။
**ပီအက် စ် ဂျီ နှင့် အေပိုး **
ဆိုက်ပရပ်စ်ကလပ်စ်အေပိုးတို့ အုပ်စု( င်္F )မှာ ထွက်ရဖို့  သေချာနေပြီ ဖြစ်ပေမယ့်  အပြင်းအထန်ရုန်းကန်ပါ လိမ့် မယ်။ ပထမအကျော့မှာ ပီအက်စ် ဂျီက တစ်ဂိုး-ဂိုးမရှိနဲ့  နိုင်ထားခဲ့ သလို အခု ပွဲမှာလည်း ပီအက်စ်ဂျီတိုက်စစ်မှူးတွေ ဂိုးတွေသွင်းပြီးအောင်ပွဲခံပါလိမ့် မယ်။
**ဘီလ် ဘာအို နှင့် ပေါ်တို **
အုပ်စု(Hံ )မှာ ရှုံးပွဲမရှိသေးတဲ့  ပေါ်တိုဟာ ပထမအကျော့မှာ ဘီလ်ဘာ အိုကို နှစ်ဂိုး-တစ်ဂိုးနဲ့  အနိုင်ယူထား ပါတယ်။ နောက်တစ်ဆင့်  တက်ရေး မလွယ်ကူတဲ့  ဘီလ်ဘာအိုကို ပေါ်တို တို့  ကျော်ဖြတ်ပြီးနိုင်ပွဲရယူပါလိမ့် မယ်။
+မိုးမြင့်လင်းလက်+
(ချန်ပီယံလိဂ်ရဲ့ ဘီလူးကြီး၂ကောင်
ဘိုင်ယန်မြူးနစ် နဲ့ ဘာစီလိုနာ)

No comments:
Post a Comment